ဗုဒ္ဓဘာသာနှင့် ရုပ်ထုကိုးကွယ်ခြင်းအနှစ်သာရ
Https://www.youtube.com/@thantunlayinde
---
ရုပ်ထု (ရုပ်ဝတ္ထု) ကိုးကွယ်ခြင်းမှာ အဆင့်သုံးဆင့်ရှိတယ်လို့ ဆရာဆန်းလွင်'ဘာသာပြန်ထားတဲ့ Man'S Religions ဆိုတဲ့စာအုပ်မှာ ဆရာ John B.Noss က ဆိုထားပါတယ်
၁။ရုပ်ထု(အရာဝတ္ထု)မှာအစွမ်းတန်ခိုးရှိတယ်လို့ ယုံကြည်လို့ကိုးကွယ်ခြင်း
အာဖရိကလူရိုင်းတို့ရဲ့ ရုပ်ထုကိုးကွယ်ခြင်းမျိုးပေါ့
ကိုယ်တွေစီမှာဆိုရင် ဥပမာ ရွှေတိဂုံဘုရားက တန်ခိုးကြီးတယ်
ကျိုက်ထီးရိုးဘုရားကတန်ခိုးကြီးတယ် ဒက္ခိဏသာခါဆင်းတုမှ ဘယ်အသားနဲ့ထုထားတဲ့ဆင်းတုမှ စသည်ဖြင့် ရုပ်ဝတ္ထုမှာ အစွမ်းတန်ခိုးရှိတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ခြင်းမျိုးပါ
၂။ရုပ်ထု (ရုပ်ဝတ္ထု) ကို စောင့်ကြပ်နေသူမှာ ကြီးမားတဲ့အစွမ်းတန်ခိုးရှိမယ်လို့ ယုံကြည်ကိုးကွယ်ခြင်းမျိုး
ကိုယ်တွေဆီမှာဆိုရင် ရိုးရာနတ်ကိုးကွယ်ခြင်းမျိုးပေါ့
ပြီးတော့ဘယ်ဘုရားမှာတော့ ဘယ်သူစောင့်ကြပ်တယ်
အဲ့သည်မှာသွားရောက်ဦးခိုက်မှ ရှိခိုးကော်ရော်မှ ထိုသူရဲ့အစောင့်အရှောက်အဖေးအမတို့ ရနိုင်မှာလို့ ယုံကြည်ကိုးကွယ်မှုမျိုးပါ
၃။ရုပ်ထု (ရုပ်ဝတ္ထု) ကို အစစ်အမှန်တရားအတွက် ရည်မှန်းရာသင်္ကေတ အဖြစ် ကိုယ်ကိုးကွယ်ခြင်းမျိုး
အဆိုပါစာအုပ်မှာတော့ ဆရာဂျွန်ဘီနော့'က ဗုဒ္ဓဘာသာမှာ ရုပ်တု ဆင်းတု စေတီ ကိုးကွယ်တယ်ဆိုတာ ထို ရုပ်ထုကို ကိုးကွယ်တာမဟုတ်ဘဲ ထိုရုပ်တုက အစစ်အမှန်တရားအတွက် ရည်ညွှန်းရာ သင်္ကေတသဘောသာဖြစ်တယ်လို့ သူကဆိုပါတယ်
သူပြောလိုက်မှပဲ ကျွန်တော်တို့ကိုးကွယ်မှုတွေကအသွင်သဏ္ဍာန်ရဲ့နောက်ကွယ်က အစစ်အမှန်တရားကို အနှစ်သာရကိုအမှန်တကယ် ဖမ်းဆုပ်နေခြင်းမှဟုတ်ပါလေစလို့ သံသယရှိသွားတယ်
။
။
ဆရာဆန်းလွင်၏စာအုပ်များ (၁၈အုပ်)
https://t.me/kolone1/1043
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment