ဥပဒေ နဲ့ အမှန်တရား
..........................
ဥပဒေဆိုတာ ကာလဒေသ အားလျော်စွာ သက်ဆိုင်ရာ
အာဏာရအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းသာ ဖြစ်ပါတယ်
ဥပမာ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ခွင့်ရပေမယ့်
အင်္ဂလန်မှာ မရနိုင်တာမျိုးပေါ့
ဒါကြောင့် ဒီဒေသမှာ ပြုလုပ်လို့မရနိုင်တာမျိုးဟာ အခြားဒေသတခုမှာ
အလွယ်တကူပြုလုပ်နိုင်တာပါ
တနည်းအားဖြင့် သူ့နိုင်ငံသူ့စနစ်နဲ့ကိုညီတယ်လို့ယူဆရာကို
အာဏာရသူတွေကသတ်မှတ်ထားတာမျိုးပေါ့
လူကသတ်မှတ်ထားတာဖြစ်တဲ့အတွက်
ဥပဒေမှာ အားနည်းချက်တွေကတော့ ရှိနေမှာပါပဲ
ဒီအားနည်းချက်ကို အသုံးချပြီး လှည့်စားအနိုင်ယူမှုတွေလည်းရှိနေမှာပါပဲ
စိတ်မကောင်းဖြစ်ရုံမှတပါး ဘာမှတော့ လုပ်နိုင်မှာမဟုတ်ဘူး
သင်အပါအဝင်ပေါ့
**********
ဖြူစင်သူတွေကို အကျဥ်းချ
ယုံကြည်သူတွေကို သတ်ဖြတ်နေတဲ့ အယုတ်တမာအတွက်
ဘယ်မှာလဲ တရားသောဥပဒေ
***********
အမှန်တရားဆိုတာကတော့ ဒီလိုမဟုတ်ဘူး လူမျိုး ဘာသာ နေရာဒေသမရွေး ..
ဥပဒေဆိုတာ လူကလုပ်တာပါ ပြီးတော့ လူကပဲဆုံးဖြတ်တာပါ
အမှန်တရားရယ်လို့တော့ မုချမဆိုလိုနိုင်ပါဘူး
ဒါပါပဲ
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment