သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 6, 2021

ဂျီ​ဆော့ဂျင်း 지석진 Jee Seok Jin

ဂျယ်​ဆော့​ရေ...
အစ်ကိုက အသက်အကြီးဆုံးဖြစ်​ပေမယ့် ရသစုံရှိုးမှာ အစ်ကို့ဘိုး​အေ​လောက် အ​တွေ့အကြုံရှိတဲ့ မင်းရဲ့ဦး​ဆောင်မှု​နောက်လိုက်ရချင်းအတွက် နည်းနည်းမှ သိမ်ငယ်စိတ်မဖြစ်မိ​ကြောင်းကို ပြောပြချင်တယ် 

မင်းသိမလား အစ်ကိုအတွက်​တော့ မင်းနဲ့တစ်သင်းတည်း နေရချိန်​တွေက အဆင်အ​ပြေဆုံးဆိုတာ ဖြတ်သန်းခဲ့ဖူးတဲ့ အ​တွေ့အကြုံ​တွေအ​ကြောင်း ဂီတ​တွေအ​ကြောင်း ရုပ်ရှင်​တွေအ​ကြောင်း အားပါးတရ​ပြောနိုင်ခွင့်က အခြားသူ​တွေနဲ့ မဖြစ်နိုင်ဘူး​လေ ဖြတ်သန်းခဲ့တဲ့ ခေတ်ခြင်းကွာလွန်းလှတယ်မဟုတ်လား

တစ်ခုပဲအားနာမိတယ် တို့နှစ်​ယောက်တည်း တစ်သင်းကျချိန်မှာ အနိုင်ရလဒ် မျှော်မှန်းနိုင်​ချေ သိပ်မရှိတာကို​​ပေါ့

ဂျုံဂု​ရေ...
ပရိတ်သတ်​တွေ သိနိုင်မယ်မထင်တဲ့အ​ကြောင်း​တွေ​ပြောချင်တယ် အများ​သောအားဖြင့် မင်းနဲ့အသင်းတစ်သင်းတည်းမ​နေဖြစ်တဲ့အ​ကြောင်း​ပေါ့

အားကြီးသူ စီမံခန့်ခွဲတတ်သူ ဒေါသကြီးသူအ​နေနဲ့ ရှင်သန်​နေရတဲ့ မင်းရဲ့အသင်းမှာ အစ်ကိုသာပါခဲ့ရင် ပြောဆိုချိန်တိုင်းမှာ ချင့်ချိန်​နေရမယ် အားနာ​​နေရမယ် မင်းစိတ်မ​ကောင်းဖြစ်​နေရမယ်မဟုတ်လား တင်ဆက်မှုအပိုင်းမှာ ဂျယ်​ဆော့က ခေါင်း​ဆောင်ဖြစ်သလို ကာယပိုင်းမှာ မင်းကငါတို့ရဲ့​ခေါင်း​ဆောင် စစ်စစ်ပါပဲ

 မင်းအစ်ကို့ကို အမြဲ​ပြောတတ်တယ်​နော် ပုံမှန် ကိုယ်ကာယပိုင်း လေ့ကျင့်မှ အသက်ကြီးချိန် ကျန်းကျန်းမာမာနေနိုင်မယ့်အ​ကြောင်းကို​ပေါ့ ခုချိန်ထိ မလုပ်ဖြစ်​သေးတဲ့အတွက် မင်းရဲ့​စေတနာကို အသိအမှတ်မပြုရာများ​ရောက်​နေမလားလို့ အစ်ကို အမြဲအားနာမိတယ်

ဂယ်ရီ​ရေ...
ချစ်တတ်တဲ့ကောင်​လေး အခုမင်းဘယ်များ​ရောက်​နေပြီလဲ 

ဒီ​လောက်ချစ်တတ်တဲ့​ကောင်​လေးက မင်းချစ်တဲ့သူ​တွေနဲ့ နှစ်ရှည်လများ အဆက်အသွယ်ပြတ်​နေတာ ပျော်နိုင်ပါ့မလားလို့ အစ်ကိုစိတ်ပူတယ် အစ်ကိုတို့ထက် ချစ်ရမယ့်သူ​ တွေ့​နေရမယ်ဆိုရင်​တော့ မျက်ရည်ကြားက ပြုံး​နေမိမှာပါ မင်း စပိုင်လုပ်တဲ့အပိုင်းမှာ လှည့်စားခဲ့ရတဲ့အတွက် အစ်ကိုတို့ အခုအထိ စိတ်မ​ကောင်းဖြစ်​နေရ​ကြောင်း သိ​စေချင်တယ်  

မင်းရဲ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ပြောခဲ့သမျှအတွက် အားနာမိ​ကြောင်း ပြောပြချင်​သေးတယ် ဆုံနိုင်ခွင့်ရှိ​သေးရင်​ပေါ့

ဟားဟား​ရေ...
အောင်မြင်​နေသူ​​​တွေများစွာနဲ့ ရင်းနှီးတဲ့ မင်းဆီက ကျွန်​တော်အစ်ကို့ဆီက သင်ယူခဲ့တာ​တွေ သင်ယူစရာ​တွေ အများကြီးရှိတယ်လို့ လူသိရှင်ကြားထုတ်​ဖော်​ပြောတဲ့အထိ မင်းအစ်ကို့အ​ပေါ် အ​လေးအနက်ထားတယ်တဲ့လား 

အံ့သြမိသလို အလွန်အမင်းဝမ်းသာ​နေ​ကြောင်း မင်းကိုသိ​စေချင်တယ်

မင်းရဲ့အရပ်အ​မောင်းနဲ့ ပတ်သက်ပြီး စ​နောက်မိခဲ့သမျှအတွက်လည်း အားနာမိရင်း​ပေါ့

ဂျီဟို​ရေ....
ငယ်ရွယ်တဲ့ မင်းသမီး​တွေလာတိုင်း ကျွန်မ အစ်ကို​ဆော့ဂျင်းကိုဘဲ ရွေးချယ်မယ်တဲ့လား

ဘာအတွက်မှဖိအားမ​ပေးတတ်တဲ့ မင်းနဲ့အတူဖြတ်သန်းရတာ အစ်ကို့အတွက် သက်​တောင့်သက်သာအရှိဆုံးပဲ ဒီလို ကာလရှည်ကြာဖြတ်သန်းခွင့်ရတဲ့အတွက် ကံ​ကောင်းသူတစ်​ယောက်ဖြစ်​ကြောင်း အားလုံးကို ကြွေး​​ကျော်လိုက်ချင်တယ် 

အခြားမင်းသမီး​တွေလာတိုင်း ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး နှိုင်းယှဥ်​​ဝေဖန်ခဲ့တာ​တွေအတွက် အားနာမိ​ကြောင်း အစ်ကို​ပြောချင်သေးတယ်

ဂွမ်ဆူ​ရေ...
ငါတို့​​ပြောသမျှ ဦးညွှတ်ရင်း ဟုတ်ကဲ့ ဟုတ်ကဲ့အစ်ကို ပြောတတ်တဲ့​ကောင်​လေးက အခု အာရှမင်းသား​လေးတဲ့လား

ပြန်​တွေးကြည့်တိုင်း မ​နေ့တစ်​နေ့ကလိုဆို​ပေမယ့် အချိန်​တွေကုန်လာလိုက်တာကွာ ၁၀နှစ်​တောင်ရှိလာပြီ အားလုံး​ပြောင်းလဲသွား​ပေမယ့် မင်း​ရဲ့အမူအကျင့်​တွေ မ​ပြောင်းလဲပဲ ရှိ​နေ​သေးတဲ့အတွက် အစ်ကို အံ့သြရသလို လေးစားမိတယ် အခုလည်း မင်းက ဟုတ်ကဲ့ ဟုတ်ကဲ့အစ်ကိုလို့ ဦးညွှတ်ရင်း ပြော​နေအုံးမယ်မဟုတ်လား

ပရိတ်သတ်ကြီး ပျော်ရွှင်​စေဖို့ တင်ဆက်ရတာဆို​ပေမယ့် တို့နှစ်​ယောက်ဆုံတိုင်း လွယ်ကူတဲ့ညီအစ်ကိုအဖွဲ့ ဖြစ်သွားတာ​တော့ မင်းကိုအားနာမိတယ်

ပရိတ်သတ်ကြီး​ရေ....
အသက် ၅၄နှစ်အရွယ် အားနည်းတဲ့ အစ်ကိုကြီးကို အား​ပေးတဲ့အတွက် အမှန်တကယ် အားနာမိပါတယ်

●●●●●●●●●●●●●


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...