။
ပျက်စီးတယ်ဆိုတာက အဆိုးတရားဘဲ
ကောင်းမြတ်ခြင်းမဟုတ်တော့ ဘယ်သူမှလည်း လိုချင်တောင့်တမှုမရှိပါဘူး
ဒါပေမယ့် ပျက်စီးခြင်းဆိုတာမရှိရင် ဖြစ်ပေါ်လာခြင်းဆိုတာ ဘယ်ရှိလိမ့်မလဲ့လို့တွေးမိရင် ပျက်စီးတယ်ဆိုတာ ထင်သလောက် အနိဋ္ဌာရုံသက်သက်ချည်းမဟုတ်ပါလားလို့ ယူဆပြီး သဘောများတောင်ကျနိုင်ကောင်းရဲ့
_________________________________
ဟိန္ဒူတွေကိုးကွယ်တဲ့ သျှီဝ (သျှီဗာ) (သီဝ) ဆိုတဲ့ နတ်ဘုရားလိုပေါ့
အဓိကနတ်ဘုရားသုံးပါးအနက်က
ဗြဟ္မာကို လောကကိုဖန်ဆင်းသူမို့
ဗိဿနိုးကိုတော့ ကာကွယ်စောင့်ရှောက်သူမို့ ကိုးကွယ်ကြတာထားပါ
ဖျက်စီးတတ်သူ သျှီဝကိုကျ ဘာကြောင့်ကိုးကွယ်ကြတာလဲ
စဉ်းစားစရာ
_________________________________
သစ်ရွက်ကလေးကြွေကျတာကစလို့ သတ္တဝါတို့ခန္ဓာပြတ်စဲ သေပွဲဝင်ရတာကအစ ပျက်စီးခြင်းတိုင်းဟာ သူ့စနက်ကြောင့်လို့ဆိုတယ် တနည်းအားဖြင့်သေမင်းပေါ့
ဒီတော့ သူ့ကိုကိုးကွယ်ကြတာက ဖျက်စီးခံရမှာစိုးတဲ့အကြောက်တရားကြောင့်လေလားလို့ ယူဆစရာ
ယုံကြည်သက်ဝင်သူတွေက သူတို့ရဲ့ကိုးကွယ်မှုက အဲ့သည်လောက်မသေးနုတ်ဘဲ ဒီ့ထက်ပိုနက်နဲတဲ့အကြောင်းရှိတယ်လို့ဆိုကြတယ် ဒီဥပမာလေးနဲ့ပေါ့
သစ်ရွက်ဟောင်းကြွေကျခြင်းဟာ ရွက်သစ်ထွက်လာဖို့အကြောင်းဖြစ်တယ်တဲ့ ဒီဘဝဒီခန္ဓာပျက်စီးပြတ်ဆဲသေဆုံးခြင်းဟာ တဖန်ဘဝရရှိလာခြင်းအကြောင်းဖြစ်တယ်
ဒါကြောင့် သျှီဝနတ်ဘုရားက ဖျက်စီးတယ်ဆိုတာ အမုန်းတရားကြောင့်မဟုတ်ဘဲ ပိုမိုသစ်လွင်ကောင်းမွန်တဲ့အရာတခု မွေးဖွားပေါ်ပေါက်လာစေဖို့ ဖန်ဆင်းပေးခြင်းတဲ့
_________________________________
ပြောချင်တာက
ပျက်စီးခြင်း ဖျက်စီးခံရခြင်းတွေနဲ့ကြုံလာခဲ့ရင် ပိုကောင်းတဲ့အရာတခု သန္ဓေတည်ဖို့အခွင့်အလမ်းဖြစ်တယ်လို့မှတ်ယူပြီး အရှုံးပေးပြိုလဲမနေဘဲ အားတင်းရှေ့ဆက်ဖို့ပါ
_________________________________
အဆိုပါ နတ်ဘုရားများအကြောင်းကို အကျယ်သိချင်ရင်တော့
စာရေးဆရာ John B.Noss ရဲ့ Man'S Religions စာအုပ်ကို ဆရာဆန်းလွင်' ဘာသာပြန်ထားတဲ့ #လူတို့ကိုးကွယ်ရာဘာသာကြီးများ ဆိုတဲ့စာအုပ်မှာပါတယ်
အဆိုပါစာအုပ်ကို ဒို့အညာယူကျုချန်နယ်မှာ ကိုဝင်းဦး ဖတ်ပြထားတာရှိတယ်ဗျ
အဲ့သည်မှာသွားရောက်နားဆင်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ် လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချ
အဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment