သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, November 4, 2021

Running Man VJ


 RM လို့ပြောလိုက်တာနဲ့

အဖွဲ့ဝင်တွေ ဒါရိုက်တွေ နဲ့ ဂိုဒုံဝမ်အပါအဝင် 

ပြေးမြင်စရာ ပြောစရာဆိုစရာတွေကအများသား...


ဒါပေမယ့် ဒီရှိုးရဲ့ အဓိကဒေါက်တိုင်တွေထဲကဖြစ်တဲ့ မဏ္ဍိုင်တခုကို မေ့နေတယ်မဆိုနိုင်ပေမယ့် သတိလေခဖြစ်လို့ စိတ်မှာလျှမ်းနေသလို ဖြစ်နေတယ်


အလေးချိန်နှစ်ဆယ်သားလောက်ရှိတဲ့ ပစ္စည်းတခုကို တနာရီလောက် လက်ကိုလေးဆယ်ငါးဒီဂရီအနေအထားနဲ့ကိုင်ကြည့်ပါ ခဏတာကိုင်တွယ်စဥ်မှာ ဘာမှမဟုတ်တဲ့ အလေးချိန်လေးက ကြာလာလေ လက်မောင်းနာကျဥ်လာလေ ညောင်းညာလာလေမဟုတ်လား 


ဒါမှမဟုတ် ညအိပ်ချိန် အိပ်ယာထက်လျောင်းစက်ချိန် RM ကြည့်တယ်ဆိုပါတော့ ပြန်းမျှကြာချိန်က တနာရီခွဲဝန်းကျင်ထဲပါ ဒါပေမယ့် ကိုယ်နေဟန်ထားတခုတည်းနဲ့ကြည့်နိုင်လား ကြည့်နိုင်တယ်ဆိုရင်တောင် ညောင်းညာမှုဒါဏ်ကို သိသိသာသာ ခံစားဖူးမှာပါ


ကောင်းနိုးရာရာနဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေကို ရွေးချယ်တည်းဖြတ်ထားတာမို့ ကိုယ်တွေကြည့်ရှုသူတွေကိုပြသတဲ့ ပြကွက်တွေဟာ သူတို့အမှန်တကယ်ရိုက်ကူထားတဲ့ ဆယ်ရာခိုင်နှုံးလောက်တောင် မရှိပါဘူး 


အဖြစ်အပျက်တိုင်း ပြောစကားတိုင်းကို မှတ်တမ်းတင်ရိုက်ကူးရတဲ့ VJတွေရဲ့ဟာ အင်မတန်မှကျယ်ပြန့်ပါတယ်


အသုံးပြုတဲ့ ကင်မရာတွေကလဲ အရွယ်အသားအမျိုးမျိုး 

ဒီကြားထဲ ကျောပိုးအိပ်မှာ ဆက်စပ်ပစ္စည်းတွေကို ထမ်းပိုးရတယ်


ထူးခြားတဲ့အခိုက်အတန့်တွေလည်း မလွတ်သွားဖို့ အာရုံစိုက်ရသလို

RM က စတူဒီယိုပြင်ပ လူထုကြားမှာကော

တောတောင်ချိုင့်ဝှမ်း ပြင်လယ်ရေမျက်နှာပြင်အောက်သာမက

လှေကားအတက်အဆင်း ရွံ့ဗွက် ရေထဲပါမကျန်

နေရာမျိုးစုံ လူမျိုးစုံနဲ့ ထိတွေ့ရိုက်ကူးတာမို့ 


ရံခါ ရေထဲမှာနာရီများစွာ

ရံခါ လူပရိတ်သတ်အကြားကြပ်ညပ်လို့

ရံခါ အချိန်များစွာ ပြေးလွှား

ရံခါ လှေကားအတက်ဆင်းမရပ်မနား ပြုလုပ်ရင်း 

ကိုယ်တာဝန်ယူရတဲ့ အဖွဲ့သားရဲ့ ရုပ်ကော အသံပါ ပြည့်ပြည့်ဝဝ ကြည်ကြည်လင်လင် ရနိုင်ဖို့က အတော့်ကို ကျိုးစားရမှာပါ


တခါသား ယူဂျယ်ဆော့ရဲ့ VJ ကွမ်လျောပြောတာ 

အစ်ကိုက လမ်းလျှောက်နေရင်း ရုတ်တရက်နောက်လှည့်ပြီး 

စကားပြောတာမျိုးက ခဏခဏလုပ်တတ်တော့ 

အင်မတန်ဂရုစိုက်နေရင်းကြားက တိုက်မိမလို ဖြစ်ဖြစ်သွားတယ်တဲ့


ပြီးတော့ VJ တွေမှာ နောက်ထပ်အထူးဂရုစိုက် ပြင်ဆင်ရတာ တခုရှိသေးတယ် အဝတ်အစားပါ RM ရဲ့ အစောပိုင်းကာလတွေမှာဆို VJ တွေရဲ့ အဝတ်အစားကြောင့် သူ့တို့ကိုမိတာပါလို့ ထုတ်ဖော်ပြောတဲ့ ဧည့်သည်တွေရှိတယ် ဒီထဲကမှ ထင်ရှားတာကတော့ IU နဲ့ ဘုံဆွမ် ဘောလုံးကွင်းထဲက အပိုင်းဆိုရင် ပျော့ကွက်ညီအစ်မလို့ နာမည်ပေးခံရတဲ့ VJ အမျိုးသမီးနှစ်ယောက်ပေါ့


အဖွဲ့သားတယောက်မှာ VJ နှစ်ယောက်သုံးယောက် လိုက်ပါတတ်ပေမယ့် 

အဓိကကင်မရာသမားကိုတော့ သပ်သပ်တာဝန်ပေးထားပါတယ်


သူတိုတွေကတော့..

Kim Yoo-seok (ဂျီဆော့ဂျင်း)

Ryu Kwon-ryeol (ယူဂျယ်ဆော့)

Kim Ki-jin (ကင်ဂျုံကု)

Jo Seong-Oh ( ဂယ်ရီ \ ဆယ်ချန်း ) 

Yoon Sung-yong (ဟားဟား)

Sung Gyu ( ဂျီဟို)

Choi Yoon-sang (လီဂွမ်ဆူ) တို့ပါ


သူတို့လည်း လူသားတွေမို့ 

ပြေးလွှားရင်လည်း မောပမ်းတတ်ပါတယ်

လှေကားတက်ဆင်းရင်းလည်း ချော်ကျဖူးပါတယ်

ရေပြင်မှာလည်း သွေးခဲမတတ် ခိုက်ခိုက်တုန်ဖူးပါတယ်

ထိတ်လန့်စရာတွေလည်း ကြောက်လန့်တတ်ပါတယ်

တလွဲဖြစ်ရပ်တွေလည်း ရယ်မိပါတယ်

လှပသူတွေကိုလည်း ငေးမောမိပါလိမ့်မယ်


အထူးပြောလိုတာကတော့

လူသားတွေမို့ သူတို့အသက်တွေလည်း ရပ်တန့်မနေခဲ့ဘူးလေ...


ဒါကြောင့် တက်ကြွလန်းဆန်းစွာ အဖွဲ့ဝင်များနဲ့အတူ ကျိုးစားရုန်းကန်ခဲ့ကြတဲ့

 VJ တွေနဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရှိနေတာလေးရှိရင် မျှဝေပေးပါအုံးနော်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...