သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 23, 2026

Sesham Mike-il Fathima (2023) ဘောလုံးပွဲတင်ဆက်သူလုပ်ချင်တဲ့ လေအိုး ဖာသီမာ (ဇာတ်ကား🖊 တွေး၊ညွှန်း)






 

Sesham Mike-il Fathima (2023)


ဘောလုံးပွဲတင်ဆက်သူလုပ်ချင်တဲ့ လေအိုး ဖာသီမာ


 (ဇာတ်ကား🖊 တွေး၊ညွှန်း)

..

ဟုတ်တယ် သူမနာမည်က ဖာသီမာ


ငယ်ငယ်ကတည်းက မိုက်ခဲလို့ဆိုရလောက်အောင်

ရပ်ကွက်ဘောလုံးပွဲတွေမှာ အစ်ကိုဖြစ်သူနဲ့လိုက်ပါဂိုးပေါက်စောင့်ရင်း 

တပါတည်း အစီစဥ်တင်ဆက်သူတယောက်လို့ တတွတ်တွတ်ရေရွတ်နေသူမို့


အားလုံးကခေါ်တာ လေအိုးဖာသီမာ


ခရစ်ကတ်ကစားနည်းထွန်းကားရာ အိန္ဒိယမှာ 

ထူးထူးခြားခြား ဘောလုံးအားကစားကိုရူးသွပ်သူတယောက်


ဒီလိုနဲ့ တောရပ်ဇနပုဒ်ကနေ ဝါသနာပါရာနောက် ကောက်ကောက်ပါအောင်လိုက်လို့ အိမ်မက်ကိုအမိဖမ်းမယ့်သူ


လွယ်လွယ်နဲ့ရရအောင်

အမေ့အိပ်ထဲက ပိုက်ဆံမှမဟုတ်တာ


လဲကျတိုင်းတွန်းချခံရတိုင်းမှာ သူမတုံ့ပြန်ပုံက တည်ငြိမ်တယ်

ရင်ဆိုင်ပုံက ပေါ့ပါးတယ်

ဒါပေမယ့်တွေးဆပုံကလေးနက်တယ်


အခြားအိန္ဒိယကားတွေလို အရမ်းဒရမ်မာချိုးတာလည်းမရှိသလို 

လက်စားချေဘာညာလောက်နဲ့လည်း 

ဘဝရဲ့ရည်မှန်းချက်ကို အတိမ်းအစောင်းမခံဘူး


နောက်ဆုံးအနေနဲ့ ဂျန်ဗီကပူးရ် ရဲ့ လေသူရဲကားထဲက 

သူ့သူငယ်ချင်းစကားငှားသုံးရရင်


** ရွယ်တူကောင်မလေးတွေ 

အချစ်နောက်လိုက်နေကြချိန် 

အိမ်မက်နောက်လိုက်တာ သမီးဘာမှားလို့လဲ... **


ပြန်ပြောပါရစေ သူမနာမည်က ဖာသီမာ

လေအိုးမလေးပေါ့


ဒီဇာတ်ရုပ်ကိုရှင်သန်လှုပ်ရှားစေတာက

*ကလျာဏီ ပရီယာဒါလျှန်* ဖြစ်ပါတယ်

Director: Manu C. Kumar

https://t.me/kolayinde1/1319?single

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Lakshya (2004) ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း)

  Lakshya (2004)  ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း) .. မင်းဘာဖြစ်ချင်လဲ..? ဘာလုပ်ချင်လဲ..? အဲ့ဒီမေးခွန်းအတွက် ချက်ခြင်းအဖ...