ဆရာလေးကိုကြည်နိုင်
Https://www.youtube.com/@thantunlayinde
.
ဆရာလေးအကြောင်းကို ပြည့်ပြည့်စုံစုံတင်ပြထားတာက ရွာကျောင်းကခေါင်းလောင်းသံ'ဆိုတဲ့စာအုပ်ပါ
ဘောက်ထော်ကြည်နိုင်ရယ်လို့ နာမည်တလုံးနဲ့မိုက်လာခဲ့တဲ့ မြို့ကြီးသားခေတ်ပညာတတ်လူငယ်လေးတယောက် အသည်းကွဲလို့ လေလွင့်လာရင်း ကြုံတိုင်းဆိုတဲ့တောအရပ်လေးမှာ ကျောင်းဆရာလုပ်ဖို့ရောက်လာတယ်
ဒီကနေမှ ကိုယ့်ကိုယ်ကိုဆင်ခြင်ရင်းသိမြင်ရင်းနဲ့မှ
အသက်မွေးဝမ်းအလုပ်တခုထက်ပိုလို့ ဆရာတယောက်ရဲ့ဘဝကို ခုံမင်လာတာ နှစ်သက်လာတာ ကိုယ့်ဘဝကိုတန်ဖိုးထားတတ်လာတာ အများတကာကို နီးစပ်ရာကို တတ်စွမ်းတဲ့ပညာနဲ့ ထိန်လင်းစေခဲ့တာပါ
မြိုင်ရာဇာတွတ်ပီ'ဇာတ်လမ်းမှာ ဇာတ်လိုက်ကိုယ်တိုင် အမြဲတစေလေးစားရသူ
ဆွေးနွေးတိုင်ပင်ရသူ
အကြံတောင်းနည်းနာခံရသူပါ
တနည်း ကျွန်တော်တို့မျိုးဆက်တခုလုံးရဲ့ idol လို့လည်းဆိုနိုင်တယ်ဗျ ဘာကြောင့်လည်းဆိုတော့ သူ့ကိုသဘောကျပြီး ကျောင်းဆရာဖြစ်ချင်ကြတာ ဖြစ်သွားကြတာတောင်ရှိတာကိုး
သူကပင်ကိုယ်သဘောကိုက တည်ကြည်တယ်
အများတကာကိုလည်းလေးလေးစားစားဆက်ဆံတတ်တယ်
သွားပုတ်လေလွင့်စကားမဆိုတတ်
ကွယ်ရာမှာကောရှေ့မှာကောကို စကားတင်းမဆို
ဖြောင့်မတ်စွာပဲနေထိုင်တယ်
မတည့်သူဆိုတာလည်းမရှိ
လူတိုင်းနဲ့ပြေလည်စွာပြောဆိုဆက်ဆံတတ်ပေမယ့်
ဘေးပယောဂတို့ လွယ်ကူစွာကူးဆက်တတ်သူမဟုတ်
ဇာတ်လမ်းအတွင်းက တဦးတည်းသော ကိုယ်ကျင့်တရား ကျိုးကြောင်းဆင်ခြင်ဉာဏ်ပြည့်စုံသူပါ
သူတပါးကို အကြားနဲ့လည်းမနှိမ်ချတတ်သလို
ထင်မြင်ချက်နဲ့လည်း မလေးမစားမပြုတတ်သူပါ
ဒါကစာအုပ်အများစုကိုအခြေခံထားတဲ့ ဆရာလေးရဲ့စိတ်နေစိတ်ထားပါ
ပင်လယ်မုဆိုး'ဆိုတဲ့စာအုပ်မှာတော့ ဆရာလေးက ဦးတွတ်ပီအပေါ် ကြားမိတဲ့ ကောလာဟလသတင်းစကားကြောင့် အဖက်မတန်သလိုဆက်ဆံတယ်
ဒါကဇာတ်လမ်းသဘောအရ တအုပ်တလေအထူးဖွဲ့ထားချဲ့ထားခြင်းမျိုးသက်သက်ပါ
ဆရာလေးရဲ့ပကတိစိတ်ထားအမှန်အရဆိုရင်
ဒီသတင်းစကားမှန်လားမမှန်လား အရင်စမ်းစစ်မှာပါ
မှားရင်လည်းထောက်ပြပြုပြင်သွားစေမှာပါ
အဖက်မတန်သလို ဆက်ဆံမှာလည်းမဟုတ်သလို
ကိုယ်နဲ့မဆိုင်သလို မသိလိုက်မသိဖာသာနေလို့ ရင်းနှီးလေးစားရသူကို နစ်မွန်းသွားစေမှာမဟုတ်ပါဘူး
.
.
စာအုပ် ၁၀၀
https://t.me/kolone1/944
.
.
ဗိုက်ကလေး
https://www.facebook.com/share/p/1M3GdFtKXM/
.
.
သူကြီးဘစီ
https://www.facebook.com/share/p/16RpQG1UHc/
.
.
ဆရာလေးကိုကြည်နိုင်
https://www.facebook.com/share/p/18u6d8fweV/
.
.
အတီး
https://www.facebook.com/share/19EA63FS7W/
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment