သူ့သမီးကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
ကျောင်းသားတွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
ပြည်သူတွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
သာသနာဝင်တွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး
တကယ်ပါ ဘုရားစူးရစေ့
နယ်ချဲ့ကို အမြစ်ဖြတ်ဖို့ဖွဲ့စည်းခဲ့တာပါ
အနာဂါတ်ကို ပစ်သတ်မယ်မှန်းသိနိုင်ခဲ့ရင်...
သုံးကျိပ်နဲ့စခဲ့ပေမယ့်
သုံးစိတ်ကျော်က ပြည်သူကို မောင်းတင်
ကျန်တစိတ်က ယောင်ချာချာ
အားနာနာနဲ့ပြောပါရစေ...
သူတို့မှာ သုံးကျိပ်ရဲ့ဝိဉာဏ်မျိုးပါမလာဘူး
ဗိုလ်ချုပ်ရေ.......
သန်းထွန်းလေး ● အင်းတဲရွာ
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Tuesday, October 5, 2021
ဝိဉာဏ်မဲ့
သန်းထွန်းလေး (အင်းတဲရွာ)
မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉)
မြန်မာတို့ရဲ့စိတ်နေစိတ်ထား နဲ့ ကောင်းကျိုးဆိုးကျိုး (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၉) ________ . ဗုဒ္ဓဒေသနာတွေကို သရုပ်ခွဲကြည့်ရင် သုတ္တန် ဝိန...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
အရိုး စာအုပ်များစုစည်းမှု ( ၁၀ )အုပ်ပါခဗျာ ၁။ဇီတာ http:// www.mediafire.com /download/pq84w3qtry49n4x/106_AYoe_ZiTar.pdf ၂။ခြေတစ်လှမ်းမှ ...
No comments:
Post a Comment