သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, January 12, 2026

Chopsticks (2019) (ဇာတ်ကား🖊 တွေး၊ညွှန်း)




 Chopsticks (2019) (ဇာတ်ကား🖊 တွေး၊ညွှန်း)

https://t.me/kolayinde1/305

ကားဝယ်တဲ့နေ့မှာပဲ သူခိုးလက်သော့အပ်လိုက်မိတဲ့ အူတူတူ အတတ ငတိမလေး

ဒီကားလေးက မထူးသော်လည်း ခြားနားတယ်လို့ဆိုရမယ်

တရုတ်ဘာသာအထူးကျွမ်းကျင်တဲ့ စကားပြန်လမ်းပြကောင်မလေး 


အသံတိုးတိုး

သိမ်သိမ်ငယ်ငယ် 

ရှက်ရှက်ရွံ့ရွံ့ 

ကြောက်ကြောက်လန့်လန့်နဲ့ပဲမိဘအသိုင်းအဝိုင်း ဇာတိနဲ့ဝေးရာမှာ ဘဝခရီးကို ဖြောင့်မတ်တည်ငြိမ်စွာဖြတ်သန်းနိုင်ဖို့ကြိုးစားရင်း


လုပ်ငန်းခွင်တူတွေကတော့ ရိုးစင်းလွန်းတဲ့သူမရဲ့ ဝတ်စားဆင်ယင်အပြင်အဆင်ကြောင့် မကြားတကြား ရိသဲ့သဲ့ခေါ်ကြတာ မမကြီး"


ဘာပဲဖြစ်ဖြစ်ပါ သူမအဆင်ပြေပါတယ်

တကိုယ်တည်းလည်း ပြေအောင်နေနိုင်ခဲ့ပါတယ်


ဟော...ခုကြည့်ပါလား အလုပ်သွားအလုပ်ပြန်မပန်းရလေအောင် အသစ်စက်စက်ကားတစီးကို သူမခွန်အား ချွေးနဲစာအစစ်အမှန်နဲ့ ဝယ်နိုင်ခဲ့ပြီ


ဒီလိုနဲ့ပေါ့ ကောင်းခြင်းများဆောင်ယူလာစေဖို့

ဝယ်ပြီးပြီးချင်း ပလတ်စတစ်တွေတောင် ကုန်စင်အောင်မခွာရသေးပါဘူး နတ်သွားပြတယ်ပေါ့ဗျာ 


ဘုရားကျောင်းတော်အနီး ကားရပ်နားစရာနေရာ လှည့်ပတ်ရှာရင်း လူရွယ်တဦး အနီးရောက်လာတယ်


ကားပါကင်နေရာရှာနေတာလားခင်ဗျာ

ဟိုး...ရှေ့နားမှာလွတ်ပါတယ် 

ကျွန်တော်သွားထိုးပေးထားပါ့မယ်တဲ့


ဒီလိုနဲ့ ပါကင်ရှာရတဒုက္ခငြိမ်းပြီး လူရွယ်ထံသော့အပ်လို့

စိတ်လက်ပေါ့ပါးစွာ ရည်မှန်းဦးခိုက်ပူဇော်ဆုတောင်းအပြီးပြန်ထွက်အလာမှာ


သူမရဲ့ကား ရှာမရဘူး

တာဝန်ကျဌာနကိုစုံစမ်းပြန်တော့ကား 

ဒီမှာ ကားပါကင်ဝန်ဆောင်မှုမရှိပါဘူးတဲ့


ကဲ ခုဘဲ ကံကောင်းခြင်းတွေဆောင်ယူလာဖို့တောင်းခဲ့တဲ့ဆု ပြည့်ခဲ့လေပြီ 😄


ကားဝယ်တဲ့နေ့မှာပဲ သူခိုးလက်သောသွားအပ်မိတဲ့ 

အူတူတူ

အတတငတိမလေးရဲ့ ကားပြောက်ရှာပုံတော်ကို အူကြောင်ကြောင် ခွကျကျဖြစ်ရပ်များနဲ့


Directed by Sachin Yardi ဆာချင် ယာဒီ

Starring Abhay Deol အာဘေဟ်း ဒူယိုရ်

               Mithila Palkar မီသီလ ပါလ်ကာ

               

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Chopsticks (2019) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 Chopsticks (2019) (ဇာတ်ကား🖊 တွေး၊ညွှန်း) https://t.me/kolayinde1/305 ။ ကားဝယ်တဲ့နေ့မှာပဲ သူခိုးလက်သော့အပ်လိုက်မိတဲ့ အူတူတူ အတတ ငတိမလေး ။ ဒ...