သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, October 10, 2021

ရိုးပြတ်တောမှာ ပွင့်ဝေစီ (နှင်းဆီ)

မြန်မာနိုင်ငံရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် နှင်းဆီရယ်က ကံတူတယ်လို့ဆိုနိုင်တယ်

နိုင်ငံကိုကြည့်ရင် တိုးတက်ဖို့မူလအရင်းအမြစ်ဖြစ်တဲ့ အတတ်ပညာသင်ယူမှု အသိပညာလေ့ကျက်မှုမျိုး ပြည်သူတွေမရအောင် ဒါကျက်ဒါရေးဒါဖြေ ပုံစံနဲ့ အမြစ်မတည်နိုင်အောင် အရင်းကဖြတ်ပစ်တယ်

ဒီအရင်းအမြစ်အတွက်သုံးရမယ့် သဘာဝသယံဇာတတွေကိုကြတော့လည်း သူတို့အပိုင်လိုလို ခိုးလို့တမျိုး ဗြောင်ကျကျတသွယ် ပစ်သတ်တာနဲ့ညစ်ပတ်တာပဲသိတဲ့သူတို့တွေက အပိုင်းစီးလို့

ပြည်သူတွေကိုကျ အော်ခိုင်းတယ် ဒါဒို့ပြည်ဒါဒို့မြေဒိုပိုင်တဲ့မြေတဲ့

ဖွံ့ဖြိုးဝေစီဖို့အတွက်လည်း ပညာရှင်တွေကို ဒီလိုမရေးရ ဒီလိုမတွေးရ ဒီလိုမပြောရဆိုပြီး အသိပညာဖြန့်ကျက်မှုမျိုးမလုပ်နိုင်အောင် ထိပ်ကတိပစ်တယ်

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိုနည်းလည်းကောင်းပေါ့ နိုင်ငံရေးမှာ ပင်မအရင်းအမြစ်ဖြစ်တဲ့ သူမရဲ့ပါတီကို ဖျက်စီးပစ်ဖို့ကြံတာ​ခဏခဏ 

ဖွံ့ဖြိုးဝေစီဖို့ မလုပ်နိုင်အောင် ဟိုဥပဒေနဲ့ပိတ် ဒီဥပဒေနဲ့ပိတ် စာအုပ်အစိမ်းနဲ့ပိတ် ဒါတောင် အညွန့်တွေထိုးထိုးထွက်လွန်းလို့ ထောင်ထဲခဏခဏ ထည့်ရတဲ့အထိ 

အားလုံး အမြစ်မရှိအပွင့်မပါ ငုတ်တိုဘဝမှာတည်လေ သူတို့စားပေါက်ချောင်လေပေါ့

နှင်းဆီ
.......
အရင်းကိုဖြတ် အဖျားကိုတိ
အရွက်ကိုဖဲ့ ကိုင်းခက်ကိုချိုး
ရှင်သန်ခက်ရန် သူတို့ကြံ.....

ကြည်လင်စိတ်သန် ဇွဲအားမာန်နဲ့
ရင်းကမြစ်တိုး ဖျားကဖူးညွန့်
ပွင့်လန်းဝေစီ မြတ်နှင်းဆီ...

ဒါပေမယ့် သူတို့မသိတာက ပြည်သူတွေက သူမက
အရင်းကို ကြိုက်သလောက်ဖြတ် အဖျားကို စိတ်ကြိုက်တိ ရိုးတံတဆစ်တည်းနဲ့
အရင်းကလည်း အမြစ်တိုး အဖျားကလည်း ပွင့်ဝေစီမယ့် နှင်းဆီဆိုတာ...


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Repu Udayam 10 Gantalaku (2026) မနက်ဖြန်မနက် ၁၀ နာရီ (ဇာတ်ကား🖊 တွေး၊ညွှန်း)

  Repu Udayam 10 Gantalaku (2026) (ဇာတ်ကား🖊 တွေး၊ညွှန်း)  မနက်ဖြန်မနက် ၁၀ နာရီ . အန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ပြောက်သလောက်နီးနီးရှိခဲ့တယ်ဆိုပေမယ့...