သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, September 23, 2021

ဆရာတက္ကသိုလ်ဘုန်းနိုင်မှ ဆရာချစ်ဦးညိုအတွက်ကျီစယ်ပြီးရေးတဲ့ကကဗျာ

ဆရာဘုန်းဆိုတာ သိတဲ့အတိုင်း ကဗျာဉာဏ်ရည် ပြည့်ဝလွန်းသူပါ

လမ်းဘေးမှာအလေ့ကျပေါက်တဲ့ ဘာမဟုတ်တဲ့ စွယ်တော်ရွက်ကလေးကို သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ဇာတ်လမ်းလေးထဲမှာ

ခိုင်နဲ့ကျွန်တော့်ဘဝမှာ
နှစ်လွှာပေါင်းမှတရွက်
စွယ်တော်ရွက်ပမာ

ဆိုပြီး ဖွဲ့သီထားလိုက်တာများ
ကျွန်တော်တို့မှာ အပြေးအလွှားသွားခူးလို့ တကူးတကသိမ်းရတဲ့အထိပေါ့

ဖြစ်ပုံက..

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်တော့ ဆရာချစ်ဦးညိုက ဇာတ်ညွှန်းရေးဆရာအနဲ့ပါဝင်ခဲ့တယ် ဆရာချစ်ဇနီး ဒေါ်မြင့်မြင့်အေး ကလည်း အဝတ်အစား ဒါရိုက်တာအဖြစ်နဲ့ပေါ့

ပြင်ဦးလွင်(မေမြို့) ရိုက်ကွင်းမှာရိုက်နေရင်း တစ်နေ့မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ ဆရာကြည်စိုးထွန်း (ဒါရိုက်တာ) အပြင်မှာစကားလက်စုံကျနေတုန်းမှာ ဆရာချစ်တို့နေတဲ့ အခန်းထဲက ဝုန်း.. ဆိုတဲ့အသံကြီးကြားရတော့ ဘာများဖြစ်တာလည်းလိုသွားကြည့်ရာမှာ အခန်းထဲမှာ ကုတင်ကျိုးလို့  ကုတင်ကြားညပ်နေတဲ့ ဆရာချစ်ကိုတွေ့ရတော့တာပဲ

ဒါနဲ့အဲ့ဒီဖြစ်ရပ်လေးကိုကြည့်ပြီး လက်တမ်းစပ်ဆို ကျီစယ်ထားတယ်လို့ ဆိုပါတယ်

သူ့ကျွန်တဲ့ မခံပြီ
ချစ်ဦးညို ရဲမာန်ကြွ
စွမ်းပြလေပြီ...

မေမြို့တဲ့ ဒီစီ
ကျိုးပြီကွဲ့ကုတင်ကြီး
မယ်မြင့်ပျိုအနေခက် ရှက်ရသတည်း....

(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...