သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 6, 2021

လီဂွမ်ဆူ Lee Kwang Soo 이광수

ရှုံးပါတယ်ဆိုမှ ဘယ်လိုလုပ်​အောင်မြင်တယ်လို့ ဆိုနိုင်မလဲလို့ မေးစရာရှိမယ်ထင်တယ် 
ဖြေစရာ သက်​သေသာဓကတစ်ခုကို ချမပြခင်အထိ​ပေါ့

ယှဥ်​ပြေး​နေရင် ခြေ​ခေါက်လဲကျတယ်
အလုံးသုံးဆယ်​​လောက်ရှိတဲ့ ကြက်ဥပြုတ်​တွေထဲကမှ တစ်လုံးတည်း​သောအစိမ်းကို ရွေးချယ်မိတယ်
ကတ်ပေါင်းများစွာထဲကမှ အန္တရာယ်အရှိဆုံးကတ်ကို ရွေးချယ်မိလျက်သားဖြစ်​နေတတ်တယ်
ဒါဏ်​ပေးခံရတာချင်းအတူတူ သူကအပြင်းထန်ဆုံးဖြစ်​နေတတ်တယ်

ဘာ​ကြောင့်များလဲ
သူက ရှုံးနိမ့်ဖို့အတွက်ပဲ မွေးဖွားလာသူလား
အနိုင်ရလဒ်က သူ့အတွက် သိပ်ခက်ခဲလွန်း​နေလား ဝေးကွာ​နေလို့လား

ဒါ​ပေမယ့် အံ့သြစရာ​တော့​ကောင်းတယ်
ကမ္ဘာမှာ အရှုံး​တွေရင်ဝယ်ပိုက်ပြီး အောင်မြင်မှုရလဒ်ကို ဖော်​ဆောင်နိုင်တာ သူတစ်ဦးတည်းရှိလိမ့်မယ်ထင်တယ်

အနိုင်ရဖို့က ကျိုးစားသူတိုင်းအတွက် ဖြစ်နိုင်​ပေမယ့် ရှုံးတတ်ဖို့က ထင်သ​လောက်မလွယ်ဘူး လူတိုင်းကျရှုံးနိုင်ပေမယ့် အရှုံးအ​ပေါ်မှာ လက်ခံပုံချင်း ခံယူချက်ခြင်း မတူညီကြဘူး

အချို့က အရှုံးထဲက​နေသင်ယူပြီး အ​ကောင်းဆုံးရုံးထွက်ကာ အောင်မြင်မှုဆီချီတက်ကြတယ်
အချို့က ငါမလုပ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူး မရနိုင်ပါဘူးဆိုပြီး အရှုံးထဲမှာပဲနစ်မွန်းသွားကြတယ်

ဒါ​ပေမယ့်သူက​တော့ထူးခြားတယ် ရှုံးတတ်ဖို့ သင်ယူရင်းနဲ့ အောင်မြင်မှုဆီသွားတယ်
အများနဲ့မတူတဲ့ လမ်းသစ်တစ်ခု​​ဖောက်တယ်

ရှုံးတတ်ဖို့ လှလှပပရှုံးတတ်ဖို့ အ​ကောင်းဆုံးရှုံးတတ်ဖို့အတွက်
ငယ်ရွယ်တက်ကြွတဲ့ အားခွန်​တွေကို ချိနဲ့ပစ်ဖို့ ကျိုးစားတယ် 
ရှည်လျှားလွန်းတဲ့ ခန္ဓာကိုယ်ကို ကွေးညွှတ်ပစ်လိုက်တယ်
သပ်ရပ်သန့်ရှင်းဖို့ထက် ရှုပ်​ထွေးညစ်ပတ်ပြစ်ဖို့ ကျိုးစားတယ်

ဒီလိုနဲ့
ကြောက်ရွံ့ ပြတတ်လာတယ်
ရှက်ပြတတ်လာတယ်
အော်ဟစ်ပြတတ်လာတယ်
နာကျဥ်ပြတတ်လာတယ်
ရှုံးနိမ့်ပြတတ်လာတယ်

ဒါ​ကြောင့်ပဲ ပရိတ်သတ်​တွေက ဘာရယ်မဟုတ်ဘူး သူ့ကြည့်​နေရင်ကို ရယ်ချင်​နေတာ ဘယ်အချိန် ဘာများလုပ်လိုက်မလဲလို့ ရင်ထိတ်​နေရတာဖြစ်ပါတယ်

ဂျယ်​ဆော့ရဲ့ အစွမ်းက နှုတ်ဖြား
ဂျုံးဂုရဲ့ အစွမ်းက ခွန်အား ဖြစ်သလို
သူ့ရဲ့ အစွမ်းက ရုတ်တရက်​ပြောင်းလဲနိုင်တဲ့ အမူအရာ (အ​ခြေအ​နေအလိုက် အလိုက်သင့်ပြုမှုနိုင်တာ ) လို့ ပြောရ​လောက်​အောင် ကောင်မွန် သပ်ရပ်လာတယ် 

သူ့ရဲ့ရုတ်တရက်တုန့်ပြန်မှု အမူအရာပိုင်းမှာ အထွဋ်အထိတ်အထိ ကောင်းမွန်လာတယ်
ဥပမာ မှော်​​ကြေးမုံအပိုင်းမှာ ဂျီဟိုက နောက်က​နေ ခေါင်းကိုရိုက်လိုက်တယ် သူက​​ခေါင်းမလှည့်ရသူဖြစ်​ပေမယ့် ခေါင်းကို​နောက်လှည့်လို့ နာကျဥ်ပြလိုက်တာ အင်မတန်အသက်ဝင်တယ် တနည်းအားဖြင့် ဒါဟာလှလှပပ အသက်ပါပါ ရှုံးနိမ့်ပြတတ်တဲ့ သူ့ရဲ့စွမ်းရည် ဘယ်​လောက်​ကောင်းလည်းဆိုတာ ပြသလိုက်တာပါဘဘဲ

အရှုံး​တွေ ကံမ​ကောင်းမှု​တွေကို သူဘဝအတွက် လှေခါးထစ်​တွေအဖြစ် ပြောင်းလဲပြီး အောင်မြင်မှုဆိုတဲ့ အနိုင်ရလဒ်ဆီ သူချီတက်ပြတယ်

အစပထမမှာ သူက သိပ်ရှုံးနိမ့်လွယ်သူ ကံဆိုးလွန်းသူလို့မဆိုနိုင်​ပေမယ့် ရည်ရွယ်ရာအတွက် နေရာတစ်ခုဖန်တီးရင်း အရှုံး​တွေ ကံဆိုးမှု​တွေနဲ့ အသားကျလာပြီး နောက်ပိုင်း အမှန်တကယ်လား သရုပ်​ဆောင်တင်ဆက်​နေတာလား ခွဲခြားမရ​အောင် သူ့ရဲ့ပုံရိပ်လို စရိုက်လက္ခဏာလို ဖြစ်သွားတယ် 

ယှဥ်ပြိုင်သူတစ်​ယောက်ဖြစ်​ပေမယ့် သူ့ရဲ့တာဝန်က အနိုင်သက်သက်အတွက်မဟုတ်တာ အားလုံးသတိထားမိမယ်ထင်တယ် သူက ပြိုင်ပွဲအ​ခြေအ​နေလိုက်ပြီး ထိမ်းညှိ​ယှဥ်ပြိုင်ရတယ် ကိုယ့်အသင်းအသာရ​နေရင် အားနည်းပစ်ရတယ် ယှဥ်​​ပြေး​နေရင် လဲကျပြစ်ရတယ် ဘာ​ကြောင့်လဲဆို​တော့ သူတို့က ပြိုင်ပွဲတစ်ခုဆို​ပေမယ့် ယှဥ်ပြိုင်မှုသက်သက်မဟုတ်ဘဲ ဖြေ​ဖျော်တင်ဆက်နေရတာ​ကြောင့်ပါ

ပြိုင်ပွဲတစ်ခုမှာ တစ်ဖက်သတ် အပြတ်အသတ်ဖြစ်​နေရင် ဘယ်ကြည့်လို့​ကောင်းပါ့မလဲ ဒီအ​ခြေအ​နေကို သူက ထိမ်းညှိ​ပေးတာပါ ဘယ်​လောက်​လျော့​ပေး​ပေး တစ်ဖက်က လိုက်မမှီဘူးဆိုရင်​တော့ သူရဲ့​နောက်ဆုံးဝှက်ဖဲတစ်ချပ်ကို ထုတ်သုံးလိုက်တယ် 

အဲ့ဒါက​တော့ သစ္စာ​​ဖောက်လိုက်တာပါဘဲ

သူတို့ရဲ့အစီအစဥ်က ငယ်ရွယ်သူက​လေး​တွေအတွက်ပါ ကြည့်နိုင်ဖို့ ရည်ရွယ်တင်ဆက်တာဖြစ်တဲ့အတွက် က​လေး​တွေအမြင်မှာ သစ္စာ​ဖောက်သူတစ်​ယောက်က အနိုင်ရသွားတယ်ဆိုတဲ့ မ​ကောင်းတဲ့အကျင့်တစ်ခု စွဲကပ်မသွားဖို့ သူ့ကိုသူ လှလှပပ အဆုံးသတ်ပေးရတယ်

လောကမှာ သစ္စာ​ဖောက်သူတစ်​ယောက်က နောက်ဆုံးဒီလိုပဲအဆုံးသတ်ရမှာလို့ နုနယ်တဲ့နှလုံးသား​တွေထဲ သူ့ရဲ့ကျွမ်းကျင်တဲ့ အရှုံးရလဒ်​တွေနဲ့ ကဗျည်းထိုး​ပေး​ရင်းပေါ့

သူ့ရဲ့​အောင်မြင်မှုအတွက် ဂုဏ်ပြုသံဟာ လက်ခုတ်သံမဟုတ်ပါဘူး 
ရယ်​မောသံ​တွေပါ

ဒါ​ကြောင့် ကြည့်ရှုချိန်မှာ ရယ်​မောလိုက်ပါ....
တိုးတိုးညှင်းညှင်းအသံထွက်လို့ ရယ်​မောလိုက်ပါ
နှုတ်ခမ်းကို လက်ဝါးအုပ်လို့ ရယ်​မောလိုက်ပါ
ကိုယ်ခန္ဓာတသိမ့်သိမ်တုန်​အောင် ရယ်​မောလိုက်ပါ
လက်ခုတ်လက်ဝါးတီးလို့ ရယ်​မောလိုက်ပါ
အူလှိုက်သည်းလှိုက် ရယ်​မောလိုက်ပါ
မပြုံးပဲဝါးလုံးကွဲ အားပါးတရ ရယ်​မောလိုက်ပါ

နာကျဥ်မှု​တွေ ထွက်​ပြေးသွားတဲ့အထိ ရယ်​မောလိုက်ပါ
နွမ်းနယ်မှု​တွေ လျှော့ပါး​ပြောက်ကွယ်သွားတဲ့အထိ ရယ်​မောလိုက်ပါ
စိတ်ညစ်မှု​တွေ အ​ဝေးဆုံးလွင့်စင်သွားတဲ့အထိ ရယ်​မောလိုက်ပါ

ဒီလို ပရိတ်သတ်​တွေ ရယ်​မောနိုင်မို့ ဘဝအ​မော စိတ်အ​​မော​တွေ ပြေ​ပြောက်​စေဖို့ သူ ကံဆိုး​နေတာ လဲကျ​နေတာ ရှုံးနိမ့်​နေတာဖြစ်ပါတယ်

ဒီရယ်သံ​တွေဟာ အောင်မြင်သူတွေအတွက် ဂုဏ်ပြုတီးခပ်တဲ့ လက်ခုတ်သံ​တွေထက် သူ့ကို ပိုပြီးအားအင်ဖြစ်​စေမယ် ကြည်းနူးပီတိဖြစ်​စေမယ်ဆိုတာ အ​သေအချာပါဘဲ

သင်တို့​ကော ကိုယ့်ကိုယ်ကိုကံဆိုးလွန်းတယ်လို့ ထင်​နေရင်​တော့ ကံဆိုးလွန်းသူ အားနည်းလွန်းသူတစ်​ယောက်ရဲ့ အောင်မြင်မှုဆီ​လျှောက်ရာလမ်းကို အားကျအတုယူနိုင်ပါ​စေ​ကြောင်း ဆန္ဒပြုရင်း....

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...