သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 6, 2021

ကင်ဂျုံကု 김 종 국 Kim Jong Kook

သူ့ရဲ့ ဘဝစာမျက်နှာမှာ စရိုက်နှစ်ခုလုံးနဲ့ ယှဥ်သန်နေသူအဖြစ်မြင်ရတယ်
ဘယ်လိုမှ တွဲ့စပ်ကြည့်လို့မရနိုင်ဘဲ ဆန့်ကျင်ဖက်ကွဲပြားနေတဲ့ အကျင့်စရိုက်နှစ်ခုပေါ့

ဖန်သားပြင်ထက်က စာမျက်နှာမှာတော့
အားကြီးသူ
ကြမ်းတမ်းသူ
ယူဂျယ်ဆော့ရဲ့ VJ ဂွမ်လျောစကားနဲ့ပြောရရင် (EP 34 RM ရဲ့နောက်ကွယ်က အဖွဲ့သားတွေမြင်ဖူးချင်ရင်တော့ ဒီအပိုင်းမှာ အတော်များများပါတယ် ) ဗလကြီးနဲ့နှိုပ်စက်တတ်သူပေါ့

နောက်ထပ်လူမှုဘဝစာမျက်နှာ သူ့မိသားစုအတွင်းမှာတော့
အလေးမရုံနဲ့အိမ်မှာသာကျင်လည်နေသူ
အမေချစ်သားတစ်ယောက်
သူ့အမေရဲ့စကားနဲ့ပြောရရင် (EP 296) သမီးတစ်ယောက်လို သိမ်မွေ့နူးညံ့ပြီး အစစအရာရာ ဂရုစိုက်တတ်သူပေါ့

သူကဘဝကို ယုတ္တိဗေဒနဲ့ ယှဥ်သန်သူတစ်ယောက်လို့လည်းဆိုနိုင်တယ်
အခွင်အလမ်းတိုင်းကို စောင့်မနေဘူး ဆုတောင်းမနေဘူး အရည်အချင်းပြည့်ဝဖို့ ကိုယ့်ကိုယ်ကို ဖြည့်စီးရင်း သင်ယူရင်း ထိုက်တန်ကြောင်းပြသရင်း နေရာတွေကို အရယူသူတစ်ယောက်ဖြစ်တယ်

 (EP 116 မှာ ခါးကွင်းလှည့်ကြတော့ သူရှုံးတဲ့အတွက် မရမက လေ့ကျင့်နေတာမြင်တော့ သူ့သင်ယူလိုစိတ်က သြချလောက်တယ် အမှန်ဆို ရှုံးနေပြီပဲ ဘာထပ်လုပ်နေအုံးမှာလဲ ဒီလိုသဘောမထားပဲ အခုပွဲမှာရှုံးပေမဲ့ ကိုယ်မတတ်တဲ့ပညာရပ်တစ်ခုကို ကျိုးကျိုးစားစားသင်ယူနေတဲ့ပုံမျိုး) 

ယှဥ်ပြိုင်ဖို့ဆိုရင် အသေးအမွှားကစ ဘယ်လောက်ကြီးမားပါစေ စိတ်ကတစ်သမတ်တည်းဘဲ သေးလို့လည်းပေါ့ပေါ့ဆဆမလုပ်သလို့ ကြီးလို့လည်း ဖိအားများပြီး စိတ်ကြံရာမရဖြစ်မနေဘူး အဖြေကိုသာ ကြံဆရင်း ရှာတယ် နိုင်ဖို့အတွက်ယှဥ်ပြိုင်ချင်းဖြစ်တယ် နိုင်ချင်တယ် နိုင်ကိုနိုင်ရမယ် ဒါကသူ့ခံယူချက်

ဒီတော့သူကိုကင်မွန်းတပ်ကြတယ် မစ္စတာစွမ်းနိုင်သူလို့

နိုင်ဖို့အတွက် သူမကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်နေရင်တောင် အသေးစိတ်ကအစလေ့လာရင်း တွဲဖက်တွေကို ဘယ်လိုဘယ်ပုံလုပ်ဆိုပြီး လမ်းကြောင်းပေးတယ် သူလုပ်သလို လုပ်နိုင်စေချင်တယ် လုပ်တတ်စေချင်တယ် ကပျက်ကချော်လုပ်ရပ်မျိုး သူလည်းမလုပ်သလို ဘယ်သူမှလည်း မလုပ်စေချင်ဘူး

ဒီတော့နောက်ထပ်နာမည်ရလာပြန်ရော အမိန့်ပေးစေခိုင်းတတ်သူကြီးတဲ့

ရုတ်တရက်ကြည့်ရင် သူကသန်မာသူပဲ ဒါပေမဲ့ သူကမွေးကတည်းက ဒေါင်ဒေါင်မြည်ကျန်းမာသူတစ်ယောက်တော့မဟုတ်ဘူး ကာလရှည်ကြာ သူ့ကိုနှိုပ်စက်တဲ့ ဂေါက်ရောဂါ (အစစ်အမြစ်တွေရောင်ရမ်းမှုရောဂါ ) ကို အံတုယှဥ်ပြိုင်ရင်း အနိုင်ရဖို့ ကိုယ်ကာယပိုင်းကို ပိုအလေးထားဂရုစိုက်ခဲ့ရင်း ကာယအားခွန်ပြည့်ဝမှုဖို့ အမြဲလေ့ကျင့်သူတစ်ယောက်ဖြစ်လာတာ

တနည်းအားဖြင့် အာရောဂျံ ပရမံ လာဘံပေါ့
ကျန်းမာခြင်းက အကောင်းဆုံး ချမ်းသာခြင်းပါဘဲ
ဘာပဲလုပ်ချင်လုပ်ချင် မကျန်းမာရင် ဖြစ်ဖို့လုပ်နိုင်ဖို့ခဲရင်းပါတယ်

ဒီရောဂါကြောင့်ပဲ အစားအသောက် အနေထိုင်ကအစ စိစစ်နေထိုင်စားယောက်ရင်းက စွဲမြဲတဲ့အကျင့်တစ်ခုလိုဖြစ်ပြီး အရာရာတိုင်းမှာ အသေးစိတ်ကအစ သေသေချာချာ လေ့လာပြင်ဆင်သူတစ်ယောက်အဖြစ် အားလုံးကအသိအမှတ်ပြုရတဲ့အထိပေါ့

ဒီတော့လည်း နောက်ထပ်နာမည်ပြောင်တစ်ခု ထပ်ရလာတယ် 
အဂျီဂဂျောင်ကျတတ်တဲ့ ယောက္ခမကြီးလို့

သူ့ဘဝဟာ စာမျက်နှာနှစ်ခုကို တပြိုင်တည်းရေးပြီး ဖြတ်သန်းနေတာပါ
ဒါကြောင့် ဖန်သားပြင်ထက်ကပုံရိပ်တွေသာကြည့်ပြီး ကောက်ချက်ဆွဲရင် မှားပါလိမ့်မယ်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...