အသည်းကွဲစာရေးဆရာလူပျိုကြီးနဲ့ အသည်းကွဲသရဲမ
Https://www.youtube.com/@thantunlayinde
.
ဒီကားကိုကြည့်ရင်း ကိုယ်တော့မေတ္တသုတ်ဖြစ်ပေါ်လာပုံကိုသတိရမိတယ်
ဒီလိုဗျ ရဟန်းတွေက တောရပ်မှာသီတင်းသုံးကြတော့ ထိုမှာနေတဲ့ နတ်တွေကအနေကြုံ့နေကြတယ်
ဘယ်လိုလဲဆိုဝော့ သင့်အိမ်ကိုသင်လေးစားရတဲ့ဆရာ သို့မဟုတ် သင့်ထက်ဂုဏ်ဝါကြီးသူလာရင်ဖြစ်တာမျိုးပေါ့
ထိုင်ရမလို ထရမလို လက်ပိုက်ရမလို လေသံဘယ်လိုထားပြောရမလဲ အိမ်သာသွားချင်တောင် ထသွားကအခက် ချုပ်ထားရအခက် စတာမျိုးတွေပေါ့
ဒီလိုပဲ နတ်တွေက သူ့တို့ထက်ကိုယ်ကျင့်တရားကောင်းသူရဟန်းတို့ သူတို့အိမ်ခြေဆိုပါစို့ သစ်ပင်အောက်လာပြီး တရားထိုင်နေတော့ကား နေရကသီကြတယ်ပေါ့
ဒီတော့ လာမနေအောင်ခြောက်လွှတ်ကြတယ်
တရားအားထုတ်လို့မဖြစ်တဲ့ ရဟန်းတို့က မြတ်စွာဘုရားကို သွားလျှောက်လို့ ဖြေရှင်နည်းတောင်းရာက ဒီသုတ်ဖြစ်ပေါ်လာတာပါ
အဲ့ဒီသုတ်ကို တချို့လည်း သရဲနှင်တာထင်ပြီး ရွတ်တတ်ကြတယ် အမှန်က ဘုရားက မိတ်ဖွဲ့ခိုင်းတာပါ
သူတပါးအပေါ်ဘယ်လိုမေတ္တာထားရမယ် တပါးသူတို့ကိုယ့်အပေါ်မေတ္တာသက်ရောက်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ လမ်းညွှန်ပြထားတာပါ
ဘယ်လိုမေတ္တာထားရမလဲဆိုရင်
မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။ တဲ့
မိခင်က တဦးတည်းသောသားအပေါ်ထားတဲ့ မေတ္တာမျိုးတဲ့
သားသမီးများတဲ့မိဘမဟုတ်ဘူးနော် တဦးတည်းသောရင်သွေးအပေါ် စုပုံချစ်ခြင်းမျိုးပါ
သူတပါးတို့မေတ္တာ ကိုယ့်အပေါ်သက်ရောက်အောင် ဘယ်လိုနေထိုင်ရမလဲဆိုရင်
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ တဲ့
အဓိပ္ပါယ်က
ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ပါ
စိတ်သဘောထား ကောင်းကောင်းထားပါ
ဆိုဆုံးမရာ၌ နာခံလွယ်ပါစေ
နူးညံ့သိမ်မွေ့စွာနေထိုင်ပါတဲ့
ထားပါတော့
ဇာတ်လမ်းလေးက အသည်းကွဲလေလွင့်လာတဲ့ လူပျိုကြီးစာရေးဆရာတယောက် နောက်ဆုံးလက်ကျန်ငွေလေးနဲ့အေးဆေးဖီးမဟဲ့လို့တွေးပြီး အိမ်နှစ်လစာပေးလို့ငှားမိရာက
အသည်းကွဲလို့ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တဲ့ သရဲမရှိရာအိမ်ကိုမှ စိုက်စိုက်ကြီးငှားမိသည့်အဖြစ်
အခြားထပ်ငှားစရာလည်း ပိုက်ဆံမရှိတော့ကား ထိုအိမ်မှာပဲအဆင်ပြေစွာနေနိုင်ဖို့ စောစောကဘုရားဟောတဲ့နည်းအတိုင်း အိမ်ကိုလှမ်းဝင်စဉ်မှာပဲ အရင်မိတ်ဖွဲ့ခဲ့ရာက...
Director: Aashiq Abu အာသျှီ ကာဘူ
Tovino Thomas , Rima Kallingal
တိုဗီနိုသောမတ် ၊ ရီမာ ကာလင်ဂယ်
။
။
ကြည့်ရန်
https://t.me/kolayinde1/34
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
။
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment