သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, October 5, 2021

ဝိဉာဏ်မဲ့

သူ့သမီးကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး

ကျောင်းသားတွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး

ပြည်သူတွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး

သာသနာဝင်တွေကို
ပစ်သတ်မယ့် စစ်တပ်ဖြစ်လာမယ်ဆိုတာသိခဲ့ရင်
ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့လိမ့်မယ်မထင်ဘူး

တကယ်ပါ ဘုရားစူးရစေ့
နယ်ချဲ့ကို အမြစ်ဖြတ်ဖို့ဖွဲ့စည်းခဲ့တာပါ
အနာဂါတ်ကို ပစ်သတ်မယ်မှန်းသိနိုင်ခဲ့ရင်...

သုံးကျိပ်နဲ့စခဲ့ပေမယ့်
သုံးစိတ်ကျော်က ပြည်သူကို မောင်းတင်
ကျန်တစိတ်က ယောင်ချာချာ

အားနာနာနဲ့ပြောပါရစေ...
သူတို့မှာ သုံးကျိပ်ရဲ့ဝိဉာဏ်မျိုးပါမလာဘူး
ဗိုလ်ချုပ်ရေ.......

သန်းထွန်းလေး ● အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...