သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 6, 2021

ယူဂျယ်ဆော့ 유재석 Yoo Jae Suk



RM က သူ့ရဲ့ပုံရိပ်ကို အများကြီးမှီတည်လို့ အစပြုခဲ့တာ အားလုံးသိမှာပါ

လောကမှာ ခေါင်းဆောင်နှစ်မျိုးရှိပါတယ်
ပထမတစ်မျိုးက ရှေ့ကနေစွမ်းစွမ်းတမံလုပ်ဆောင်ပြတတ်တဲ့ အားကျစရာ ခေါင်းဆောင်မျိုး

ဒုတိယတစ်မျိုးကတော့ ဘာလေးတော့ဖြင့် ဘယ်လိုလုပ်သင့်တယ် ဘယ်လို့လုပ်ရင် ပိုကောင်းသွားလိမ့်မယ်လို့ လမ်းပြတတ်တဲ့ခေါင်းဆောင်မျိုးပေါ့

သူက ဒုတိယအမျိုးအစားထဲက သူမျိုးပါ
သူ့က အားကျစရာအရည်အချင်းတွေ တပုံတပင်ပိုင်ဆိုင်ထားသူလို့ မဆိုနိုင်ဘူး
ဒါပေမယ့် သူ့အဖွဲ့သားတွေအကြောင်းကို လေ့လာတယ် 
လာရောက်အားဖြည့်သူတွေအကြောင်းကိုလေ့လာတယ်
အဓိကနဲ့သာမညကို နားလည်တယ် 
ဒီအချိန်မှာ ဒီနေရာမှာ ဘယ်သူ့ကိုပွဲထုတ်ရမယ်ဆိုတာသိတယ်

လုံးဝလူသစ်လိုဖြစ်တဲ့ ဂွမ်ဆူကို စတားတစ်ယောက်ဖြစ်လာအောင် တွဲခေါ်သွားတာ ပွဲထုတ်တာတွေဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့သားတွေရဲ့ အားသာချက်အားနည်းချက်တွေကို ချိန်ညှိလမ်းပြပေးတတ်ခြင်းရဲ့ ပြည့်စုံတဲ့ ဥပမာတစ်ခုပါပဲ

ရေသေနတ်အပိုင်းမှာ အစောကြီးကတည်းက ကင်ဂျုံဂုကို ထုတ်ခွင့်ရပါလျက် နောက်ဆုံးအထိဆွဲခေါ်ပြီး ပရိတ်သတ်ရင်ကို တလှပ်လှပ်ဖြစ်စေခဲ့တာ အဓိကနဲ့ သာမညကို နားလည်းခြင်းသဘောပါပဲ တကယ်လို့ ကင်ဂျုံဂုကို အစောကြီးကတည်းက ထုတ်ပြီး နောက်ဆုံးအချိန်မှာ တခြားလူတစ်ယောက်ယောက်ဖြစ်နေခဲ့ရင် ဒီလောက်ရင်ခုန်စရာကောင်းမှာမဟုတ်ဘူးလေ

အားခွန်နဲ့ပတ်သက်ရင် ကင်ဂျုံဂုကိုပွဲထုတ်ဖို့ သူကိုယ်တိုင် ရှက်ဖွယ်ပုံသဏ္ဍာန်နဲ့အဆုံးသတ်ရပါစေ တွန့်ဆုတ်မနေဘူး တွေဝေမနေဘူး

သူရှုံးခြင်းနိုင်ခြင်းအပေါ်မှာ အာဃာတမရှိဘူး နိုင်သူကိုလည်း အကောင်းဆုံးချီးမြှောက်တတ်သလို သူ့ကိုယ်တိုင် စောစောစီးစီးရှုံးသွားပါစေ ဆိုးဆိုးဝါးဝါးရှုံးပါစေ စောဒကတက်မနေဘူး

ခေါင်းဆောင်ဆိုတဲ့ မာန်မရှိဘဲ အခွင့်ထူးမယူဘဲ အဖွဲ့သားတွေနဲ့ တသားတည်း ပြုမှုနေထိုင်တတ်တယ်( ဒါကို တရုတ် RM ကြည့်ရင်သိသာပါတယ် တရုတ် RM မှာ ခေါင်းဆောင်ရဲ့နာမည်ကတ်က အခြားလူတွေထက်သေးတယ်)

မြန်မာ့ဗန်းစကားတစ်ခုနဲ့ပြောရရင် သူကမိုက်ခဲတစ်ယောက်ပေါ့
စကားမပြောရရင် မနေနိုင်တာ လူတိုင်းနဲ့ လက်စုံကျတတ်တာ စကားပြောပြီးရင်း ပြောနေတတ်တာမျိုးလို့ ထင်ရပေမယ့် သူ့ရဲ့အသက်မွေးဝမ်းအလုပ်ကိုက စကားပြောခြင်း အတတ်ပညာအပေါ်မှာ အခြေခံထားတာမေ့မထားသင့်ဘူး

သူမှားရင်လည်း ဝန်ခံဖို့မတွန့်ဆုတ်သလို 
အဖွဲ့သားတွေရဲ့အမှားကိုလည်း ထောက်ပြဖို့ တုံ့ဆိုင်းမနေဘူး
ဒီလိုမပြောရဘူးလေ ဒီလိုမလုပ်ရဘူးလေ ဆိုပြီး ပြောတာတွေတွေ့မှာပါ 
မှားသူကို နှိမ့်ချပြောဆိုပြီး အမှားအတွက် အရှက်ရစေတာမျိုးမလုပ်ဘဲ 
ဘယ်လိုလုပ်သင့်တယ် ဘယ်လိုပြောသင့်တယ်ဆိုပြီး အမှားကိုထောက်ပြရင်း 
ဖြေရှင်းရမယ့်နည်းလမ်းပါ တခါတည်းလမ်းပြတယ်

ဒါကြောင့်ပဲ အသက်ပိုကြီးတဲ့အစ်ကိုကြီးကအစ ညီတွေနှမတွေကိုယ်တိုင်က ခေါင်းဆောင်တစ်ယောက်အဖြစ် အားလုံးကတညီတည်း အလေးထားတာဖြစ်တယ်

EP 43 မှာဆိုရင် ဂျီဆော့ဂျင်းပြောတဲ့မှတ်ချက်ဟာ ရုတ်တရက်ကြည့်ရင် ဟာသသဘောပြောတယ်လို့ထင်ရပေမယ့် သိပ်စိတ်ဝင်စားစရာ အလေးထားစရာကောင်းတယ်
 
မင်းနဲ့အတူ တစ်သင်းတည်းကျတာကောင်းတယ်
မင်းကရူပါကလွဲလို့ ကျန်တာအားလုံးပြည့်စုံတယ်တဲ့

သင်တို့ကော အကြောင်းကြောင်းကြောင့် ခေါင်ဆောင်နေရာကို ရောက်သွားနိုင်ပါတယ် 
ဥပမာ မိဖဖြစ်လာရင် သားသမီးရဲ့ ခေါင်းဆောင်ပေါ့ 
ဒီအချိန်မှာ ငါကခေါင်းဆောင်ပဲ ငါပြောတာအမှန် ငါပြောတာသာလုပ်ရမယ်လို့ ခေါင်းဆောင်တစ်ယောက်ရဲ့ အာဏာနဲ့ အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံရင် နောက်လိုက်တွေရဲ့ လေးစားချင်ခင်မှုကို ဘယ်တော့မှရမှာမဟုတ်ပါဘူး ကြောက်လို့ တုံ့ပြန်မပြောချင်လို့သာ အလိုက်သင့်နေကြပါလိမ့်မယ်

အကယ်၍ သင်ကိုယ်တိုင်ခေါင်းဆောင်တစ်ယောက်ဖြစ်လာရင်
ဘယ်လိုခေါင်းဆောင်မျိုးဖြစ်ချင်လဲ
ဒါမှဟုတ် ဘယ်လိုခေါင်းဆောင်မျိုးနဲ့ လက်တွဲချင်လဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...