သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, September 24, 2021

အခေါက်ရွှေဆိုတာဘာလဲ


 အခေါက်ရွှေဆိုတာဘာလဲ 

ဘာကြောင့်အခေါက်လို့ခေါ်တာလဲ

....

ရှေးမြန်မာမင်းများလက်ထက်တော်အခါကပေါ့..


ရွှေရဲ့ ရွှေကောင်းရွှေသန့်ဖြစ်ပြီး ရောစပ်မှုကင်းကြောင်း အရည်အသွေးပြည့်ဝကြောင်းကိုပြသဖို့ ရွှေကိုအပြားခတ်ပြီး တစ်ထွာတစ်မိုက်အားလျော်စွာ ပုရပိုက်စာများလို ဘယ်ပြန်ညာပြန် အပြန်အလှန်ခေါက်လို့ ထပ်ပြီးထားကြပါတယ်


(ပုရပိုက်စာကို ဇာတ်တွေထဲမှာ ရှေးခေတ်ဇာတ်ကားတွေမှာ တွေ့မှာပါ စာရွက်အရှည်ကြီးကို နှစ်လက်မသုံးလက်မခန့် ဗျတ်ထားလို့ ဘယ်ပြန်ညာပြန်ခေါက်ပြီး လက်ကကိုင်လွယ်အောင် သေးငယ်အောင်ပြုပြီး ထပ်ထားတာမျိုးပေါ့)


သဘောကတော့  ငွေလို ကြေးလို အခြားသတ္တုတွေရောစပ်နေရင် ရွှေဟာပျော့ပြောင်းကွေးညွှတ်ဖို့ရာမလွယ်ကူဘဲ မာဆတ်နေတာကြောင့်ပါ


ဒီလို ပုရပိုက်စာလို အပြားခတ်လို့ ခေါက်ထပ်ထားတာကို ရည်စူးပြီး

***ပုရပိုက်ခေါက်ရွှေ***  လို့ခေါ်တာပါ


ဒီနေ့တော့  ***အခေါက်ရွှေ*** လို့ပဲ အလွယ်ခေါ်ကြပါတော့တယ်



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...