သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 23, 2026

Lakshya (2004) ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Lakshya (2004) 
ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း
(ဇာတ်ကား🖊 တွေး၊ညွှန်း)
..
မင်းဘာဖြစ်ချင်လဲ..?
ဘာလုပ်ချင်လဲ..?

အဲ့ဒီမေးခွန်းအတွက် ချက်ခြင်းအဖြေရှိမယ်ဆိုရင်
လေးစားဦးညွှတ်လျှက်ပါ
__________________________________

ဒါရိုက်တာ ဖာဟန် အက်သာ ( Farhan Akhtar) ရိုက်ကူထားတဲ့ ဒီကားမှာ
ကျွန်တော်တို့ရဲ့ ဆရာကြီးဗိုင်းရပ်စ် ဘိုမန်း အီရာနီ (Boman Irani) ကတော့ မင်းသားရဲ့အဖေပေါ့

အမီတာ ဘဂျမ်း (Amitabh Bachchan) 
မင်းသမီးကတော့ ပရီတီ ဂျင်တာ (Preity Zinta)
လက်ပွားမင်းသားလို့ ကျွန်တော်တို့ခေါ်တဲ့ ရီသစ် ရိုရှန် (Hrithik Roshan) ကတော့ ရည်ရွယ်ချင်မဲ့ပြီး လမ်းပြောက်နေတဲ့ ကောင်လေးတယောက်ပေါ့
__________________________________

သူ့နာမည်က ကာရန်
မိဘတွေက ထိပ်တန်းအလွှာက လုပ်ငန်းရှင်တွေ

သိပ််တော်တဲ့သူ့အစ်ကိုကြောင့်
ခိုင်းနှိုင်းယှဥ်ထိုးတာတွေကို စိတ်ပျက်ရတာကလွဲလို့ 
အပူအပင်မရှိ အေးဆေးစွာဖြတ်သန်းနေသူ

သူ့မှာ သူနဲ့ခြားနားတဲ့ ချစ်သူတယောက်ရှိတယ်
သူမက ရည်ရွယ်ရာအတွက် ငယ်စဥ်ကတည်းက တရှိုက်မတ်မတ် လျှောက်လှမ်းနေသူ

သူ့ကိုဝေဖန်တိုင်း သူ့ကောင်မလေးပြောနေကျစကားက
ကာရန်က ပန်းတိုင်မရှိတာ ရည်မှန်းချက်မရှိတာ 
ဘာဝါသနာပါလဲ ရေရေရာရာမရှိသေးတာမှန်တယ်

ဒါပေမဲ့သူက ဘာပဲလုပ်လုပ် လမ်းခုလတ်ကနေ 
လက်လျှော့လှည့်ပြန်တတ်တဲ့ ပျော့ညံ့သူမျိုးမဟုတ်ဘူး 
အကောင်းဆုံးဖြစ်အောင်လည်းလုပ်သလို
ပြီးမြောက်အောင်လုပ်တတ်တဲ့ ဝီရိယထက်သန်သူပါတဲ့

စောင့်ကြည့်နေပါ သူ့ပန်းတိုင် ရည်မှန်းချက်ကိုရှာတွေ့တဲ့တနေ့
အားလုံးအံ့ဩမင်သက်သွားစေရမယ်တဲ့
__________________________________

ဟုတ်တော့လည်းဟုတ်တယ်
အနည်းဆုံးတော့ ဂိမ်းဆော့ရင်တောင် လက်လျှော့အရှုံးပေးလွယ်သူတွေ
စိတ်ပျက်လွယ် အားလျှော့သူတွေက အောင်နိုင်မှာမဟုတ်ဘူးလေ

ဘဝနဲ့ရည်မှန်းချက်နဲ့ဆိုင်တာတွေဆိုရင်တော့ ပြောဖွယ်မရှိပေါ့
__________________________________

ဒီလိုနဲ့ ဖခင်ဖြစ်သူရဲ့ အမြဲအပြစ်တင်ဝေဖန်မှုတွေကြား သည်းမခံနိုင်တဲ့အဆုံး
ဘဝရှေ့ရေးအတွက် ဘာလုပ်မလဲ ဆုံးဖြတ်ရာမှာ 
ခက်ခက်ခဲခဲပဲ စစ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်

သူ့သူငယ်ချင်းလည်း ဝင်မယ်ဆိုလို့ပါ 😄

ဒါပေမဲ့ အစောထပျင်းတဲ့ ခေတ်လူငယ်ပီပီ ဟိုကောင်က 
နောက်တနေ့မှာပဲ မဝင်တော့ပါဘူးလုပ်တော့ 
ဟိတ်ဟန်အပြည့်နဲ့ ခတ်တည်တည် လှိမ့်ထားတဲ့ သူ့စကားလုံးတွေကြောင့်
နှုတ်ကျွံတော့ပြန်နှုတ်မရ သူတယောက်တည်း စစ်တက္ကသိုလ်တက်ဖို့ဖြစ်လာတယ်

အစပိုင်းနေ့တွေမှာပဲ ဘာကိုမှအလေးမထား ပေါ့ပေါ့နေတတ်တဲ့သူ့စရိုက်ကြောင့်
ပြစ်ဒဏ်ပေါင်းများစွာခံရသမို့ စိတ်ပျက်လို့အားလျှော့လိုက်ရင်း အိမ်ကိုခိုးပြန်လာတယ်
__________________________________

ကောင်မလေးနဲ့အတွေ့မှာ ဒီလိုအလွယ်တကူလက်လျှော့တတ်တဲ့ 
ငပျင်းတယောက်နဲ့ ဘဝခရီးလမ်းဘယ်လိုလက်တွဲလျှောက်ရမလဲ
ငါတို့လမ်းခွဲကြစို့တဲ့ 

ဒီစကားအသည်းခိုက်အောင်နာတယ်
သူ့ကိုစော်ကားတယ် ဒီလောက်အထင်သေးရကောင်းလားပေါ့
ဒီလူတွေ တချိန်မှာမော့ကြည့်နေစေရမယ် အံ့အားသင့်သွားစေရမယ်ဆိုတဲ့
မခံချင်စိတ်နဲ့ တိတ်တဆိတ်ပြန်ထွက်ခွာလို့ ကျောင်းပြန်အတက်မှာ

ချစ်သူကဖုန်းဆက်တယ် ငါတို့တွေ့ရအောင်တဲ့
လမ်းခွဲဖို့မင်းဆုံးဖြတ်ထားတော့ ပြန်တွေ့ဖို့ငါဆုံးဖြတ်မယ်
အရာရာတိုင်း မင်းစိတ်တိုင်းကျချယ်လှယ်လို့မရဘူး

မာနအရဒီစကားသုံးလိုက်ပေမယ့် သူ့ဆန္ဒက ရည်မှန်းချက်ပြည့်မှ
ချစ်သူကို စပရိုက်တိုက်လို့ လက်ထပ်ခွင့်တောင်းမယ်ပေါ့

ဒီလိုနဲ့ထိုက်သင့်တဲ့နေရာအရောက်မှာ ပြန်လာလို့
လာကြိုတဲ့သူငယ်ချင်းရဲ့စကားက ရင်ဝစောင့်ကန်လိုက်သလို့ ပြိုလဲမတတ်

သူမဒီနေ့စေ့စပ်တော့မယ်တဲ့

__________________________________

ရည်မှန်းချက်အတွက် ရည်ရွယ်ရာကိုဖြည့်စီးရင်း
ကမ်းအရောက်မှာ ပန်းတိုင်ပျောက်သူရဲ့အဖြစ်

မိုးသည်းထဲမှာငိုကြွေးရမလား
တဖွဲဖွဲကျ နှင်းစက်တွေလို နေအထိမှာ ပါးလျှကွယ်ပြောက်သွားရမလား
နွေလယ်တံလျှပ်လို ထင်မှားတဲ့ ပုံရိပ်ရောင်ရည်ရွယ်ရာကိုအပြစ်ဆိုရမလား..

နွမ်းလျှသူ အိမ်အပြန်..
__________________________________

နယ်စပ်ကျူးကျော်မှုအတွက် ရှေ့တန်းစစ်မျက်နှာစာ
သတင်းယူဖို့ရောက်လာတဲ့ ရည်ရွယ်ရာကိုပြန်အတွေ့

နင်မပြောင်းလဲ လှမြဲလှစဲတဲ့

တွေးဆဆပြောစကား လေးနက်တဲ့သူ့အမူအရာကြောင့်
သူမ ပြန်ပြောတာက နင်ကတော့ အတော်ပြောင်းလဲသွားတယ်တဲ့
__________________________________

ဟုတ်တယ် သေနတ်ကိုင် ယူနီဖောင်းဝတ်တာနဲ့ စစ်သားလို့မခေါ်ထိုက်တာ
နိုင်ငံသားတွေရဲ့ဆန္ဒကိုသွေဖီလို့ လက်နက်အားကိုးနဲ့ အတင်းအဓမ္မသိမ်းယူထားတဲ့

အရှက်မဲ့တဲ့ ဗရမ်းဘဒါကောင်တွေက ဟို..နေရာမှာ
အဲ့ဒါကိုပြန်ရဖို့က ပြည်သူ့တွေရဲ့ဆန္ဒ
အဲ့ဒါကိုပြန်ယူလို့ ပြည်သူလက်ပြန်အပ်ဖို့က ငါတို့တာဝန်

ခု ငါရည်မှန်းချက်တွေ့ပြီ
အတိတ်က ရူးမိုက်တဲ့စိတ်နဲ့ မရေရာတဲ့ မတည်မြဲတဲပန်းတိုင်ကို
ဘဝရဲ့အကြီးမားဆုံးပြဿနာကြီးအလား ကြိုးစားဖြည့်စည်းခဲ့ပေမယ့်

ခုတော့ငါအတွက် အဦးအစဆုံးသော ပန်းတိုင်က
လက်နက်အားကိုးအာဏာရူးတွေရဲ့ မတရားရလိုမှုနဲ့ ဇွတ်အတင်းအဓမ္မရယူထားရာကို
ငါတို့ပြည်သူတွေတွက် ပြန်ရယူနိုင်ဖို့ပဲ

ဒီလို အာဏာရူးသူတွေ ယူချင်တိုင်းယူ လုပ်ချင်တိုင်းလုပ်ခွင့်မရအောင်
နောင်တချိန် ဒီစိတ်ရူးမျိုး တခြားတကောင်ကောင်ပေါ်လာရင် စိတ်တောင်မကူးဝံ့အောင်
မှတ်လောက်သားလောက် အပြစ်ပေးဆုံးမရင်း

တို့နိုင်ငံသားတို့ရဲ့ သိက္ခာမာနကို ပြသနိုင်ဖို့ ဒီပွဲနိုင်ဖို့လိုတယ်
ဒီပွဲက ခုချိန် 
ငါ့ရဲ့ ရည်မှန်းချက်
ငါ့ရဲ့ပန်းတိုင် 
ငါ့ရဲ့ အကြီးမားဆုံး အရေးအကြီးဆုံး ရည်မှန်းချက်ပဲ

အောင်နိုင်လို့ပြန်တွေ့ချိန်ကျ
ငါ့ရဲ့အတိတ်ကရည်မှန်းချက် ပြည့်စုံဖိုမျှော်လင့်တယ်

မင်းကြိုလင့်နိုင်မလား....

ဒီစကားတွေနဲ့ထားခဲ့တဲ့ ကာရန်မယနဲ့အတူ ကျွန်တော်တို့ရဲ့တော်လှန်ရဲဘော်တွေကို စောင့်စားရင်း ဒီကားလေးကြည့်ကြရအောင်ဗျ

#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Lakshya (2004) ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း)

  Lakshya (2004)  ငပျင်းတယောက်ရဲ့လျှောက်ရာလမ်း (ဇာတ်ကား🖊 တွေး၊ညွှန်း) .. မင်းဘာဖြစ်ချင်လဲ..? ဘာလုပ်ချင်လဲ..? အဲ့ဒီမေးခွန်းအတွက် ချက်ခြင်းအဖ...