သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, September 20, 2021

ဆောင်းဂျွန်ကီ Song Joong Ki 송중기



RMရဲ့မူလလက်ဟောင်း အဖွဲ့ဝင်ဖြစ်တာအညီ ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေမှာ သူ့ဆီကနေ မျှော်လင့်ချက်အချို့ရှိနေမှာမလွဲပါဘူး

စကားများသူ နည်းသူ
အားကြီးသူ အားနည်းသူ ဒီဖရိန်တွေလိုဘဲ 
ရုပ်ဆိုးသူ ရုပ်ချောသူဆိုတဲ့ကဏ္ဍနဲ့ သူ့ရဲ့ ပြေပြစ်တဲ့အဆင်းကနေ ကွဲပြားတဲ့ဇာတ်ရုပ်တစ်ခု ဖန်တီးလိုဟန်တူတယ်

ဒီရှိုးအတွက် နှုတ်ခမ်းနီမလေးတွေကိုဆွဲဆောင်ဖို့နဲ့ လာရောက်အားဖြည့်တဲ့ မိန်းကလေးဧည့်သည်တွေနဲ့ အချစ်ဇာတ်လမ်းတိုလေးတွေ အတွက်ပေါ့ 
တနည်းအားဖြင့် မင်းသားလေးအသွင်ပေါ့

ဒါပေမယ့် ထုတ်လုပ်သူနဲ့ဒါရိုက်တာတွေ လုံးဝမျှော်လင့်ထားဟန်မတူတဲ့ အရည်အသွေးတွေ လုပ်နိုင်စွမ်းတွေကို တစတစ တစ်ပိုင်းပြီးတစ်ပိုင်း ထုတ်ပြပြီးနောက်မှာ သူ့ပုံစံက ဗီရိုပေါ်က အလှပြမင်းသားလေးပုံစံထက် အများကြီးသက်ဝင်လှုပ်ရှားလာတယ်

အငယ်ဆုံးအဖွဲ့ဝင်တွေအဖြစ် အသင်းဖွဲ့စည်းရာမှာလည်း
ဂျီဟို ဂွမ်ဆူ ဂျွန်ကီ အသင်းပုံစံက နုပျိုတက်ကြွမှုတွေအပြည့်ပေါ့

ဆော့ဂျင်း ဂျယ်ဆော့ တို့လို အစ်ကိုကြီးတွေနဲ့ဆိုရင်လည်း 
သဟဇာတဖြစ်ဖြစ် လိုက်လိုက်ရောရော

ဂျုံကုနဲ့ ကလေးများအဖွဲ့ထဲရောက်သွားရင်လည်း
ဂယ်ရီ ဟားဟားတို့နဲ့တစ်သားတည်း အပိုအခွင့်အရေးမယူဘဲ တတိယမြောက်ကလေးအဖြစ် ကျိုးကျိုးနွံနွံပဲ

ဒီလို သဟဇာတဖြစ်လွယ်မှု လိုက်ရောညီထွေနေနိုင်မှုတွေနဲ့ RM ရဲ့အစပိုင်းတွေမှာ သူတာဝန်ယူရတဲ့ ကဏ္ဍထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်

သူထွက်သွားတော့ သူ့ရဲ့ကွက်လပ်ကို မဖြစ်မနေဖြည့်စည်းဖို့လိုတယ် 
ဒီတော့ လူပုဂ္ဂိုလ်အားဖြင့်အစားထိုးဖို့ထက် အဖွဲ့သားတွေရဲ့ အရည်အသွေးမြှင့်တင်လို့ တစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းတွေ ဇာတ်ရုပ်တွေကိုချဲ့ထွင်လိုက်တယ် ပြီးတော့ မျှဝေထမ်းဆောင်ကြတယ်

မင်းသားလေးအသွင်နဲ့ အချစ်ဇာတ်လမ်းတွေထက်
အချစ်ရူးလေးတွေရဲ့ ကဏ္ဍနဲ့ဖြည့်လိုက်တယ်

ဥပမာ အစပိုင်းမှာ ဟားဟားက အချစ်ရူးလေးအဖြစ်ပေါ့ 
သူအိမ်ထောင်ကျသွားတော့ ဂွမ်ဆူက လက်ဆင့်ကမ်းယူတယ်
ဒီထဲကမှ လူလွတ်ဖြစ်တဲ့ ဂျုံကု က ရံခါမှာ ထမ်းပေးရတယ်
ဒါပေမယ့်သူက ခေါင်းဆောင်ဖြစ်တာမို့ တည်ငြိမ်ဖို့လိုတာကြောင့် အမြဲတမ်းတာဝန်က ဂွမ်ဆူအပေါ်ကျရောက်သွားတယ်

ဒီလိုနဲ့ RMမှာ မင်းသားလေးဆိုတဲ့ ကွက်လပ်တစ်ခုကို မဖြည့်တော့ဘဲ ထားလိုက်တော့တယ်
 
အခုအချိန်အထိပေါ့

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...