စာလေးပေလေး ဟိုစပ်စပ်ဒီစပ်စပ်လူတွေဆိုရင် တခါတလေ ဂွကျကျအတွေးတွေ ဝင်ဝင်လာတတ်တယ် ရံခါမှာ စာမဖတ်သူတွေထက်တောင် အတွေးခေါင်သွားပြီး အန္တရာယ်ကြီးတတ်ပါတယ်
တပိုင်းတစအသိတွေ တစွန်းတစဖတ်မှတ်ထားတာတွေကြောင့် လွဲမှားတဲ့အတွေးတွေနဲ့ ရှုတ်ထွေးနေတတ်တာမျိုး ကိုယ်တွေ့လည်းဖြစ်ဖူးတယ်
ဆရာကြီးပြောပြတဲ့ ဖြစ်ရပ်လေးက..
ညောင်ကျောင်းရွာဇာတိ ဦးဉာဏဝံသ ဟာ (၁၂၄၉ -၁၂၆၃) အတွင်း သီဟိုရ်မှာ ပညာသင်လို့ပြန်လာအပြီး ဗုဒ္ဓဝင်ကို သူသင်ယူလာရာမှာ (ဖတ်ခဲ့ဖူးရာမှာ) ဘုရားအလောင်းတော် သိဒ္ဒတ္ထမင်းသားဟာ ဆံတော်ပယ်တယ်ပဲပါတယ် နှုတ်ခမ်းမွှေးပယ်တာမပါဘူးဆိုပြီး ထုလုပ်တဲ့ဆင်းတုတော်တွေမှာ နှုတ်ခမ်းမွှေးတပ်ခိုင်းတယ်တဲ့
ဒီအတိုင်းလွှတ်ထားရင် တနိုင်ငံလုံးက ဆင်းတုတော်တွေအကုန် နှုတ်ခမ်းမွှေးချည်း ဖြစ်ကုန်မှဖြင့်ဆိုပြီး မန်လည်ဆရာတော်ကြီးက စာလေးရေးလို့ လှမ်းဟန့်လိုက်တယ်တဲ့
လုပ်ငန်းရယ်ပို
နှုတ်ခမ်းကိုအကြည်ညိုသန်တဲ့
သီဟိုရ်ပြန်ဘုန်း....
စဥ်ရှေးအို
ဖင်မွှေးကိုဘယ်လိုဆိုရမယ်
သီဟိုရ်ပြန်ဆရာဉာဏရယ်
အပါဒါဏ်ရွှေစာတမ်းကို
ကျမ်းပြပါအုံး...
သဘောကတော့ နှုတ်ခမ်းမွှေချည်းတပ်မနေနဲ့ ဖင်မွှေးပယ်တာလည်းမပါဘူးပေါ့
(စာသားက ဒီထက်ကြမ်းမယ်ထင်ပါတယ် ကာယအရှေ့ပိုင်းက အစိတ်အပိုင်းရဲ့ အမွှေးနဲ့ပြောလိမ့်မယ်ထင်တယ် ဆရာကြီးက လူကြားထဲပြောတာဆိုတော့ နားခံသာအောင် တဆင့်လျော့ပြောတာဖြစ်ပါလိမ့်မယ်)
ကျွန်တော်တို့လည်း အရေးအရာမဟုတ်တာတွေနဲ့ အတွေးခေါင်နေတတ်တိုင်း မန်လည်းဆရာတော်ကြီးရဲ့ ဒီဆုံးမစာလေး တွေမိပါစေကြောင်း
(ဆရာကြည်စိုးထွန်းရဲ့ စာပေဟောပြောပွဲမှ)
No comments:
Post a Comment