သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, August 12, 2025

သူကြီးဘစီ


 သူကြီးဘစီ

Https://www.youtube.com/@thantunlayinde 

.

သူကြီးမျိုးရိုးအစဉ်အဆက်က ဆင်းသက်လာသူလို့မှတ်သားရမှာပဲဗျ


ဒါပေမယ့် ‌သူအဖေပြီးတော့ ဆက်တိုက်သူကြီးဖြစ်လာသူလို့တော့မဆိုနိုင်ဘူး


ဘာကြောင့်လဲဆိုတော့ အဖိုးပေါက်ပီ'နဲ့ အဖေဒဲ့ပီ'တို့ရဲ့ဘဝဇာတ်လမ်းမှာ ဘစီ'ရဲ့အဖေ သူကြီးဘမှီ'အကြောင်းရိုးတိုးရိတ်တိတ်ပါတယ်ဗျ


အဲ့ဒီမှာ မြိုင်ရာဇာတွတ်ပီ'ရဲ့အဖိုး အကြပ်ရဲမက်‌ပေါက်ပီ'က

ပါတော်မူလို့ နယ်ချဲ့တွေကိုတော်လှန်ရင်း လက်နက်အင်အားမမျှတလို့တပ်ဖြောက်ကာ ကြုံတိုင်းရောက်လာချိန်မှာ 

ရွာသူကြီးက ဦးဘမှီ


နောက်တော့ မမနှင်း'ရဲ့မေတ္တာကို ရယူနိုင်ခဲ့တဲ့အတွက် 

သူ့သူငယ်ချင်းရဲမက်သာအောင်'က အချစ်လုသူအဖြစ်ရန်ငြိုးထားကာ


အင်္ဂလိပ်စစ်ဗိုလ်ကို သတ်ဖြတ်ခဲ့တဲ့သူ့ကို သစ္စာဖောက်ကာသွားတိုင်လို့ သူကြီးရာထူးရသွားတယ်ဆိုထားတာကို


နောက် ဒဲ့ပီ'ရဲ့ဇာတ်လမ်းမှာ သူငယ်စဉ်ကရွာသူကြီးက 

ဦးသာအောင် ဖြစ်ကြောင်းလည်း ထပ်ဆင့်အတည်ပြုထားသေးတယ်


ရဲဘော်သုံးကျိပ် ဂျပန်ကနေစစ်ပညာသင်လာပြီး ထိုင်းကနေတဆင့်မြန်မာပြည်ပြန်ဝင်လို့ နယ်ချဲ့တွေကိုတိုက်ထုတ်ရာမှာ ဖွဲစည်းခဲ့တဲ့ BIA တပ်သားအဖြစ် မြန်ပြည်တဝှမ်းလှည့်လည်တိုက်ထုတ်ရင်း 


ဇာတိရွာပြန်အရောက်မှာ ရပ်ရွာကိုနှိုပ်စက်နေတဲ့ သူကြီးဦးသာအောင်' ကိုအရာချလို့ ရွာကတက်ကြွတဲ့လူငယ်လေး မောင်ဘစီ'ကို သူကြီးအရာအပ်နှင်းထားခဲ့တယ်လို့ ဆိုထားတာကိုး


ဒီအချိန်မှာ ဒဲ့ပီ'က အိမ်ထောင်မကျသေးဘူးဗျ


မဖတ်ဖူးသေးသူတွေကိုလည်း အဖေဒဲ့ပီ'ရဲ့တသက်တာမှတ်တမ်းကိုဖတ်စေချင်တယ် ဝတ္ထုအရည်အသွေးတော်တော်မြင့်တာမို့ပါ 


လူတယောက်ရဲ့တကယ့်ဘဝတကယ့်ဖြစ်စဉ်လို မွေးဖွားချိန်မှသေဆုံးချိန်အထိ အချစ်အလွမ်း စိတ်ဓာတ် ဝမ်းနည်းစရာ ကြည်နူးစရာ အားကျစရာတွေနဲ့ ပြည့်ပြည့်စုံစုံချယ်မှုံးထားတာ


ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်' စာအုပ်လိုပါပဲ အလုံးကောဒေါက်ကောဘယ်အပိုင်းမှာမှမ‌လျော့ပါဘူး


ကိုယ့်အမြင်အရဆိုရင် 

ပိုပြီးတောင်လူသားဆန်တယ်လို့ ခံစားရတယ်


ထားပါတော့ 


ခုပြောချင်တာက သူကြီးဘစီ'ရဲ့ စိတ်နေစိတ်ထားအနည်းအကျဉ်းပါ


ဆရာဆွေမင်းတည်ဆွဲထားတာက အသက်ခြောက်ဝန်းကျင်အရွယ်ဖြစ်ဖွယ်ရာ


လူပုပုစိတ်တိုတို ထစ်ခနဲ့ရှိနှစ်လုံးပြူးဆွဲထွက်တတ်သမို့

ရွာသားများက ကြောက်ရွံ့ကြတယ်


သူကြီးက အဂတိလေးပါးမှာ

ဒေါသဂတိ'ဆိုတဲ့ မုန်းလို့တမင်ညစ်ခြင်းမျိုး

မောဟဂတိ'ဆိုတဲ့ အမှန်ကိုသေချာမစစ်ဆေးဘဲ 

                                ပြီးစလွယ်လုပ်ခြင်းမျိုး

ဘယာကတိ'ဆိုတဲ့ ငွေကြေးဂုဏ်ဝါကြီးသူမို့ဘက်လိုက်ခြင်းမျိုး

တံစိုးလက်ဆောင်ကြောင့်ဘက်လိုက်ခြင်းမျိုးမရှိသည့်တိုင်


ဆန္ဒာဂတိ'ဆိုတဲ့ ချစ်ခြင်းခင်ခြင်းအားလျှော်စွာ ရံခါမှာ

မျက်စိမှိတ်နေခြင်းမျိုးတော့ရှိတယ်

ဒါပေမယ့် အများအားဖြင့်ဖြောင့်မတ်သူလို့ဆိုနိုင်တယ်


ရွာ့အကြီးအကဲဆိုတဲ့အတိုင်း သူ့ရဲ့အတွေးအခေါ်အမျှော်အမြင်က သာမန်လူတို့နဲ့မတူတာတော့အမှန်


‌ပြဿနာတခုကြုံလာရင် ကျွန်တော်တို့ကတိုက်ရိုက်အားဖြင့်သာ လက်ရှိအနေအထားဖြစ်တာကိုသာမြင်တာသိတာပါ


ဒါပေမယ့် ခေါင်းဆောင်တယောက်ကဒီလိုမဟုတ်ဘူး

ဖြစ်လာခြင်းအကြောင်းကိုဆင်ခြင်ရင်း

လားရာအကျိုးဆက်ကိုမျှော်မြင်ရင်း 


ကောင်းတာဆို တည်တံ့ဖို့ ပွားများဖို့ 


ဆိုးတာဆိုရင်လည်း ဖယ်ရှားဖို့ သို့တည်းမဟုတ် 

မလွဲမသွေကြုံဆုံရမယ်ရင်ဆိုင်ရမယ်ဆိုရင်လည်း

ခံသာသည်အထိ တတ်နိုင်သမျှလျှော့ချဖို့ ကြိုတင်ပြင်ဆင်ရတာကိုး


ဒီသဘောကို အဖိုးပေါက်ပီ'ရဲ့ဘဝဇာတ်လမ်း စာအုပ်အစပိုင်းမှာ အဖိုးရဲ့ဇရပ်ကြီးမီးလောင်တဲ့ဖြစ်စဉ်မှာ ဆရာဆွေမင်း'က 

သူကြီးဘစီ'ရဲ့ အမျှော်အမြင်ကို ပြသထားတယ်


အဖိုးတို့အဖေတို့အစဉ်အဆက် တည်ဆောက်ထိမ်းသိမ်းခဲ့တဲ့ဇရပ်ကြီးမီးလောင်လို့ ဝမ်းနည်းလို့ ယူကျုံးမရဖြစ်နေချိန် ပြာကျချိန်မှရောက်ချလာတဲ့သူကြီးကိုအငေါ့တူးလိုက်တော့


အံမယ် ခင်ဗျားကဘာသိလို့တုန်း

ကျုပ်ကအစောကြီးကတည်းကရောက်နေတာဗျ မီးကြီးလို့ရွာကိုမကူးရအောင် အနီးအပါးကအိမ်တွေကိုရေလောင်းခိုင်းနေတာ ဟိုးခေါင်ပေါ်မှာမတွေ့ဘူးလား ကာလာသားတွေ 

အိမ်ခေါင်ပေါ်မှာ ရေပုံးတွေနဲ့


ပြီးတော့ ဒါကဇရပ်ဆိုတော့ လူနေအိမ်တွေလိုထမင်းချက်ရာက ပေါ့ဆလို့မီးလောင်တာမျိုးမဖြစ်နိုင်ဘူး ဒီတော့ရှို့သူတရားခံလွတ်မသွားဖို့လိုက်ဖမ်းနေတာဗျတဲ့


သူကြီးဘစီဆိုတာ ဒီလိုလူပါ

ခဲကိုသာမကြည့်ဘဲ ပစ်သူကိုထောက်ဆရှာဖွေတတ်တဲ့ 

ခြင်္သေ့လိုလူမျိုး

.

.

စာအုပ် ၁၀၀

https://t.me/kolone1/944

.

.

ဗိုက်ကလေး

https://www.facebook.com/share/p/1M3GdFtKXM/

.

.

သူကြီးဘစီ

https://www.facebook.com/share/p/16RpQG1UHc/

.

ဆရာလေးကိုကြည်နိုင်

https://www.facebook.com/share/p/18u6d8fweV/

.

.

အတီး

https://www.facebook.com/share/19EA63FS7W/

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆရာလေးကိုကြည်နိုင်

 ဆရာလေးကိုကြည်နိုင် Https://www.youtube.com/@thantunlayinde  . ဆရာလေးအကြောင်းကို ပြည့်ပြည့်စုံစုံတင်ပြထားတာက ရွာကျောင်းကခေါင်းလောင်းသံ'ဆ...