သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, November 5, 2021

Running Man PD

 အဆောက်အဦးတခုမှာ ဖောင်ဒေးရှင်းကောင်းမှ ကြံ့ခိုင်ပြီး ရေရှည်တည်တံ့နိုင်မှာဖြစ်သလို လုပ်ငန်းတခုမှာလည်း ထိုနည်း၄င်းပေါ့


မြင့်မားတဲ့တိုက်တာကြီးတွေတွေ့တိုင်း မြေထဲတိုးဝင်ရတဲ့ ပမာဏနဲ့ အခြေခိုင်ဖို့ကြံဆရတဲ့ ဆောက်လုပ်သူအဖို့ ဘယ်လောက်တောင် ဦးနှောက်စေစားရမလဲဆိုတာ တွေးကြည့်ဖူးလား


လောကမှာ လက်တွေ့လုပ်လို့မရတဲ့ စိတ်ကူးတွေရှိသလို

စိတ်တောင်မကူးထားဖူးတဲ့အရာတွေက လက်တွေ့ဖြစ်လာတတ်တာရှိတယ်


RM ရဲ့ PD တွေကတော့ ထူးခြားတယ် 

စိတ်ကူးတွေကိုပဲ လက်တွေ့အကောင်အထည်ဖော်တာပါ


ဒီနေရာမှာလည်း ဖြစ်နိုင်ခြေတွေကို တွေးဆအဖြေထုတ်တာမဟုတ်ဘဲ

သူတို့ကိုယ်တိုင် လက်တွေ့လုပ်ကြည့်တယ် ဖြစ်နိုင်မှအဖွဲ့သားတွေကို ခိုင်းတာပါ

မဖြစ်နိုင်တာ လည်းမခိုင်းသလို လွယ်ကူတာဆိုလည်း စိတ်တောင်မကူးပါဘူး


ဒါကြောင့်ပဲ ကြိုးခုန်တဲ့အပိုင်းမှာဆိုရင် အလဲလဲအကွဲကွဲနဲ့ အဖွဲ့သားတွေကတောင် နောက်စရာဖြစ်သွားတာပေါ့


စူပါဒေါ့ဂျီအပိုင်းမှာဆိုရင်လည်း သူတိုအဖန်ဖန်အထပ်ထပ် စမ်းသပ်ထားတဲ့ ဒေါ့ဂျီကို ကင်ဂျုံကုရဲ့ သတင်းစာဒေါ့ဂျီက တချက်တည်းနဲ့ လန်အောင်ရိုက်လိုက်တော့ PD အဖွဲ့တွေမှာ ဘာမှမတတ်နိုင်ဘဲ တဝါးဝါး တဟားဟားနဲ့ ပွဲသိမ်းလိုက်ရတယ်


မကာအိုအပိုင်းမှာဆိုရင်လည်း ဘန်ဂီခုန်ချတော့ PD အဖွဲ့ကအရင်စမ်းသပ်ထားပြီးကြောင်း ပြောပြတာတွေ့မှာပါ


ဒါတွေကြောင့်ပဲ အဖွဲ့သားတွေနဲ့ တသားတည်းဖြစ်ပြီး

အပေးအယူမျှတခဲ့တယ် ဆိုရမှာပါ


RM ရဲ့ မူလအစက ဆန်းသစ်တဲ့စိတ်ကူးနဲ့ စခဲ့တာမှန်ပေမယ့် တနှစ်ဝန်းကျင်အထိ ခိုင်မာတဲ့ဖောင်ဒေးရှင်းမချနိုင်သေးတာ အားလုံးသိမယ်ထင်ပါတယ် pdတို့ရဲ့ ကြံဆနိုင်စွမ်း မြင့်မားပေမယ့် ဘတ်ဂျက်အကန့်အသတ်ကြားမှာသာ လှုပ်ရှားရတာကြောင့်လို့ မြင်မိတယ်


ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ep 50-51 ကအကြီးမားဆုံး အပြောင်းအလဲဖြစ်စေခဲ့တယ်ထင်တယ်


အဲ့ဒီနောက်မှာတော့ ထုတ်လုပ်သူတို့ရဲ့ ပိုမိုပံ့ပိုးမှုတွေရခဲ့သလို ဇာတ်ကောင်တို့ရဲ့ ဖောင်တွေက ပိုပြီးပီပြင်လာတဲ့အပြင် လူထုကြားရိုက်ကွင်းတွေ ဂိမ်းစတိုင်တွေ ပြစ်ဒဏ်တွေက သိသိသာသာပြောင်းလဲလာတာကို သတိထားကြည့်ရင် တွေ့မှာပါ


သူများစိတ်ကူကိုလည်း ကိုယ့်စိတ်ကူးလို အသုံးမချခဲ့သလို

အခြားအစီအစဥ်တွေကနေ ဆင့်ပွားကြံဆခဲ့တဲ့ ဂိမ်းတွေအတွက်လည်း crd ပေးဖို့မပျက်ကွက်ခဲ့ပါဘူး


ဥပမာ လှေလုပ်တဲ့အပိုင်းမှာဆိုရင်

ယူဂျယ်ဆော့က ဒီဂိမ်းဟာဖြင့် ဘယ်နိုင်ငံ ဘယ်မြို့မှာရှိတဲ့ ဘယ်ဂိမ်းကို ကျွန်တော်တို့က ပြန်လည်စမ်းသစ်ထားတာပါ စသည်ဖြင့်ပြောတာ တွေ့ဖူးမှာပါ


၂၀၁၆ မတ်လ ၆\၁၃ မှာ ထုတ်လွှင့်ခဲ့တဲ့ EP 289-290 ဒူဘိုင်း အပြီးမှာတော့ မူလဖန်တီးသူ PD ချိုဟျိုဂျင်း နဲ့ FD ဒုံဝမ်တို့ ထွက်ခွာသွားပါတယ် 


သူတို့ထွက်ခွာပြီးမှာတော့ RM ရဲ့ပုံစံတွေက သိသိသာသာပြောင်းလဲလာခဲ့ပါတယ်

ဥပမာအနေနဲ့ အရင်က ပြေးရင်းလွှားရင်းကစားရင်းနဲ့ တင်ဆက်ပေမယ့် နောက်ပိုင်းမှာ ဝန်ခံခြင်းတို့ တောင်းပန်ခြင်းတို့လို့ မျက်ရည်ခြူမယ့် ဒရမ်မာဆန်ဆန် ဇာတ်ကွက်တွေ ပိုပိုပြီး အသုံးပြုလာတာတွေ့ရမှာပါ


၂၀၁၆ ဒီဇင်ဘာ ၁၄ မှာတော့ ကင်ဂျုံကုနဲ့ဆောင်းဂျီဟိုတို့ကို ထုတ်ပယ်မယ့်သတင်းတွေတက်လာပြီး ကင်နဲ့ဂျီက သူတို့ကို ကြိုတင်အသိပေးအကြောင်းကြားခဲ့ခြင်မရှိတာမို့ ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာပြီးနောက်ပိုင်းမှာ ထုတ်လုပ်သူတွေဖက်က သူတို့နှစ်ဦးကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်


၂၀၁၉ ဧပြီ ၂၈မှာတော့ money game အစီအစဥ်က သူတို့ကိုမပန်ကြားပဲ ဇာတ်ကွက်ခိုးယူခဲ့တယ်ဆိုပြီး တရားစွဲခဲ့တာကြောင့် တရားဝင်တောင်းပန်ခဲ့ရပါတယ်


#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်



 

 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...