သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 6, 2021

ဂန်းဂယ်ရီ 강희건 Gary


ဂယ်ရီထွက်သွားခြင်းက ဒီရှိုးကို အကြီးအမားဆုံးအလှည့်အပြောင်း ဖြစ်စေသလားမပြောတတ်ဘူး

သူက ချောမောတဲ့ရုပ်ရည် ကြွယ်ဝတဲ့စကားလုံး ပြေပြစ်တဲ့ ဆက်ဆံရေးရှိသူလို့တော့ မဆိုနိုင်ပါဘူး သူပုံစံက သာမန်ညောင်းညတစ်ယောက်နဲ့ သိပ်မကွာခြားလှပါဘူး 

ဒါကြောင့်ထင်တယ် ရှိနေတုန်းက တကူးတက သတိမပြုမိတာ
ဒါပေမယ့်သူမရှိမှ ကွက်လပ်က ဘယ်လောက်ကြီးမားကြောင်း သတိပြုမိတော့တယ် 

အနည်းနဲ့အများ ထင်းရှားလိုကြတဲ့ အနုပညာအသိုင်းအဝိုင်းမှာ ပကတိအတိုင်းရိုးသားစွာနေတဲ့သူ ချောမောတဲ့ဧည့်သည်တွေလာတိုင်း သူရုပ်ရည်နဲ့ပတ်သက်ပြီး အမှန်အတိုင်းဖွင့်ဟသူ လှည့်စားမှုသိပ်မရှိပဲ လုပ်စရာရှိတာကိုသာ တရှိုက်မတ်မတ် လုပ်ဆောင်တတ်သူ လှည့်စားသူတွေ အားနာရလောက်အောင် ရိုးသားပွင့်လင်းစွာဆက်ဆံတတ်သူ 

သူထွက်ပြီး နောက်ပိုင်းမှာ တသသ ပြန်ကြည့်ရလောက်အောင် စွဲလန်းစေတဲ့အပိုင်း အတော်နည်းသွားတယ် ကိုယ့်အစွဲကြောင့်လည်း ဖြစ်မှာပါ

ဒီကြားထဲ ထပ်ဖြည့်ထားတဲ့ နှစ်ယောက်က ထူးခြားဆွဲဆောင်နိုင်တဲ့ ပင်ကိုယ်မူလပုံရိပ်မရှိတာဆိုးတယ် 

သူတို့မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး သူတို့က စည်းမတူတဲ့ အနေအထားမှာ အသားမကျနိုင်တာမျိုးလို့ထင်တယ် ကိုယ်ဟန်ပြအဝတ်အစား တောင်စဉ်ရေရာမရ စကားဖောင်ဖွဲ့တာတွေက ဒီရှိုးရဲ့ ရည်ရွယ်ချက်မှမဟုတ်တာ

တမင်ဖန်တီးနေစရာမလိုပဲ ပင်ကိုယ်ဗီဇကိုက ကွဲပြားတဲ့ အမူအကျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မှာ သူတို့နှစ်ယောက်ရဲ့ မူလအရည်အချင်းကို မဖော်ထုတ်နိုင်တာမျိုးပါ 

ဒါဟာသူတို့အတွက်လည်းနစ်နာတယ် တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပဲ အထင်လွဲခံလာရနိုင်တာမို့ပါ အားလုံးအတူတူအတူတကွလုပ်ဆောင်နေရင်းက ကွက်ပြီးအပစ်မြင်ခံနေရတဲ့သဘောမဟုတ်လား 

ဒါက စီစဥ်သူတွေရဲ့ အားနည်းချက်ပါ 

နောက်ပိုင်းမှာ တမင်လုပ်ယူတဲ့ဟန်ပန်တွေက သိပ်သိသာတယ် ရှိုးကလည်း အပြေးသမား ဆိုတာထက် အပြောသမားလို့ ဆိုရမလောက်ကို တော်ကီပွားနေတာနဲ့ သာမန်ဂိမ်းတွေသာ များလာတယ်

အခုဖြစ်နေတဲ့ ပြဿနာက ဇာတ်ရုပ်တွေညပ်နေတာပါ တစ်ယောက်တည်းလုပ်လည်း ပြီးနိုင်တဲ့အလုပ်ကို နှစ်ယောက်သုံးယောက် လုလုပ်သလိုဖြစ်နေတာ

သူတို့မှာ ကိုယ်ပိုင်ဇာတ်ရုပ်မရှိတော့ ပါလေရာပုံစံဖြစ်နေတယ် ဒီတော့ မူလသူ့ပရိတ်သတ်နုဲ့သူ ဆွဲဆောင်ထားတဲ့ အဖွဲ့ဝင်တွေရဲ့ ပရိတ်သတ်တွေမှာ မျက်စိစပါးမွှေးစူးစရာဖြစ်လာတယ် 

ဥပမာ အရင်က ဂွမ်ဆူဆိုရင် ကံဆိုးသူ အချစ်ကြီးသူ သစ္စာဖောက်သူ ဆိုတဲ့ဇာတ်ရုပ်ကို တစ်ယောက်တည်း နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်နေပါလျက် ဇာတ်ရုပ်ကို ခွဲဝေပေးနေရတော့ ကြည့်ရတဲ့ပရိတ်သတ်မှာ တစ်မျိုးဖြစ်သွားတယ် ဂျီဟိုနဲ့ဟားဟားလည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်

ဒီပြဿနာက ဘယ်လောက်ဆိုးသလဲဆိုတော့ တခါတရံ ဒီရှိုးရဲ့ ဦးဆောင်သူ ယူဂျယ်ဆော့ရဲ့ နေရာအထိပါ ပြဿနာတက်တယ် သူကိုယ်တိုင် ဟန့်ရတဲ့အထိပဲ

ဒီတော့ ရသစုံရှိုးအတွေ့အကြုံများတဲ့ ယူဂျယ်ဆော့နဲ့ဟားဟားမှာ မထောင်းသာလှပေမယ့် နဂိုကတည်းက နှုတ်နဲ့ပြီး လိုအပ်မှသာပြောတဲ့ ဂျီဟိုနဲ့ အားလုံးရဲ့အနွံတာကိုခံလာတဲ့ ဂွမ်ဆူတို့မှာ နစ်နာမှုတွေဖြစ်လာတယ်

အရင်ကလည်း ဇာတ်ရုပ်ညပ်တာတွေဖြစ်ခဲ့ဖူးပါတယ် 

ဥပမာ ကံဆိုးသူဆိုရင် ဂျီဆော့ဂျင်း ယူဂျယ်ဆော့ ဂွမ်ဆူဆိုပြီးတော့ပါ ဒါပေမယ့် တကယ်အရေးပါတဲ့အချိန်မှာ မူလဇာတ်ရုပ်ပိုင်ရှင်ဖြစ်သူ ဂွမ်ဆူကိုပဲ ဦးစားပေးလိုက်တာများတယ်

ဧည့်သည်မိန်းကလေးတွေလာရင် လူလွတ်ဖြစ်တဲ့ ကင်ဂျုံဂု ဂွမ်ဆူတို့နဲ့ စနောက်တတ်ပေမယ့် ဂွမ်ဆူသာ ဦးစားပေးဖြစ်တယ်

ကင်ဂျုံဂု ဟားဟားတို့လည်း ကံကောင်းသူတွေဆိုပေမယ့် ဂျီဟိုသာ ဦစားပေးဖြစ်တယ်

ဂယ်ရီ ဂွမ်ဆူတို့လည်းအားကောင်းပေမယ့် ကင်ဂျုံဂုသာ ဦးစားပေးဖြစ်တယ်

မူလအဖွဲ့ဝင်တွေရဲ့ အသက်အရွယ်ကြောင့် ထုတ်လုပ်သူတွေက နည်းလမ်းတစ်မျိုးနဲ့ ဆွဲဆောင်နိုင်ဖို့ လုပ်ဆောင်တာလည်း ဖြစ်နိုင်ပါတယ်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...