ညည်း
.
ညည်းဆိုတာက အဓိပ္ပာယ်ဖွင့်ဆိုချက်များတယ်
သီချင်းဆိုညည်းတာ
ခိုရဲ့ညည်းသံ
ဒုက္ခဆင်းရဲဝေဒနာကို မြည်တမ်းရေရွတ်တာ ညည်းတာ
ပြီးတော့ ရွယ်တူအမျိုးသမီးအချင်းချင်း
ငယ်သူအမျိုးသမီးကို ခေါ်ဝေါ်သုံးနှုမ်းတဲ့ နာမ်စားပေါ့
__________________________________
ဘဝမှာအရာခတ်သိမ်း အဆင်ပြေနေကြသူမျိုးကတော့ ရှားပါလိမ့်မယ်
မရှိဘူးလို့တောင် ငြင်းဆိုနိုင်ကောင်းရဲ့
ငွေကြေးပိုင်းမှာပြည့်စုံလို့
အဆင်ပြေနေတယ် ကြောင့်ကြစရာမရှိဘူးလို့ ထင်ရသူတွေမှာလည်း လူမှုအရေးအရာ ချစ်ရေးချစ်ရာကိစ္စတွေမှာ အဆင်မချောမှုတွေရှိတတ်တာပဲမဟုတ်လား
သဘောက လူတိုင်း အဆင်မပြေမှုတခုခုနဲ့ ကြုံတွေ့ပတ်သက်မှု ကြုံဖူးကြသည်ချည်း ကြုံတွေ့နေရတတ်သည်ချည်းလို့ ဆိုချင်တာပါ
လူတွေပဲကိုး
_______________________________
ဒီထဲကမှတချို့က ကိုယ့်တကိုယ်စာအနာတရတွေကို မထွေးနိုင်မအံဖြစ်လို့ ခဏခဏ ရင်ဖွင့်မိရာက အထုံဝါသနာလို စရိုက်ဝသီလို စွဲမြဲသွားတတ်တာမျိုးလည်းရှိတယ်
အချိန်တိုင်း ညည်းညူမိတတ်တာမျိုးဖြစ်ပြီး
ပြောရိုးပြောစဉ်သာမန်စကားတွေမှာတောင် နားထောင်ရသူမှာ ညဉ်သံပါသလို ခံစားရတာမျိုးပေါ့
အံမယ် သူတို့က ထိုညည်းတတ်တဲ့အထုံဝသီလေးက စွဲနေတာဆိုတော့ အဆင်ပြေတဲ့အရာမှာတောင် ညည်းသံလေးရောယှက်လို့ ဆိုတတ်ကြသေးတယ်
ဒီလိုပြောစကားကို အရပ်ကဆိုတာ ညည်းကြွားတဲ့လေ
ဒီလိုလူမျိုးနဲ့ စကားမပြောချင်ဘူး
မဖြစ်မနေပြောရမယ်ဆိုရင်လည်း စိတ်မပါဘူး
ဒီလိုဖြစ်တတ်မဟုတ်လား
စိတ်ညစ်ရတယ်ပေါ့
_______________________________
ပြောလိုရင်းကတော့ ကိုယ့်မှာအဲ့ဒီအကျင့်လေးရှိနေရင် မရင့်သေးခင်မှာ ဖြောက်ဖျက်ပြစ်နိုင်ဖို့ သတိကပ်စေလိုရင်းပါ
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment