သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 6, 2021

ဟဒုံဟွန်း (ဟားဟား) 하동훈 Ha Dong Hoon (HaHa)

RM မှာ ဇာတ်ရုပ်အ​ပြောင်းအလဲအများဆုံး ဇာတ်ရုပ်အစုံဆုံးတစ်​ယောက်ရှိတာ သတိထားမိကြမလား မသိဘူး

အများစုက အစကတည်းက​နေ လက်ရှိအချိန်အထိ မူရင်ဇာတ်ရုပ်မပျက် တစိုက်မတ်မတ် လုပ်​ဆောင်ခွင့်ရ​ပေမယ့် သူက အ​​ခြေအ​နေ​ကြောင့်၄င်း အချိန်အခါ​ကြောင့်၄င်း လိုအပ်ချက်​ကြောင့်၄င်း အမြဲ​ပြောင်းလဲ လုပ်​ဆောင်​နေရတယ်

အားနည်းသူ အားကြီးသူ  
စကားများသူ စကားနည်းသူ 
ကံ​ကောင်းသူ ကံဆိုးသူ
အချစ်ကြီးသူ သစ္စာ​ဖောက်သူ 
ဒါက မူရင်းဖောင်ဖြစ်သလို့ သူတို့က လက်ရှိအချိန်အထိ ဒီဇာတ်ရုပ်​ပေါ်မှာပဲ ရှိကြပါ​သေးတယ်

သူက​တော့ အထက်က ပြထားတဲ့ အစုတိုင်းမှာပါတယ်လို့ ပြောလို့ရတယ်
ရံခါမှာ အားနည်းသူထဲမှာလည်း သူပါတယ်
ရံခါမှာ အားကြီးသူ​တွေထဲလည်း ပါတတ်တယ် 
ရံခါမှာ စကားများသူဖြစ်တတ်သလို
ရံခါမှာ စကားနည်းသူ တစ်​ယောက်ဖြစ်​နေပြန်​ရော
ရံခါမှာ ကံ​ကောင်းသူ​တွေ အသိုင်းအဝိုင်းထဲ ရှိ​နေတတ်သလို
ရံခါမှာ ကံဆိုးသူအဖွဲ့ဝင်ဖြစ်​နေပြန်​ရော
ရံခါမှာ သစ္စာ​​ဖောက်အစုအဖွဲ့ထဲ ရောက်​နေတတ်တယ်
ရံခါမှာ တုံးအသူ​တွေထဲမှာလည်းပါသလို
ရံခါမှာ ထူးခြားတဲ့အ​တွေးပုံစံရှိသူဖြစ်တယ်
ရံခါမှာ အလန်းဆုံးဖက်ရှင်ဖန်တီးတတ်သလို
ရံခါမှာ အဂွမ်းဆုံးပုံစံနဲ့ ကိုးရိုးကားယားကြီးလည်း ဖြစ်​နေတတ်တယ်

ရှေ့အပိုင်း အ​တော်များများမှာ အချစ်ကြီးသူ ဖြစ်တတ်သလို
နောက်ပိုင်းမှာ တစ်ဖက်က စလာရင်​တောင် ပကတိအ​ခြေအ​နေကို ချပြတဲ့အထိ တည်ငြိမ်​နေပြန်​ရော

ဒီလိုဇာတ်ရုပ်အစုံ လိုအပ်​နေတဲ့ ကွက်လပ်က​လေး​တွေမှာ ဖြည့်စည်းနိုင်စွမ်း ပြတ်​တောက်​နေတဲ့ကွင်းဆက်က​လေး​တွေကို ချိတ်ဆက်နိုင်စွမ်းဟာ တော်ရုံအရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး

တစ်ခုခုမှာ ထူးချွန်ဖို့က ကျိုးစားသူ​တွေအတွက် ဖြစ်နိုင်ပါတယ် ဒါ​ပေမယ့် စွယ်စုံရဖို့က ပင်ကိုယ်ပါရမီပါမှ ရနိုင်တာမျိုးပါ

သူက ဆားပွင့်​လေး​တွေနဲ့တူတယ် ဘာဟင်းချက်လဲမေးရင် ကြက်သား ဝက်သား စသည်ဖြင့် ပြောကြ​ပေမယ့် ဘယ်ဟင်းမှာမဆို ဆားမပါရင် ပေါ့ပျက်ပျက်ကြီးပါ 

ဟင်းထဲမှာ ပျော်ဝင်​ပျောက်ကွယ်သွားတာဖြစ်တာ​ကြောင့် ထင်ရှားတဲ့အမှတ်အသားမကျန်ခဲ့​တော့ မမြင်နိုင်တာဖြစ်သလို သတိမပြုမိတတ်တာ အဆိုးရယ်လို​တော့ မဆိုသာပါဘူး

သူကတော့ .....
RM စတင်ကတည်းက ကနေ့အချိန်အထိ 
ပျက်ရက်မရှိတဲ့ တစ်ဦးတည်းသော ကလေးဆိုးကြီးပဲ ဖြစ်ပါတယ်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...