သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, January 2, 2026

မုဆိုးမလေးဂင်္ဂါ နှင့် အတွေးစ

 

မုဆိုးမလေးဂင်္ဂါ နှင့် အတွေးစ

ဂင်္ဂါက ဘာကြောင့် မုဆိုးမဖြစ်ရလဲ...?

ရှင်းပါတယ်ဗျာ လင်သေလို့ပေါ့


ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ပေးရတာလဲ

ခုပြောလိုတာက ဒီအကြောင်းလေးပါ

_________________________________


ရှေးယခင် ဟိန္ဒူဘာသာဝင်လူမှုအသိုင်းအဝိုင်းက ဘာကြာင့်အမျိုးသမီးငယ်လေးတွေကို သိပ်ငယ်တဲ့အရွယ် လူလားမမြောက်သေးခင်မှာ လက်ထပ်ပေးကြတာလဲ


ယခုခေတ်လူမှုစံတွေအရဆိုရင် အတော့်ကိုဆိုးရွားတဲ့ပြစ်မှုကြီးကို မိဘတွေကိုယ်တိုင်က အသိုင်းအဝိုင်းကြီးတခုလုံးက ကျူးလွန်နေခြင်းမျိုး


လူတယောက်ရဲ့ အမျိုးသမီးတယောက်ရဲ့ ဘဝနဲ့ဆိုင်တဲ့ ရွေးချယ်မှုကို အတင်းအကြပ် တားဆီးပိတ်လှောင်ခြင်းမျိုး ဖိနှိုပ်ခြင်းမျိုးလို့ သတ်မှတ်ရမှာပေါ့ 


_________________________________


ဒါပေမယ့် သူ့ရဲ့မူလရည်ရွယ်ချက်ကလေးက သိပ်မဆိုးလှဘူးလို့ ဆိုရမယ် 


ပြောပြလိုက်ရင် အားလုံးလည်း လက်ခံသဘောကျနိုင်ပါတယ် မကျနိုင်ဘူးထားအုံး အရင်လောက်တော့ ပြင်းထန်တဲ့ အဆိုးမြင်မှုမျိုးမရှိဘဲ လျော့ပါးသွားနိုင်စရာရှိပါတယ်


ဒီလိုဗျ

အိန္ဒိယမှာက အိမ်ထောင်ကျပြီဆိုရင် မိန်းကလေးက ယောက်ျားလေးအိမ်မှာလိုက်နေရတာ 


မြန်မာတို့ဆိုရိုးစကားလိုပေါ့ 

#သျှောင်နောက်ဆံထုံးပါမြဲထုံး ဆိုတာလေ


ဒီတော့ အရွယ်ရောက်မှအိမ်ထောင်ပြုလို့ ယောက္ခမအိမ်လိုက်နေရရင် တယောက်အကြိုက် တယောက်စရိုက် တယောက်ကမသိဆိုတော့ အဆင်မပြေမှုတွေကြုံနိုင်တယ် 


ဒီကနေမှ ငြူစူမှုတွေ စောင်းမြောင်းမှုတွေကြောင့် စိတ်ညစ်စရာ စိတ်သောကရောက်စရာတွေကြုံလာရနိုင်တယ်


ငယ်စဉ်တည်းကလက်ထပ်စေခြင်းအားဖြင့် ယောက္ခမတွေက သူတို့လူမှုအသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် သွန်သင်ထိမ်းကြောင်းပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုတယ်


ပြီး‌တော့ အမျိုးဇာတ်ကိုအလေးထားရာဒေသဆိုတော့ စိတ်ကစားတတ်တဲ့အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်အလိုလိုက်မှားမိခြင်းတွေကနေ ကြိုတင်ကာကွယ်ခြင်းသဘောလို့လည်းဆိုတယ်

_________________________________


ဓလေ့ထုံးတမ်းတွေဆိုတာ ခေတ်အခါအရပေါ်ပေါက်လာတာ ပြဒါန်းသတ်မှတ်‌ထားမျိုးပါ 


ယနေ့ခေတ်နဲ့မကိုက်ညီဘူး မဖြစ်သင့်ဘူးဆိုရင် မလိုက်နာမကျင့်သုံးဖို့ ပယ်ဖျက်ပြစ်ဖို့လိုကောင်းလိုပေမယ့်


မတူတော့တဲ့ ယနေ့ခေတ်အခါ ယနေ့မျက်စိနဲ့‌ပဲကြည့်ပြီး အတိတ်လူတွေကို တရားသေအပြစ်ချည်းဆိုနေလို့လဲမဖြစ်ချေဘူးပေါ့

_________________________________


ဗုဒ္ဓဘုရားရှင်မိန့်ခဲ့တာလေးတောင်ရှိတယ် 


သူပညတ်ထားတဲ့ ဝိနည်းစည်ကမ်းတွေကို ခေတ်အခါအရမလိုအပ်တော့ဘူးလို့ သံဃာက တညီတည်း ဆုံးဖြတ်ရင် ပယ်ဖျက်ခွင့်ရှိတယ်တဲ့


သဘောက အချို့ဝိနည်းတွေက ခေတ်စနစ်အရ လိုအပ်လို့သာ ပညတ်ထားတာလို့ ဆိုခြင်းပါ


(သံဃာဆိုတာ ရဟန်းအဖွဲ့အစည်းကိုပြောတာ ဘုန်းကြီးတပါးထဲကိုဆိုလိုတာမဟုတ်ပါ)

_________________________________


အဆိုပါ ဟိန္ဒူတို့ရဲ့ဓလေ့ထုံးတမ်းတွေအကြောင်းကို အကျယ်သိချင်ရင်တော့ 


စာရေးဆရာ John B.Noss ရဲ့ Man'S Religions စာအုပ်ကို ဆရာဆန်းလွင်' ဘာသာပြန်ထားတဲ့ #လူတို့ကိုးကွယ်ရာဘာသာကြီးများ ဆိုတဲ့စာအုပ်မှာပါတယ် 


အဆိုပါစာအုပ်ကို ဒို့အညာယူကျုချန်နယ်မှာ ကိုဝင်းဦး ဖတ်ပြထားတာရှိတယ်ဗျ 


အဲ့သည်မှာသွားရောက်နားဆင်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ် လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကနောင်မင်းသားကြီး စနည်းနာထွက်ခြင်း - ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉)

  ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉) ။ မအလ အတင်းအဓမ္မအာဏာသိမ်းစဉ်ကာလအစောပိုင်းက ကိုယ့်တိုင်းပြည်အရေးအရာကို လာရ...