ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Friday, December 31, 2021
Monday, December 27, 2021
Saturday, December 11, 2021
အာဇာနည်တောင်တန်း (C-314)
အရှေ့တရိုးကနေ စီးမိုးပြီး ရွာကိုကာကွယ်ပေးတဲ့
ဟိုတောင်ပေါ်ရိုးစီမှာ မြူခိုးတွေဝေနေတယ်
ရွာ့အတွက်ကာကွယ်ဖို့ ကိုယ်လွတ်ဖို့မစဥ်းစား
ရှေးဆုံးကကာကွယ်ဖို့ တောင်တန်းပေါ်အပြေးအလွှား
အသက်များအပိုပါလေရော့သလား ညီကို
သူတို့ကာကွယ်ပေးခဲ့တဲ့ အသားထဲကလောက်
သောက်ဒလံကောင်တွေကြောင့် ကျဆုံးရသတဲ့လား
နောင်တချိန်
အရုဏ်ကျင်းလင်းလို့ ထရံကြားကတိုးလာတဲ့
နေပေါက်လေးတွေဟာ အာဇာနည်တို့ ဝိဉာဥ်ကို စီးဖြတ်လို့
အနွေးဓါတ်ရတဲ့အကြောင်း တသသသတိရနေမှာပါ
အခုတော့
အရှေ့တဝှမ်းက တောင်တန်းကြီးထက်မှာ
အာဇာနည်ညီကိုတို့သတ္တိကြောင့်
မြူခိုးလျံတက် ညှို့မှိုင်းလျှက်
သန်းထွန်းလေး ● အင်းတဲရွာ
Monday, December 6, 2021
ဆင်းတု စေတီ ပုထိုး ထူပါ ဆိုတာ ဘာတွေကွာခြားသလဲ
ပညာရေးဝန်းကြီးဌာနက ထုတ်ထားတဲ့ မြန်မာအဘိဓါန်မှာတော့
ဆင်းတု=မြတ်စွာဘုရား၏ ရုပ်ပွားတော်
စေတီ=ရိုသေပူဇော်အပ်သည့်အရာ
(ဓါတ်တော်မွေတော် စသည်တို့ကို ဌာပနာထားသော အဆောက်အအုံ)
ပုထိုး=အုပ်ကျောက်တို့ဖြင့်တည်ဆောက်ထားသော ဘုရားစေတီ
ထူပါ=စေတီ ပုထိုး
လို့ပြန်ဆိုထားပါတယ်
ဆင်းတုဆိုတာ သက်တော်ထင်ရှားမြတ်စွာဘုရားရဲ့အဆင်းအတိုင်း တုပထုလုပ်တာမို့ (ကိုးရိုးကားရားဆင်ဆုတော်တွေကလွဲရင်) ဝိဝါဒကွဲစရာ မရှိပါဘူး
ဒါပေမယ့် စေတီ နဲ့ ထူပါ မှာတော့
ပညာရေးဝန်ကြီးဌာနရဲ့အဆိုက ပြည့်စုံမှန်ကန်ရဲ့လားဆိုတာ သံသယဖြစ်မိပါတယ်
စေတီဆိုတာက စေတိယ ပါဠိကလာတာမို့
ရည်ညွှန်းကိုးကွယ်ရာလို့ မှတ်သားဖူးတယ်ဗျ
ဗုဒ္ဓသာသာရဲ့ ကိုယ်ပိုင်စကားလုံးမဟုတ်ဖူးလို့ ဆိုနိုင်မယ်ထင်တယ်
ဘာကြောင့်လဲဆိုတော့
မြတ်စွာဘုရားလက်ထက်က ရွာတရွာမှာ ညောင်ပင်ကြီးကို စေတိယလို့ သမုတ်ပြီးကိုးကွယ်ကြတာရှိတယ်လို့ မှတ်သားဖူးတယ်
ဘုရားကိုရည်စူးလို့ တည်ထားရင်စေတီလို့ပဲဆိုနိုင်သလို
(သဲပုံပဲဖြစ်ပါစေ ဘုရားကိုရည်ညွှန်းတာကြောင့် သဲပုံစေတီ)
နတ်ကိုရည်ညွှန်းကိုးကွယ်ကွယ်ရာဖြစ်တဲ့ နတ်ကွန်းဟာလည်း ဘာသာစကားအားဖြင့်တော့ စေတီယ (စေတီ)ပဲလို့ ဆိုပါတယ်
ပုထိုးရယ်လို့တော့ ပါဠိမှာ သီးသန့်မတွေ့ဖူးပေမယ့်
ထူပ (ထူပါ) ရယ်လို့တော့ တွေ့ဖူးပါတယ်
ထူပကိုပဲ ပုထိုးလို့ အခေါ်အဝေါ်ပြောင်းသွားတယ် ထင်ပါတယ်
ထူပါဆိုတာက ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာ စကြာဝတေးမင်း စသည်တို့ရဲ့
ဓါတ်တော် (အရိုး) မွေတော် (အသုံးအဆောင်ပစ္စည်း)
စတာတွေကို ဌာပနာလို့ တည်ထားတဲ့ အရာကိုခေါ်ဝေါ်ကြောင်းတော့ မှတ်သားဖူးတယ်ဗျ
( ဘုရားကလည်း ထိုသူတွေရဲ့ အရိုးကို ဌာပနာလို့ ထူပါတည်နိုင်ကြောင်း ဟောကြားဖူးတယ်လို့ မှတ်သားဖူးတယ်)
ဒါကြောင့်
စေတီတည်ဖို့က လွယ်ပေမယ့်
ထူပ (ထူပါ) တည်ဖို့ကျတော့ ဘုရားရဲ့ဓါတ်တော် (သို့) ဆက်စပ်တဲ့အသုံးအဆောင်ပစ္စည်းက ရဖို့မလွယ်ကူဘူးမဟုတ်လား..
သန်းထွန်းလေး ● အင်းတဲရွာ
Friday, November 26, 2021
ဆရာတက္ကသိုလ်ဘုန်းနိုင်
ဆရာတက္ကသိုလ်ဘုန်းနိုင်
မြန်မာ့ဂီတတိုးတက်ရေးနှင့်အခြေခံသဘောတရား
(၁၉၆၃ မန္တလေးဂီတကောင်စီ နှီးနှောဖလှယ်ပွဲ)
Thursday, November 18, 2021
မ..မ
ဒီနေ့ကတော့ သူ့ယောက်ျားအာဏာရူးပြီး နိုင်ငံကိုဖျက်စီးခဲ့တာ ၂၉၁ရက် ရှိပါပြီ
သူမကို ကွယ်ရာမှာခေါ်ကြတာက "" ခေါစိန် ""
စဥ်းစားကြည့်လေ နိုင်ငံတခုလုံးကိုတောင် ခုတ်လို့ထစ်လို့ လုပ်ချင်ရာလုပ်နေသူတယောက်ရဲ့ဇနီးကို ဘယ်သူကများ ရှေ့တည့်တည့်မှာ ဒီလိုခေါ်ရဲပါ့မလဲ
ဒီတော့ သူမရှေ့ရောက်ရင် အားလုံးခေါ်ကြတာက
"" မ..မ ""
မမလို့ တခါတည်းဆက်မခေါ်ဘဲ ကြားထဲမှာအသံပြတ်နေတာကို သတိထားမိတော့ မေးကြည့်မိတာပေါ့
ဒီတော့မှ သိလာရတာက
ကြားထဲက ဖြောက်ထားတဲ့အသံက "" သာ "" တဲ့
ခေါ်လိုရင်းက "" မ သာ မ ""
Saturday, November 13, 2021
Friday, November 5, 2021
Running Man PD
အဆောက်အဦးတခုမှာ ဖောင်ဒေးရှင်းကောင်းမှ ကြံ့ခိုင်ပြီး ရေရှည်တည်တံ့နိုင်မှာဖြစ်သလို လုပ်ငန်းတခုမှာလည်း ထိုနည်း၄င်းပေါ့
မြင့်မားတဲ့တိုက်တာကြီးတွေတွေ့တိုင်း မြေထဲတိုးဝင်ရတဲ့ ပမာဏနဲ့ အခြေခိုင်ဖို့ကြံဆရတဲ့ ဆောက်လုပ်သူအဖို့ ဘယ်လောက်တောင် ဦးနှောက်စေစားရမလဲဆိုတာ တွေးကြည့်ဖူးလား
လောကမှာ လက်တွေ့လုပ်လို့မရတဲ့ စိတ်ကူးတွေရှိသလို
စိတ်တောင်မကူးထားဖူးတဲ့အရာတွေက လက်တွေ့ဖြစ်လာတတ်တာရှိတယ်
RM ရဲ့ PD တွေကတော့ ထူးခြားတယ်
စိတ်ကူးတွေကိုပဲ လက်တွေ့အကောင်အထည်ဖော်တာပါ
ဒီနေရာမှာလည်း ဖြစ်နိုင်ခြေတွေကို တွေးဆအဖြေထုတ်တာမဟုတ်ဘဲ
သူတို့ကိုယ်တိုင် လက်တွေ့လုပ်ကြည့်တယ် ဖြစ်နိုင်မှအဖွဲ့သားတွေကို ခိုင်းတာပါ
မဖြစ်နိုင်တာ လည်းမခိုင်းသလို လွယ်ကူတာဆိုလည်း စိတ်တောင်မကူးပါဘူး
ဒါကြောင့်ပဲ ကြိုးခုန်တဲ့အပိုင်းမှာဆိုရင် အလဲလဲအကွဲကွဲနဲ့ အဖွဲ့သားတွေကတောင် နောက်စရာဖြစ်သွားတာပေါ့
စူပါဒေါ့ဂျီအပိုင်းမှာဆိုရင်လည်း သူတိုအဖန်ဖန်အထပ်ထပ် စမ်းသပ်ထားတဲ့ ဒေါ့ဂျီကို ကင်ဂျုံကုရဲ့ သတင်းစာဒေါ့ဂျီက တချက်တည်းနဲ့ လန်အောင်ရိုက်လိုက်တော့ PD အဖွဲ့တွေမှာ ဘာမှမတတ်နိုင်ဘဲ တဝါးဝါး တဟားဟားနဲ့ ပွဲသိမ်းလိုက်ရတယ်
မကာအိုအပိုင်းမှာဆိုရင်လည်း ဘန်ဂီခုန်ချတော့ PD အဖွဲ့ကအရင်စမ်းသပ်ထားပြီးကြောင်း ပြောပြတာတွေ့မှာပါ
ဒါတွေကြောင့်ပဲ အဖွဲ့သားတွေနဲ့ တသားတည်းဖြစ်ပြီး
အပေးအယူမျှတခဲ့တယ် ဆိုရမှာပါ
RM ရဲ့ မူလအစက ဆန်းသစ်တဲ့စိတ်ကူးနဲ့ စခဲ့တာမှန်ပေမယ့် တနှစ်ဝန်းကျင်အထိ ခိုင်မာတဲ့ဖောင်ဒေးရှင်းမချနိုင်သေးတာ အားလုံးသိမယ်ထင်ပါတယ် pdတို့ရဲ့ ကြံဆနိုင်စွမ်း မြင့်မားပေမယ့် ဘတ်ဂျက်အကန့်အသတ်ကြားမှာသာ လှုပ်ရှားရတာကြောင့်လို့ မြင်မိတယ်
ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ep 50-51 ကအကြီးမားဆုံး အပြောင်းအလဲဖြစ်စေခဲ့တယ်ထင်တယ်
အဲ့ဒီနောက်မှာတော့ ထုတ်လုပ်သူတို့ရဲ့ ပိုမိုပံ့ပိုးမှုတွေရခဲ့သလို ဇာတ်ကောင်တို့ရဲ့ ဖောင်တွေက ပိုပြီးပီပြင်လာတဲ့အပြင် လူထုကြားရိုက်ကွင်းတွေ ဂိမ်းစတိုင်တွေ ပြစ်ဒဏ်တွေက သိသိသာသာပြောင်းလဲလာတာကို သတိထားကြည့်ရင် တွေ့မှာပါ
သူများစိတ်ကူကိုလည်း ကိုယ့်စိတ်ကူးလို အသုံးမချခဲ့သလို
အခြားအစီအစဥ်တွေကနေ ဆင့်ပွားကြံဆခဲ့တဲ့ ဂိမ်းတွေအတွက်လည်း crd ပေးဖို့မပျက်ကွက်ခဲ့ပါဘူး
ဥပမာ လှေလုပ်တဲ့အပိုင်းမှာဆိုရင်
ယူဂျယ်ဆော့က ဒီဂိမ်းဟာဖြင့် ဘယ်နိုင်ငံ ဘယ်မြို့မှာရှိတဲ့ ဘယ်ဂိမ်းကို ကျွန်တော်တို့က ပြန်လည်စမ်းသစ်ထားတာပါ စသည်ဖြင့်ပြောတာ တွေ့ဖူးမှာပါ
၂၀၁၆ မတ်လ ၆\၁၃ မှာ ထုတ်လွှင့်ခဲ့တဲ့ EP 289-290 ဒူဘိုင်း အပြီးမှာတော့ မူလဖန်တီးသူ PD ချိုဟျိုဂျင်း နဲ့ FD ဒုံဝမ်တို့ ထွက်ခွာသွားပါတယ်
သူတို့ထွက်ခွာပြီးမှာတော့ RM ရဲ့ပုံစံတွေက သိသိသာသာပြောင်းလဲလာခဲ့ပါတယ်
ဥပမာအနေနဲ့ အရင်က ပြေးရင်းလွှားရင်းကစားရင်းနဲ့ တင်ဆက်ပေမယ့် နောက်ပိုင်းမှာ ဝန်ခံခြင်းတို့ တောင်းပန်ခြင်းတို့လို့ မျက်ရည်ခြူမယ့် ဒရမ်မာဆန်ဆန် ဇာတ်ကွက်တွေ ပိုပိုပြီး အသုံးပြုလာတာတွေ့ရမှာပါ
၂၀၁၆ ဒီဇင်ဘာ ၁၄ မှာတော့ ကင်ဂျုံကုနဲ့ဆောင်းဂျီဟိုတို့ကို ထုတ်ပယ်မယ့်သတင်းတွေတက်လာပြီး ကင်နဲ့ဂျီက သူတို့ကို ကြိုတင်အသိပေးအကြောင်းကြားခဲ့ခြင်မရှိတာမို့ ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာပြီးနောက်ပိုင်းမှာ ထုတ်လုပ်သူတွေဖက်က သူတို့နှစ်ဦးကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်
၂၀၁၉ ဧပြီ ၂၈မှာတော့ money game အစီအစဥ်က သူတို့ကိုမပန်ကြားပဲ ဇာတ်ကွက်ခိုးယူခဲ့တယ်ဆိုပြီး တရားစွဲခဲ့တာကြောင့် တရားဝင်တောင်းပန်ခဲ့ရပါတယ်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
Thursday, November 4, 2021
Running Man VJ
RM လို့ပြောလိုက်တာနဲ့
အဖွဲ့ဝင်တွေ ဒါရိုက်တွေ နဲ့ ဂိုဒုံဝမ်အပါအဝင်
ပြေးမြင်စရာ ပြောစရာဆိုစရာတွေကအများသား...
ဒါပေမယ့် ဒီရှိုးရဲ့ အဓိကဒေါက်တိုင်တွေထဲကဖြစ်တဲ့ မဏ္ဍိုင်တခုကို မေ့နေတယ်မဆိုနိုင်ပေမယ့် သတိလေခဖြစ်လို့ စိတ်မှာလျှမ်းနေသလို ဖြစ်နေတယ်
အလေးချိန်နှစ်ဆယ်သားလောက်ရှိတဲ့ ပစ္စည်းတခုကို တနာရီလောက် လက်ကိုလေးဆယ်ငါးဒီဂရီအနေအထားနဲ့ကိုင်ကြည့်ပါ ခဏတာကိုင်တွယ်စဥ်မှာ ဘာမှမဟုတ်တဲ့ အလေးချိန်လေးက ကြာလာလေ လက်မောင်းနာကျဥ်လာလေ ညောင်းညာလာလေမဟုတ်လား
ဒါမှမဟုတ် ညအိပ်ချိန် အိပ်ယာထက်လျောင်းစက်ချိန် RM ကြည့်တယ်ဆိုပါတော့ ပြန်းမျှကြာချိန်က တနာရီခွဲဝန်းကျင်ထဲပါ ဒါပေမယ့် ကိုယ်နေဟန်ထားတခုတည်းနဲ့ကြည့်နိုင်လား ကြည့်နိုင်တယ်ဆိုရင်တောင် ညောင်းညာမှုဒါဏ်ကို သိသိသာသာ ခံစားဖူးမှာပါ
ကောင်းနိုးရာရာနဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေကို ရွေးချယ်တည်းဖြတ်ထားတာမို့ ကိုယ်တွေကြည့်ရှုသူတွေကိုပြသတဲ့ ပြကွက်တွေဟာ သူတို့အမှန်တကယ်ရိုက်ကူထားတဲ့ ဆယ်ရာခိုင်နှုံးလောက်တောင် မရှိပါဘူး
အဖြစ်အပျက်တိုင်း ပြောစကားတိုင်းကို မှတ်တမ်းတင်ရိုက်ကူးရတဲ့ VJတွေရဲ့ဟာ အင်မတန်မှကျယ်ပြန့်ပါတယ်
အသုံးပြုတဲ့ ကင်မရာတွေကလဲ အရွယ်အသားအမျိုးမျိုး
ဒီကြားထဲ ကျောပိုးအိပ်မှာ ဆက်စပ်ပစ္စည်းတွေကို ထမ်းပိုးရတယ်
ထူးခြားတဲ့အခိုက်အတန့်တွေလည်း မလွတ်သွားဖို့ အာရုံစိုက်ရသလို
RM က စတူဒီယိုပြင်ပ လူထုကြားမှာကော
တောတောင်ချိုင့်ဝှမ်း ပြင်လယ်ရေမျက်နှာပြင်အောက်သာမက
လှေကားအတက်အဆင်း ရွံ့ဗွက် ရေထဲပါမကျန်
နေရာမျိုးစုံ လူမျိုးစုံနဲ့ ထိတွေ့ရိုက်ကူးတာမို့
ရံခါ ရေထဲမှာနာရီများစွာ
ရံခါ လူပရိတ်သတ်အကြားကြပ်ညပ်လို့
ရံခါ အချိန်များစွာ ပြေးလွှား
ရံခါ လှေကားအတက်ဆင်းမရပ်မနား ပြုလုပ်ရင်း
ကိုယ်တာဝန်ယူရတဲ့ အဖွဲ့သားရဲ့ ရုပ်ကော အသံပါ ပြည့်ပြည့်ဝဝ ကြည်ကြည်လင်လင် ရနိုင်ဖို့က အတော့်ကို ကျိုးစားရမှာပါ
တခါသား ယူဂျယ်ဆော့ရဲ့ VJ ကွမ်လျောပြောတာ
အစ်ကိုက လမ်းလျှောက်နေရင်း ရုတ်တရက်နောက်လှည့်ပြီး
စကားပြောတာမျိုးက ခဏခဏလုပ်တတ်တော့
အင်မတန်ဂရုစိုက်နေရင်းကြားက တိုက်မိမလို ဖြစ်ဖြစ်သွားတယ်တဲ့
ပြီးတော့ VJ တွေမှာ နောက်ထပ်အထူးဂရုစိုက် ပြင်ဆင်ရတာ တခုရှိသေးတယ် အဝတ်အစားပါ RM ရဲ့ အစောပိုင်းကာလတွေမှာဆို VJ တွေရဲ့ အဝတ်အစားကြောင့် သူ့တို့ကိုမိတာပါလို့ ထုတ်ဖော်ပြောတဲ့ ဧည့်သည်တွေရှိတယ် ဒီထဲကမှ ထင်ရှားတာကတော့ IU နဲ့ ဘုံဆွမ် ဘောလုံးကွင်းထဲက အပိုင်းဆိုရင် ပျော့ကွက်ညီအစ်မလို့ နာမည်ပေးခံရတဲ့ VJ အမျိုးသမီးနှစ်ယောက်ပေါ့
အဖွဲ့သားတယောက်မှာ VJ နှစ်ယောက်သုံးယောက် လိုက်ပါတတ်ပေမယ့်
အဓိကကင်မရာသမားကိုတော့ သပ်သပ်တာဝန်ပေးထားပါတယ်
သူတိုတွေကတော့..
Kim Yoo-seok (ဂျီဆော့ဂျင်း)
Ryu Kwon-ryeol (ယူဂျယ်ဆော့)
Kim Ki-jin (ကင်ဂျုံကု)
Jo Seong-Oh ( ဂယ်ရီ \ ဆယ်ချန်း )
Yoon Sung-yong (ဟားဟား)
Sung Gyu ( ဂျီဟို)
Choi Yoon-sang (လီဂွမ်ဆူ) တို့ပါ
သူတို့လည်း လူသားတွေမို့
ပြေးလွှားရင်လည်း မောပမ်းတတ်ပါတယ်
လှေကားတက်ဆင်းရင်းလည်း ချော်ကျဖူးပါတယ်
ရေပြင်မှာလည်း သွေးခဲမတတ် ခိုက်ခိုက်တုန်ဖူးပါတယ်
ထိတ်လန့်စရာတွေလည်း ကြောက်လန့်တတ်ပါတယ်
တလွဲဖြစ်ရပ်တွေလည်း ရယ်မိပါတယ်
လှပသူတွေကိုလည်း ငေးမောမိပါလိမ့်မယ်
အထူးပြောလိုတာကတော့
လူသားတွေမို့ သူတို့အသက်တွေလည်း ရပ်တန့်မနေခဲ့ဘူးလေ...
ဒါကြောင့် တက်ကြွလန်းဆန်းစွာ အဖွဲ့ဝင်များနဲ့အတူ ကျိုးစားရုန်းကန်ခဲ့ကြတဲ့
VJ တွေနဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရှိနေတာလေးရှိရင် မျှဝေပေးပါအုံးနော်
Wednesday, November 3, 2021
Give me some sunshine and all is well
Give me some sunshine (မျှော်လင့်ခွင့်ပေးပါ)
ကျွန်တော်တို့ဘဝတစ်လျှောက်လုံး
ပြဒါန်းခံဘဝအနေနဲ့သာ နေထိုင်ခဲ့ရတယ်
ကျွန်တော်တို့ ဝါသနာ ရည်ရွယ်ချက်အတွက်
လုပ်ဆောင်ခွင့်လေးပေးပါ
ခဏလောက်ဖြစ်ဖြစ်ပေါ့
မျှော်လင့်ချက်ရောင်ချည်တွေကို ဖမ်းဆုပ်ခွင့်ပေးပါ
ယုံကြည်မှု မိုးစက်လေးတွေ သွန်းချပေးပါ
ကိုယ့်ဝါသနာ ဆုံးဖြတ်ချက်နဲ့ ရှင်သန်ကြည့်ချင်လို့ပါ
ခဏလောက်လေးပါပဲ
ကျွန်တော်တို့စာမေးပွဲကျရင် ညံ့ဖျင်းလို့တဲ့
လက်တွေ နာကျင်တဲ့အထိ စာတွေရေးခဲ့ကြရပြီး
99%မှ အမှတ်မရရင်လည်း အသုံးမဝင်ပြန်ဘူး
တကယ်တတ်သိနားလည်ဖို့ထက် အမှတ်တွေနောက်သာလိုက်ခဲ့ရင်း
ဝါသနာတွေ ရည်မှန်းချက်တွေ မှေးမှိန်ပြောက်ကွယ်ဖို့ ဖုံးအုပ်ခံရတဲ့
ကျွန်တော်တို့ ငယ်ငယ်က ကလေးဘဝတွေပေါ့
ကျွန်တော်တို့ ရည်ရွယ်ချက်တွေလည်း ပျယ်လွင့်ခဲ့ရရပြီးပြီ
ရည်မှန်းချက်အတိုင်း လျှောက်လှမ်းဖို့ ယုံကြည်ပေးပါ
ခဏလောက်ဖြစ်ဖြစ်ပါ
All is well (အေးဆေးပဲ)
ဘဝမှာ ဘာလုပ်လုပ်အဆင်မပြေတတ်တဲ့
အခိုက်အတန့်တွေရှိလာရင်
လျှာကိုလိပ် လက်နှစ်ချောင်းထိုးပြီး
လက်ခေါက်သာနာနာမှုတ်
အေးဆေးပဲ
ကြက်မကြီးလည်း
ဥလေးရဲ့ကံကြမ္မာ ကြိုမသိပါ
အကောင်းပေါက်မလား
မွှေကြော်လားလည်း မမှန်းတတ်ပါ
အနာဂါတ်ကို ဘယ်သူမှလည်းကြိုမသိပါ
လျှာကိုလိပ်
လက်ခေါက်မှုတ်လို့
အော်လိုက်စမ်း အေးဆေးပဲ
လွယ်ပါတယ် အေးဆေးပဲ
ဥလေးရေ အေးဆေးပဲ
ဘော်ဒါတို့ အေးဆေးပဲ
သိုးလေးဟာလည်း
ဘယ်လိုဖြစ်မလဲ ကြိုမသိပါ
အကင်ခံရမလား နုပ်နုပ်စင်းခံရမလားလည်း
မတွေးတတ်ပါ
အနာဂတ်ကိုလည်း ဘယ်သူမှကြိုမသိပါ
စိတ်ညစ်ညစ်နဲ့
သေချင်စိတ်ပေါက်လာတဲ့အခါ
မကြာခင် အဆင်ပြေသွားမယ်လို့
တွေးလိုက်ပါ
လျှောက်သွားပြီးတော့ သောက်စားနေရုံနဲ့
ပညာတတ်မယ်ထင်နေလား
အောင်စာရင်းထွက်မှ ယတြာချေလို့
ဘုရားမမယ် ထင်နေလား
လျှာကိုလိပ်
လက်ခေါက်မှုတ်လို့
အော်လိုက်စမ်း အေးဆေးပဲ
လွယ်ပါတယ် အေးဆေးပဲ
ဥလေးရေ အေးဆေးပဲ
ဘော်ဒါတို့ အေးဆေးပဲ
Sunday, October 10, 2021
ရိုးပြတ်တောမှာ ပွင့်ဝေစီ (နှင်းဆီ)
မြန်မာနိုင်ငံရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် နှင်းဆီရယ်က ကံတူတယ်လို့ဆိုနိုင်တယ်
နိုင်ငံကိုကြည့်ရင် တိုးတက်ဖို့မူလအရင်းအမြစ်ဖြစ်တဲ့ အတတ်ပညာသင်ယူမှု အသိပညာလေ့ကျက်မှုမျိုး ပြည်သူတွေမရအောင် ဒါကျက်ဒါရေးဒါဖြေ ပုံစံနဲ့ အမြစ်မတည်နိုင်အောင် အရင်းကဖြတ်ပစ်တယ်
ဒီအရင်းအမြစ်အတွက်သုံးရမယ့် သဘာဝသယံဇာတတွေကိုကြတော့လည်း သူတို့အပိုင်လိုလို ခိုးလို့တမျိုး ဗြောင်ကျကျတသွယ် ပစ်သတ်တာနဲ့ညစ်ပတ်တာပဲသိတဲ့သူတို့တွေက အပိုင်းစီးလို့
ပြည်သူတွေကိုကျ အော်ခိုင်းတယ် ဒါဒို့ပြည်ဒါဒို့မြေဒိုပိုင်တဲ့မြေတဲ့
ဖွံ့ဖြိုးဝေစီဖို့အတွက်လည်း ပညာရှင်တွေကို ဒီလိုမရေးရ ဒီလိုမတွေးရ ဒီလိုမပြောရဆိုပြီး အသိပညာဖြန့်ကျက်မှုမျိုးမလုပ်နိုင်အောင် ထိပ်ကတိပစ်တယ်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိုနည်းလည်းကောင်းပေါ့ နိုင်ငံရေးမှာ ပင်မအရင်းအမြစ်ဖြစ်တဲ့ သူမရဲ့ပါတီကို ဖျက်စီးပစ်ဖို့ကြံတာခဏခဏ
ဖွံ့ဖြိုးဝေစီဖို့ မလုပ်နိုင်အောင် ဟိုဥပဒေနဲ့ပိတ် ဒီဥပဒေနဲ့ပိတ် စာအုပ်အစိမ်းနဲ့ပိတ် ဒါတောင် အညွန့်တွေထိုးထိုးထွက်လွန်းလို့ ထောင်ထဲခဏခဏ ထည့်ရတဲ့အထိ
အားလုံး အမြစ်မရှိအပွင့်မပါ ငုတ်တိုဘဝမှာတည်လေ သူတို့စားပေါက်ချောင်လေပေါ့
နှင်းဆီ
.......
အရင်းကိုဖြတ် အဖျားကိုတိ
အရွက်ကိုဖဲ့ ကိုင်းခက်ကိုချိုး
ရှင်သန်ခက်ရန် သူတို့ကြံ.....
ကြည်လင်စိတ်သန် ဇွဲအားမာန်နဲ့
ရင်းကမြစ်တိုး ဖျားကဖူးညွန့်
ပွင့်လန်းဝေစီ မြတ်နှင်းဆီ...
ဒါပေမယ့် သူတို့မသိတာက ပြည်သူတွေက သူမက
အရင်းကို ကြိုက်သလောက်ဖြတ် အဖျားကို စိတ်ကြိုက်တိ ရိုးတံတဆစ်တည်းနဲ့
အရင်းကလည်း အမြစ်တိုး အဖျားကလည်း ပွင့်ဝေစီမယ့် နှင်းဆီဆိုတာ...
ထင်ရှားပြသ ကိုယ်စောင့်နတ်
.......
မြတ်ဗုဒ္ဓဒေသနာတော်တွေမှာ လူ့ပြည်မှာ ထင်ရှားပြသတဲ့ နတ်တမန်တွေရှိတယ်
အိုနာသေဆိုတဲ့ တမာန်တော်သုံးပါးပေါ့
အသက်ကြီးလို့ အိုမင်းမစွမ်းသူတွေမြင်တိုင်း ငါလည်းတနေ့သူတို့လို အိုရမှာဘဲ မအိုခင်ကုသိုလ်ကောင်းမှုပြုရမယ် ဒါမှမဟုတ် နောက်နောင်အိုမင်းခြင်းမရှိအောင် လွတ်မြောက်ရာတရားရှာပါပေါ့
တချို့ကိုယ်စောင့်နတ်ဆိုတော့ ကိုယ့်ကိုစောင့်ပေးနေတယ်လို့ပဲ မှတ်ယူကြတယ်
ကိုယ်ခန္ဓာရယ်လို့ ဖြစ်လာရင် ခေါင်းပေါ်က သန်းတို့ ဗိုက်ထဲကသန်ကောင်တို့လို ကိုယ်မဟုတ်ပေမယ့် ကိုယ့်ကိုယ်ခန္ဓာကို မှီတွယ်ပြီး လာဖြစ်တည်တဲ့ သတ္တဝါတွေလိုမျိုးပဲ ကိုယ့်ကိုယ်ခန္ဓာကို မှီတည်ပြီး လာဖြစ်တည်နဲ့ နတ်လည်း ရှိကောင်းရှိမယ်
အဲ့ဒါကိုပဲ ကိုယ်စောင့်နတ်လို့ခေါ်တာပါ ကိုယ့်ကိုတကူးတက လာစောင့်တာမျိုးမဟုတ်ပါဘူး
ထားပါတော့
ကျွန်တော်မြင်တွေ့ရတဲ့ ကိုယ်စောင့်နတ်က တခြားပါ
အရေးအကြောင်းနတ်
.......
ကျွန်တော်တို့ အိုမင်းလာတာနဲ့ ဆံဖြူတယ် မျက်လုံးထောင့်စွန်းလေးတွေ နှဖူးအရေးအကြောင်းလေးတွေကောပေါ့
ဒီအချိန်မှာ ငယ်ရွယ်နုပျိုမှုလို ရုပ်ရည်ပြေပစ်ခြင်းထက် စိတ်နှလုံးကောင်းနဲ့ တတ်သိပညာရှိမှသာပိုအရေးကြီးလာပြီ ရုပ်ရည်ဆိုတာ အိုမင်းခြင်းကြောင့် ပျက်စီးတတ်တယ် စိတ်နှလုံးကောင်းနဲ့တတ်သိပညာကသာ လောကမှာ မင်းရဲ့အရေးပါမှုကို ဆုံးဖြတ်တော့မှာမို့ ပြင်ဆင်တော့လို့ ပြတာ အရေးအကြောင်းနတ်ပေါ့
ဒါပေမယ့် ကျွန်တော်တို့ ဆေးဝါးတွေ ကော့စမက်တစ်ပစ္စည်းတွေနဲ့ ထိုနတ်ရဲ့ သတိပေးမှုကို မသိကျိုးကျွံပြုလို့ ဖြတ်သန်းကြတယ်
မှုန်ဝါးနတ်
.......
အပြင်အာရုံတွေနောက်လိုက်နေတာကြာပြီ ကိုယ့်ရဲ့မကောင်းစိတ်ကိုပယ် ကောင်းစိတ်ကိုမွေးမြူဖို့ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်အုံးဆိုပြီး အပြင်ကိုကြည့်နိုင်တဲ့ မျက်လုံးရဲ့ ကြည်လင်ပြတ်သားမှုတွေကို လျော့ချပစ်လိုက်ပေမယ့် ပါဝါတွေတပ်လို့ မျက်လုံးဘောင်ခပ်ရင်း အပြင်ကို မက်မက်စက်စက်ကြည့်နေမိတုံး
နှေးကွေးနတ်
.....
ငယ်တုံးရွယ်တုံးမှာ လိုချင်တာတွေ ရချင်တာတွေကြောင့် အပြေးလိုက်လို့ မင်းမမောပန်းဘူးလား ကိုယ့်ရှိတာနဲ့ ရောင့်ရဲနိုင်ဖို့ လိုက်လိုတဲ့ ခြေလှမ်းတွေကို နှေးပေးလိုက်ပေမယ့် စက်တပ်ယာဥ်တွေ အသုံးပြုလို့ လိုက်မိနေတုံး
ချိုးဖဲ့နတ်
......
တသက်လုံးစားချင်ရာစားသလောက် အားကောင်းတဲ့ဝမ်းမီးက လိုက်ပါချေဖျက်ပေးနိုင်ပေမယ့် အသက်ကကြီး ဝမ်းမီးကအားနည်းလာချိန်မှာ မင်းအရင်လို စားချင်ရာစားလို့ မရတော့ဘူးနော်လို့ သတိပေးတဲ့အနေနဲ့ သွားတွေ တချောင်းပြီးတချောင်း ချိုးဖဲ့ပေးပေမယ့် ကျွန်တော်တို့ လိုက်နာဖြစ်ရဲ့လား ရွှေသွားငွေသွားစိုက်လို့ ကိုယ့်ဝမ်းမီးနဲ့ အဆမတန် စားသောက်ပစ်တော့ ဒုက္ခများရုံပေါ့
အာရုံနတ်
......
ငယ်စဥ်အခါများ ဖိနပ်တွေအများကြီးထဲက ကိုယ့်ဖိနပ်ကိုငုံ့ကြည့်နေစရာမလိုဘူး လျှိုကြည့်လိုက်တာနဲ့ ကိုယ့်ဖိနပ်မဟုတ်ရင် ခြေထောက်ကသိတဲ့အထိ အာရုံခံစားမှုကောင်းတယ်
အမေခဏခဏဖိနပ်မှားစီးလာတိုင်း အာရုံနတ်ရဲ့ နှိုပ်ဆက်မှုကြောင့်ဆိုတာ မေ့လို့ မသိရကောင်းလား အမေရယ်လို့ ပြောမိတယ်
အစားအသောက်နည်းလို့ ကောင်းနိုးရာရာဝယ် များများစားမှကျန်းမာမှာပေါ့အမေလို့ ပြောမိပေမယ့် အာရုံနတ်နှောက်ယှက်လို့ ဘာစားစား သိပ်အရသာမတွေ့တော့တာ သတိမထားမိဘူး
ကိုယ်ကလည်ချောင်းရိုးထောင်မတတ်ပြောပေမယ့် ပြန်ပြန်မေးနေတော့ ဒီလောက်နီးနီးလေး အော်ပြောတာ မကြားရေကာင်းလား မငြိုငြင်ပါနဲ့
သင်လည်း မကြာခင်ဖြစ်တော့မှာပါ
သင့်ရဲ့ ရှေ့ပြေးနိမိတ်ပုံဘဲဆိုပါတော့
တနည်း သင့်ကိုကိုယ်ထင်ရှားပြတဲ့ ကိုယ်စောင့်နတ်တွေပေါ့
Friday, October 8, 2021
တောင်ကြီးမြို့ (မီးပုံးပျံပွဲ)
ဒီအချိန်ဆို ဒီမြို့လေးမှာ
တောက်လောက်မှုစွမ်းအင်နဲ့
အမြင့်ပျံပန်းတွေ ဝေဆာချိန်ပေါ့
တနှစ်ကတော့
စိနပြည်လုပ် အရှုပ်ထုပ်နဲ့
တကမ္ဘာလုံး အလုပ်ရှုပ်ခဲ့တော့
ဒို့ပန်းတွေလည်း မပျံသာ
အတိုးချမယ်လုပ်တော့
ငစိုးနဲ့ငပုက
အရိုးလုသလို နိုင်ငံကိုမဲနေတော့
ဝေဟင်မှာ ပွင့်မယ့်ပန်းကို
မှန်းဆလို့ လွမ်းကြရုံသာ..
Tuesday, October 5, 2021
ဝိဉာဏ်မဲ့
သူ့သမီးကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
ကျောင်းသားတွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
ပြည်သူတွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
သာသနာဝင်တွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
တကယ်ပါ ဘုရားစူးရစေ့
နယ်ချဲ့ကို အမြစ်ဖြတ်ဖို့ဖွဲ့စည်းခဲ့တာပါ
အနာဂါတ်ကို ပစ်သတ်မယ်မှန်းသိနိုင်ခဲ့ရင်...
သုံးကျိပ်နဲ့စခဲ့ပေမယ့်
သုံးစိတ်ကျော်က ပြည်သူကို မောင်းတင်
ကျန်တစိတ်က ယောင်ချာချာ
အားနာနာနဲ့ပြောပါရစေ...
သူတို့မှာ သုံးကျိပ်ရဲ့ဝိဉာဏ်မျိုးပါမလာဘူး
ဗိုလ်ချုပ်ရေ.......
သန်းထွန်းလေး ● အင်းတဲရွာ
Saturday, October 2, 2021
က သတ် ပ သတ် တ သတ် နှင့် ကိုယ်ပိုင်အလာ့ဂျစ်များ
ကျွန်တော်တို့က စာတွေကို သတ်ပုံတွေကို ဖေ့ဘုတ်မှာရေးရင် နော့ရေးရင်း ကညော့ရေးရင်းက သာမန်စကားလုံးတွေမှာတောင် အချို့တွေမှာ အမှားအမှန်မကွဲပြားကြတော့တာ ရင်နာစရာကောင်းတယ်
လူတွေစာမဖတ်ကြဘူးဆိုတာ ကျွန်တော်လက်မခံပါဘူး ဖေ့ဘုတ်မှာ တယောက်နဲ့တယောက် ပြောဆိုဆက်သွယ်ရာမှာ အများအားဖြင့် စာနဲ့ရေးသား ဆက်သွယ်ရတာမဟုတ်လား
ပုံနှိုပ်စာပေထက် ဖေ့ဘုတ်ကစာပေတွေကိုဘဲ အဖတ်များနေရင်းက နော့ရေးတဲ့ ကညော့ရေးတဲ့စာတွေ သတ်ပုံတွေကို ဖတ်မိမှတ်မိရင်း သတ်ပုံအမှားတွေ ဖြစ်လာရတာလို့ထင်ပါတယ်
ဘာမှမဟုတ်တဲ့ သာမန်စာလုံးပေါင်းတွေမှာတောင် လွဲမှားနေတာတွေ့တိုင်း စိတ်ထဲမှာခိုးလိုးခုလု မရိုးမရွနဲ့ အတော်နေရထိုင်ရမသက်မသာဖြစ်မိတယ်
......
ကသတ်နဲ့တသတ်.... အမှားဆုံးက လုပ်တတ်တယ် ဆိုတဲ့စကားစုပါ
ဒီနေရာမှာ လုပ်တက်တယ်လို့ က သတ်နဲ့ရေးကြတာ အတော်များများတွေ့နေရတယ်
တသတ်က
လုပ်တတ် ကိုင်တတ် ပြောတတ် ဆိုတတ် စသည်ဖြင့်
ကျွမ်းကျင်ပိုင်နိုင်ရာကို ပြတာပါ
ကသတ်က
တက်တာ သစ်ပင်ပေါ်တက် အိမ်ပေါ်တက် စသည်ဖြင့်
အမြင့်ပေါ် တက်ရာမှာ သုံးတာ
........
ကသတ်နဲ့ပသတ်... မင်းထက်ပိုတယ်
ဒီနေရာမှာ ရေးကြတာက မင်းထပ်ပိုတယ်လို့ ပသတ်နဲ့ ရေးကြတယ်
ပသတ်က
အပေါ်ထပ် အောက်ထပ် ဆိုတဲ့ တည်နေရာပြတာပါ
ကသတ်ကမှ
သူ့ထက် ကိုယ့်ထက် နှိုင်ယှဥ်ပြတာပါ
Monday, September 27, 2021
Friday, September 24, 2021
အခေါက်ရွှေဆိုတာဘာလဲ
အခေါက်ရွှေဆိုတာဘာလဲ
ဘာကြောင့်အခေါက်လို့ခေါ်တာလဲ
....
ရှေးမြန်မာမင်းများလက်ထက်တော်အခါကပေါ့..
ရွှေရဲ့ ရွှေကောင်းရွှေသန့်ဖြစ်ပြီး ရောစပ်မှုကင်းကြောင်း အရည်အသွေးပြည့်ဝကြောင်းကိုပြသဖို့ ရွှေကိုအပြားခတ်ပြီး တစ်ထွာတစ်မိုက်အားလျော်စွာ ပုရပိုက်စာများလို ဘယ်ပြန်ညာပြန် အပြန်အလှန်ခေါက်လို့ ထပ်ပြီးထားကြပါတယ်
(ပုရပိုက်စာကို ဇာတ်တွေထဲမှာ ရှေးခေတ်ဇာတ်ကားတွေမှာ တွေ့မှာပါ စာရွက်အရှည်ကြီးကို နှစ်လက်မသုံးလက်မခန့် ဗျတ်ထားလို့ ဘယ်ပြန်ညာပြန်ခေါက်ပြီး လက်ကကိုင်လွယ်အောင် သေးငယ်အောင်ပြုပြီး ထပ်ထားတာမျိုးပေါ့)
သဘောကတော့ ငွေလို ကြေးလို အခြားသတ္တုတွေရောစပ်နေရင် ရွှေဟာပျော့ပြောင်းကွေးညွှတ်ဖို့ရာမလွယ်ကူဘဲ မာဆတ်နေတာကြောင့်ပါ
ဒီလို ပုရပိုက်စာလို အပြားခတ်လို့ ခေါက်ထပ်ထားတာကို ရည်စူးပြီး
***ပုရပိုက်ခေါက်ရွှေ*** လို့ခေါ်တာပါ
ဒီနေ့တော့ ***အခေါက်ရွှေ*** လို့ပဲ အလွယ်ခေါ်ကြပါတော့တယ်
Thursday, September 23, 2021
ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်
ဥပုသ်စောင့်တယ်ဆိုတာ ဘာလဲ...
ဥပုသ်ဘာကြောင့် စောင့်တာလဲ...
ဥပုသ်စောင့်ရင် ဘယ်လိုနေရမှာလဲ..
ဥပုသ်စောင့်ခြင်းကြောင့် ဘာအကျိုးရမှာလဲ..
ဘာသာခြားတို့ ဥပုသ်နဲ့ရော တူတူပဲလား
ဘာကြောင့် အမွှေးနံ့သာမလိမ်းရတာလဲ..
ဘာကြောင့် မွန်းတိန်းရင် အစာမစားရတော့တာလဲ..
ဘာကြောင့် ဖဲမွေ့ယာတွေပေါ် မအိပ်ရတာလဲ..
မွန်းမတိန်းခင် အဝတီးလို့ ကျန်တဲ့နေ့တစ်ပိုင်း
လှိမ့်အိပ်နေရင်ကော ဥပုသ်စောင့်ရာလောက်သလား
သန်းထွန်းလေး ● အင်းတဲရွာ
အောင်ညီကို ☆ ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း
တဖုဿနှင့်ဘလ္လိကတို့၏ ဘဝအကြောင်း ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
ဒီအကြောင်းကို ဟောပြောသူဟာ
တော်ရုံဆရာတော်တစ်ပါး လူပုဂ္ဂိုလ်တစ်ယောက်ဆိုရင်
မလွယ်ကြောပါ
မြန်မာနိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုလို ယဥ်ကျေးမှုပြယုဒ်လိုဖြစ်နေတဲ့ ရွှေတိဂုံဘုရားနဲ့ ဆက်စပ်တဲ့ရာဇဝင်ကို ကိုင်တွယ်ရာမှာ ကျမ်းဂမ်စာပေလာအတိုင်း အဂတိကင်းကင်း သုံးသပ်ထားတာမို့ အားလုံးနာကြားဖူးသင့်တယ်
သုံးသပ်ချက်တွေ အကိုးအကားတွေ ယုတ္တိတွေ အကျိုးအကြောင်းတွေခိုင်မာစွာ ရှင်းလင်းပြတာမို့ ပါးစပ်ရာဇဝင်တွေထက်တော့ ခိုင်မာမှုရှိသလို မြန်မာနိုင်ငံရဲ့ အခြားသော ဘုရားသမိုင်းများနဲ့ပါ ဆက်စပ်တွေးစရာရလာမှာပါ
ဆရာတက္ကသိုလ်ဘုန်းနိုင်ပြောပြတဲ့ တပိုင်းတစအသိရဲ့အန္တရာယ်
စာလေးပေလေး ဟိုစပ်စပ်ဒီစပ်စပ်လူတွေဆိုရင် တခါတလေ ဂွကျကျအတွေးတွေ ဝင်ဝင်လာတတ်တယ် ရံခါမှာ စာမဖတ်သူတွေထက်တောင် အတွေးခေါင်သွားပြီး အန္တရာယ်ကြီးတတ်ပါတယ်
တပိုင်းတစအသိတွေ တစွန်းတစဖတ်မှတ်ထားတာတွေကြောင့် လွဲမှားတဲ့အတွေးတွေနဲ့ ရှုတ်ထွေးနေတတ်တာမျိုး ကိုယ်တွေ့လည်းဖြစ်ဖူးတယ်
ဆရာကြီးပြောပြတဲ့ ဖြစ်ရပ်လေးက..
ညောင်ကျောင်းရွာဇာတိ ဦးဉာဏဝံသ ဟာ (၁၂၄၉ -၁၂၆၃) အတွင်း သီဟိုရ်မှာ ပညာသင်လို့ပြန်လာအပြီး ဗုဒ္ဓဝင်ကို သူသင်ယူလာရာမှာ (ဖတ်ခဲ့ဖူးရာမှာ) ဘုရားအလောင်းတော် သိဒ္ဒတ္ထမင်းသားဟာ ဆံတော်ပယ်တယ်ပဲပါတယ် နှုတ်ခမ်းမွှေးပယ်တာမပါဘူးဆိုပြီး ထုလုပ်တဲ့ဆင်းတုတော်တွေမှာ နှုတ်ခမ်းမွှေးတပ်ခိုင်းတယ်တဲ့
ဒီအတိုင်းလွှတ်ထားရင် တနိုင်ငံလုံးက ဆင်းတုတော်တွေအကုန် နှုတ်ခမ်းမွှေးချည်း ဖြစ်ကုန်မှဖြင့်ဆိုပြီး မန်လည်ဆရာတော်ကြီးက စာလေးရေးလို့ လှမ်းဟန့်လိုက်တယ်တဲ့
လုပ်ငန်းရယ်ပို
နှုတ်ခမ်းကိုအကြည်ညိုသန်တဲ့
သီဟိုရ်ပြန်ဘုန်း....
စဥ်ရှေးအို
ဖင်မွှေးကိုဘယ်လိုဆိုရမယ်
သီဟိုရ်ပြန်ဆရာဉာဏရယ်
အပါဒါဏ်ရွှေစာတမ်းကို
ကျမ်းပြပါအုံး...
သဘောကတော့ နှုတ်ခမ်းမွှေချည်းတပ်မနေနဲ့ ဖင်မွှေးပယ်တာလည်းမပါဘူးပေါ့
(စာသားက ဒီထက်ကြမ်းမယ်ထင်ပါတယ် ကာယအရှေ့ပိုင်းက အစိတ်အပိုင်းရဲ့ အမွှေးနဲ့ပြောလိမ့်မယ်ထင်တယ် ဆရာကြီးက လူကြားထဲပြောတာဆိုတော့ နားခံသာအောင် တဆင့်လျော့ပြောတာဖြစ်ပါလိမ့်မယ်)
ကျွန်တော်တို့လည်း အရေးအရာမဟုတ်တာတွေနဲ့ အတွေးခေါင်နေတတ်တိုင်း မန်လည်းဆရာတော်ကြီးရဲ့ ဒီဆုံးမစာလေး တွေမိပါစေကြောင်း
(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)
ဆရာတက္ကသိုလ်ဘုန်းနိုင်မှ ဆရာကြည်စိုးထွန်း(ဒါရိုက်တာ)အတွက်ကျီစယ်ပြီးရေးတဲ့ကဗျာ
ဆရာတက္ကသိုလ်ဘုန်းနိုင်မှ ဆရာချစ်ဦးညိုအတွက်ကျီစယ်ပြီးရေးတဲ့ကကဗျာ
ဆရာဘုန်းဆိုတာ သိတဲ့အတိုင်း ကဗျာဉာဏ်ရည် ပြည့်ဝလွန်းသူပါ
လမ်းဘေးမှာအလေ့ကျပေါက်တဲ့ ဘာမဟုတ်တဲ့ စွယ်တော်ရွက်ကလေးကို သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ဇာတ်လမ်းလေးထဲမှာ
ခိုင်နဲ့ကျွန်တော့်ဘဝမှာ
နှစ်လွှာပေါင်းမှတရွက်
စွယ်တော်ရွက်ပမာ
ဆိုပြီး ဖွဲ့သီထားလိုက်တာများ
ကျွန်တော်တို့မှာ အပြေးအလွှားသွားခူးလို့ တကူးတကသိမ်းရတဲ့အထိပေါ့
ဖြစ်ပုံက..
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်တော့ ဆရာချစ်ဦးညိုက ဇာတ်ညွှန်းရေးဆရာအနဲ့ပါဝင်ခဲ့တယ် ဆရာချစ်ဇနီး ဒေါ်မြင့်မြင့်အေး ကလည်း အဝတ်အစား ဒါရိုက်တာအဖြစ်နဲ့ပေါ့
ပြင်ဦးလွင်(မေမြို့) ရိုက်ကွင်းမှာရိုက်နေရင်း တစ်နေ့မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ ဆရာကြည်စိုးထွန်း (ဒါရိုက်တာ) အပြင်မှာစကားလက်စုံကျနေတုန်းမှာ ဆရာချစ်တို့နေတဲ့ အခန်းထဲက ဝုန်း.. ဆိုတဲ့အသံကြီးကြားရတော့ ဘာများဖြစ်တာလည်းလိုသွားကြည့်ရာမှာ အခန်းထဲမှာ ကုတင်ကျိုးလို့ ကုတင်ကြားညပ်နေတဲ့ ဆရာချစ်ကိုတွေ့ရတော့တာပဲ
ဒါနဲ့အဲ့ဒီဖြစ်ရပ်လေးကိုကြည့်ပြီး လက်တမ်းစပ်ဆို ကျီစယ်ထားတယ်လို့ ဆိုပါတယ်
သူ့ကျွန်တဲ့ မခံပြီ
ချစ်ဦးညို ရဲမာန်ကြွ
စွမ်းပြလေပြီ...
မေမြို့တဲ့ ဒီစီ
ကျိုးပြီကွဲ့ကုတင်ကြီး
မယ်မြင့်ပျိုအနေခက် ရှက်ရသတည်း....
(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)
Monday, September 20, 2021
လစ်ဇီ Lizzy
အဲ့ဒီအချိန်က ဂျီဟိုထက် ရသစုံရှိုးအတွေ့အကြုံများဟန်တူပြီး အဖွဲ့သားတွေဖြစ်တဲ့ ဂျယ်ဆော့ ဂျုံကု ဟားဟား တို့နဲ့လည်း ရင်းနှီးဟန်ရှိတာမို့ အလယ်တကူအသားကျခဲ့တယ်
အဲ့ဒီခေတ် ရသစုံရှိုးတွေရဲ့ လိုအပ်ချက်တွေရဲ့ ပြည့်စုံတဲ့အရည်အချင်းရှိတယ်လို့လည်း ဆိုနိုင်ပါတယ် အချစ်ဇာတ်လမ်းတွေအတွက် ဂျီဟိုရှိသလို မြူးကြွသွက်လက်မှုဟန်ပန်နဲ့ သူမကပုံရိပ်တစ်မျိုးရှိခဲ့တယ်လို့လဲ ဆိုနိုင်တယ်
မြန်မာစကားမှာရှိတယ်မဟုတ်လား လူများပြီးပွဲမစီဆိုတာ
ဒါပေမယ့် သူမက အပိုသက်သက်တစ်ယောက် မဟုတ်ပါဘူး
ရှိနေရင်လည်း မိန်းကလေးနှစ်ယောက်မို့ အဖော်မွန်ပြုရ သွားရလာရတာ ပိုပြီးသက်သောင့်သက်သာရှိနိုင်ပေမယ့် ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေအနေနဲ့ ဖြုတ်ချဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်
ပိုပြီးကျစ်လစ်တဲ့ဟန်နဲ့ ရှေ့ဆက်ဖို့ရည်ရွယ်တာမျိုးဖြစ်နိုင်သလို ကုန်ကျစရိတ်လျော့ချရာလည်း ရောက်ပါတယ် RM အဖွဲ့သားတစ်ယောက်အတွက် ပံ့ပိုးရသူတွေ ကင်မရာသမားကအစ ဘယ်လောက်ရှိမလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်
ဂျီဟိုရဲ့လုပ်နိုင်စွမ်းတွေ ရှိနေသေးတာကို PDတို့အဖွဲ့ မျှော်ကြည့်မိတာ တွေ့မြင်မိတာလည်း ပါမှာပါ
(PD အပြောင်းအလဲဖြစ်ပြီးမှာတော့ ဒီနေရာကို ဆိုမင်နဲ့ ပြန်လည်ဖြည့်စီးခဲ့ပါတယ် ဒါပေမယ့် သူမဟာ မြူးကြွသွက်လက်ဟန်ထက် အနည်းငယ်ပိုခဲ့တာမို့ ပရိတ်သတ်အမြင်မှာ ကလက်သွားတာဖြစ်ပါလိမ့်မယ်)
ဒီလိုနဲ့ အမှတ်မှားဘူးဆိုရင် အပိုင်း၂၅အပြီး (ကာတွန်းဇာတ်ကောင်များ ပတ်ဘိုယောင်း)၂၆ ကစလို့ လစ်ဇီဟာ ရှိနေရင်လည်း ကောင်းပေမယ့်
ဖြုတ်ချခဲ့တဲ့ တွဲလက်တစ်ခုလို့ပဲ ဆိုရမှာပါ...
(နောက်ပိုင်း ဘူလက်ပွဲမှာတော့ ဧည့်သည်အဖြစ် ပြန်ရောက်လာခဲ့တာက လွဲလို့ပေါ့)
အတ္ထုပ္ပတ္တိ
https://en.m.wikipedia.org/wiki/Park_Soo-ah
http://koloneypoe.blogspot.com/2021/09/blog-post_37.html
Running man (1-50) telegram
https://t.me/kolonelypoe/2
အပြေးသမားများအတွက် အတွေးစာစုများ
https://m.facebook.com/story.php?story_fbid=2898451853786081&id=100008638842796
#runningman
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
(သင်တို့ဘဝမှာလည်း မအပ်စပ်တဲ့လူတွေ မကောင်းတဲ့အကျင့်တွေနဲ့ ရံခါမှာရှုပ်ထွေးနေတတ်ပါတယ် ဒီအချိန်မှာ RM ရဲ့ PD တွေထုံးနှလုံးမှုလို့ သူတို့တောင် ကောင်းနေရာကပိုကောင်းဖို့ ပြောင်းလဲခဲ့သလို သင်တို့လည်း ဖြုတ်ချရဲသလို ကိုယ့်ကို နိမ့်ကျသွားစေတဲ့ အမူအကျင့်တွေ ပုဂ္ဂိုလ်တွေနဲ့ ပြတ်ပြတ်သားသား ဖြုတ်ချပစ်ဖို့ ဖြုတ်ချရဲဖို့လိုပါတယ်)
ဆောင်းဂျွန်ကီ Song Joong Ki 송중기
Thursday, September 9, 2021
ကြားဝင်ဖြန်ဖြေတယ်ဆိုတာ
မကောင်းတဲ့သူတွေဟာလည်း အခြင်းခြင်းညီညွတ်ကြတယ် တတ်နိုင်သမျှလည်း ကာကွယ်ပေးတတ်ကြသေးတယ်တဲ့
Monday, September 6, 2021
လီဂွမ်ဆူ Lee Kwang Soo 이광수
ဆုန်းဂျီဟို Song Ji Hyo 송지효
ဟဒုံဟွန်း (ဟားဟား) 하동훈 Ha Dong Hoon (HaHa)
ဂန်းဂယ်ရီ 강희건 Gary
ကင်ဂျုံကု 김 종 국 Kim Jong Kook
ယူဂျယ်ဆော့ 유재석 Yoo Jae Suk
ဂျီဆော့ဂျင်း 지석진 Jee Seok Jin
Tuesday, August 24, 2021
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...