ပညာရေးဝန်းကြီးဌာနက ထုတ်ထားတဲ့ မြန်မာအဘိဓါန်မှာတော့
ဆင်းတု=မြတ်စွာဘုရား၏ ရုပ်ပွားတော်
စေတီ=ရိုသေပူဇော်အပ်သည့်အရာ
(ဓါတ်တော်မွေတော် စသည်တို့ကို ဌာပနာထားသော အဆောက်အအုံ)
ပုထိုး=အုပ်ကျောက်တို့ဖြင့်တည်ဆောက်ထားသော ဘုရားစေတီ
ထူပါ=စေတီ ပုထိုး
လို့ပြန်ဆိုထားပါတယ်
ဆင်းတုဆိုတာ သက်တော်ထင်ရှားမြတ်စွာဘုရားရဲ့အဆင်းအတိုင်း တုပထုလုပ်တာမို့ (ကိုးရိုးကားရားဆင်ဆုတော်တွေကလွဲရင်) ဝိဝါဒကွဲစရာ မရှိပါဘူး
ဒါပေမယ့် စေတီ နဲ့ ထူပါ မှာတော့
ပညာရေးဝန်ကြီးဌာနရဲ့အဆိုက ပြည့်စုံမှန်ကန်ရဲ့လားဆိုတာ သံသယဖြစ်မိပါတယ်
စေတီဆိုတာက စေတိယ ပါဠိကလာတာမို့
ရည်ညွှန်းကိုးကွယ်ရာလို့ မှတ်သားဖူးတယ်ဗျ
ဗုဒ္ဓသာသာရဲ့ ကိုယ်ပိုင်စကားလုံးမဟုတ်ဖူးလို့ ဆိုနိုင်မယ်ထင်တယ်
ဘာကြောင့်လဲဆိုတော့
မြတ်စွာဘုရားလက်ထက်က ရွာတရွာမှာ ညောင်ပင်ကြီးကို စေတိယလို့ သမုတ်ပြီးကိုးကွယ်ကြတာရှိတယ်လို့ မှတ်သားဖူးတယ်
ဘုရားကိုရည်စူးလို့ တည်ထားရင်စေတီလို့ပဲဆိုနိုင်သလို
(သဲပုံပဲဖြစ်ပါစေ ဘုရားကိုရည်ညွှန်းတာကြောင့် သဲပုံစေတီ)
နတ်ကိုရည်ညွှန်းကိုးကွယ်ကွယ်ရာဖြစ်တဲ့ နတ်ကွန်းဟာလည်း ဘာသာစကားအားဖြင့်တော့ စေတီယ (စေတီ)ပဲလို့ ဆိုပါတယ်
ပုထိုးရယ်လို့တော့ ပါဠိမှာ သီးသန့်မတွေ့ဖူးပေမယ့်
ထူပ (ထူပါ) ရယ်လို့တော့ တွေ့ဖူးပါတယ်
ထူပကိုပဲ ပုထိုးလို့ အခေါ်အဝေါ်ပြောင်းသွားတယ် ထင်ပါတယ်
ထူပါဆိုတာက ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာ စကြာဝတေးမင်း စသည်တို့ရဲ့
ဓါတ်တော် (အရိုး) မွေတော် (အသုံးအဆောင်ပစ္စည်း)
စတာတွေကို ဌာပနာလို့ တည်ထားတဲ့ အရာကိုခေါ်ဝေါ်ကြောင်းတော့ မှတ်သားဖူးတယ်ဗျ
( ဘုရားကလည်း ထိုသူတွေရဲ့ အရိုးကို ဌာပနာလို့ ထူပါတည်နိုင်ကြောင်း ဟောကြားဖူးတယ်လို့ မှတ်သားဖူးတယ်)
ဒါကြောင့်
စေတီတည်ဖို့က လွယ်ပေမယ့်
ထူပ (ထူပါ) တည်ဖို့ကျတော့ ဘုရားရဲ့ဓါတ်တော် (သို့) ဆက်စပ်တဲ့အသုံးအဆောင်ပစ္စည်းက ရဖို့မလွယ်ကူဘူးမဟုတ်လား..
သန်းထွန်းလေး ● အင်းတဲရွာ
No comments:
Post a Comment