သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, November 3, 2021

Give me some sunshine and all is well


 Give me some sunshine (မျှော်လင့်ခွင့်ပေးပါ)


ကျွန်​တော်တို့ဘဝတစ်​လျှောက်လုံး

ပြဒါန်းခံဘဝအ​နေနဲ့သာ နေထိုင်ခဲ့ရတယ်

ကျွန်တော်တို့ ဝါသနာ ရည်ရွယ်ချက်​အတွက် 

လုပ်​ဆောင်ခွင့်​လေးပေးပါ 

ခဏ​လောက်ဖြစ်ဖြစ်​ပေါ့


မျှော်လင့်ချက်ရောင်ချည်​တွေကို ဖမ်းဆုပ်ခွင့်​ပေးပါ

ယုံကြည်မှု မိုးစက်​​လေး​တွေ သွန်းချ​ပေးပါ

ကိုယ့်ဝါသနာ ဆုံးဖြတ်ချက်နဲ့ ရှင်သန်ကြည့်ချင်လို့ပါ

ခဏ​လောက်​လေးပါပဲ


ကျွန်​တော်တို့စာ​မေးပွဲကျရင် ညံ့ဖျင်းလို့တဲ့

လက်​တွေ နာကျင်တဲ့အထိ စာ​တွေ​ရေးခဲ့ကြရပြီး

99%မှ အမှတ်မရရင်လည်း အသုံးမဝင်ပြန်ဘူး

တကယ်တတ်သိနားလည်ဖို့ထက် အမှတ်​တွေ​နောက်သာလိုက်ခဲ့ရင်း

ဝါသနာ​တွေ ရည်မှန်းချက်​တွေ မှေးမှိန်ပြောက်ကွယ်ဖို့ ဖုံးအုပ်ခံရတဲ့

ကျွန်​တော်တို့ ငယ်ငယ်က က​လေးဘဝ​တွေ​ပေါ့


ကျွန်​တော်တို့ ရည်ရွယ်ချက်​တွေလည်း ပျယ်လွင့်ခဲ့ရရပြီးပြီ

ရည်မှန်းချက်အတိုင်း လျှောက်လှမ်းဖို့ ယုံကြည်​​ပေးပါ

ခဏ​လောက်​ဖြစ်ဖြစ်ပါ


All is well (အေးဆေးပဲ)


ဘဝမှာ ဘာလုပ်လုပ်အဆင်မပြေတတ်တဲ့

အခိုက်အတန့်တွေရှိလာရင်

လျှာကိုလိပ် လက်နှစ်ချောင်းထိုးပြီး

လက်ခေါက်သာနာနာမှုတ်


အေးဆေးပဲ


ကြက်မကြီးလည်း 

ဥလေးရဲ့ကံကြမ္မာ ကြိုမသိပါ

အကောင်းပေါက်မလား

မွှေကြော်လားလည်း မမှန်းတတ်ပါ

အနာဂါတ်ကို ဘယ်သူမှလည်းကြိုမသိပါ


လျှာကိုလိပ်

လက်ခေါက်မှုတ်လို့

အော်လိုက်စမ်း အေးဆေးပဲ


လွယ်ပါတယ် အေးဆေးပဲ

ဥလေးရေ အေးဆေးပဲ

ဘော်ဒါတို့ အေးဆေးပဲ


သိုးလေးဟာလည်း

ဘယ်လိုဖြစ်မလဲ ကြိုမသိပါ

အကင်ခံရမလား နုပ်နုပ်စင်းခံရမလားလည်း

မတွေးတတ်ပါ

အနာဂတ်ကိုလည်း ဘယ်သူမှကြိုမသိပါ


စိတ်ညစ်ညစ်နဲ့

သေချင်စိတ်ပေါက်လာတဲ့အခါ

မကြာခင် အဆင်ပြေသွားမယ်လို့

တွေးလိုက်ပါ


လျှောက်သွားပြီးတော့ သောက်စားနေရုံနဲ့

ပညာတတ်မယ်ထင်နေလား

အောင်စာရင်းထွက်မှ ယတြာချေလို့

ဘုရားမမယ် ထင်နေလား



လျှာကိုလိပ်

လက်ခေါက်မှုတ်လို့

အော်လိုက်စမ်း အေးဆေးပဲ


လွယ်ပါတယ် အေးဆေးပဲ

ဥလေးရေ အေးဆေးပဲ

ဘော်ဒါတို့ အေးဆေးပဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...