Https://www.youtube.com/@thantunlayinde
.
၄၅
Guest : Jang Hyuk.
Site : S Electronics Promotion Center at Kangnam Station
.
ရှေ့အပိုင်းနဲ့က နှစ်ပိုင်းတွဲလို့လည်းဆိုနိုင်သလို သီခြားလို့ပြောရင်လည်းမှားတယ်လို့မငြင်းနိုင်ပါဘူး
အဲ့အပိုင်းတုန်းကအပြစ်ဒဏ်ကိုခံပြီးဖြစ်ပေမယ့်
အဲ့ဒီအပိုင်းရဲ့အငွေ့အသက်အချို့အရိပ်ထိုးနေသေးတာမို့ပါ
ပထမဆုံးအသင်းဖွဲ့ကြရာမှာ ယမန်နေ့ကအသင်းကိုပဲပြန်လည်စုစည်းကြစေတာဖြစ်ပြီး မနက်အစောကြီးမှာပဲ ခေါင်းဆောင်နှစ်ယောက်အိမ်ရောက်ချလာလို့ ကစားကဖို့လူစုပါတဲ့
ကြိုတင်အသိပေးခွင့်မရှိ သွားရောက်ခေါ်ဆောင်ပါဆိုတော့ကား အပိုင်း ၄၁ မှာတုန်းက ကစားခဲ့ကြတဲ့ 🐧'ရဲ့တိုက်ခန်းဆီတဖန်ပြန်ရောက်လာတဲ့ 🐯
ဧည့်သည်ရဲ့ဖုန်းနံပါတ်မသိလို့ ဒုက္ခရောက်နေကြတဲ့ 👃🦗
အဝေးမှာနေကြတဲ့ 😺🦒
ကုန်ဆုံးသွားတဲ့အချိန်အတွက်ပြန်ညှိဖို့ လူရိုးကြီး 🐵 ကို မစ်ရှင်အတုပေးလှည့်စားခဲ့ကြတဲ့ အစ်ကိုကြီးအသင်း
ဒီလိုနဲ့ အီလက်ထရောနစ်စင်တာအရောက် ထပ်ဆင့်မစ်ရှင်က ကော်ဖီအမျိုး ၃၀ ဝယ်ခဲ့ပါလို့ ယမန်နေ့က ကစားခဲ့တဲ့ ကြော်ငြာကုမ္မဏီက MD ရဲ့စေညွှန်းချက်အတိုင်း
🐯 အသင်းက အသင့်ဖျော်ကော်ဖီဗူးတွေ အထုတ်တွေဝယ်လို့
🦗 အသင်းကတော့ လက်ငင်းဖျော်ပေးရာမှာဝယ်တော့ ရှုံးသွားရာက ယမန်နေ့ကအနိုင်ရစုဆောင်းထားတဲ့အမှတ်ကို လိုက်မီသွားစေခဲ့တယ်
နောက်ဆုံးပွဲမှာတော့
ဂျင်းဘောင်းဘီကိုရှိုးလျှောက်ကြော်ငြာပြရမှာ
ဒီမှာဝတ်ဆင်ပြသတဲ့မော်ဒယ်တွေကို နှစ်ယောက်တတွဲစီယှဉ်ပြိုင်စေပြီး နောက်ဆုံးမှာလက်ရွေးစင်နှစ်ယောက်က ထူးခြားတဲ့ ပါဖောမန့်နဲ့ပါဆွဲဆောင်ရမှာ
မစ္စတာ 🦗ကတော့ ဂျင်း'ဆိုတာ လွတ်လပ်ခြင်းသင်္ကေတတဲ့
တည်ငြိမ်သူကြီး 🐵 ကတော့စကားပိုမဆို ယုံကြည်မှုရှိရှိ ပေါ့ပေါ့ပါးပါးနဲ့ကို ဂျင်း'ရဲ့ဘာသာဗေဒကို ထိထိမိမိပြသနိုင်ခဲ့တာ
တနင်္လာကောင်မလေးမှာ လက်ခုပ်လက်ဝါးတီးလို့ အားပါးတရ ရယ်မောသဘောကျဘိခြင်း
နောက်ဆုံးမှာ အပိုင်း ၄၄ မှာကတည်းက မဲပေးခဲ့ကြတဲ့ ရုံးဝန်ထမ်းတွေထဲက အနိုင်ရသူတွေအတွက် မဲပေးခဲ့ကြသူတွေကို ကုမ္မဏီက အထူးလက်ဆောင်ပေးအပ်ခဲ့ပါတယ်
.
.
🌹အထူးအချက်
မိတ်ကပ်မပါ ဗလာမျက်နှာနဲ့ရောက်ချလာတဲ့ မင်းသမီး 😃
လွယ်လွယ်လေးအလှည်စားခံလိုက်ရတဲ့ ကိုလူရိုး
တယောက်တမျိုး မတူညီတဲ့အစွမ်းတွေနဲ့ ထုတ်ကုန်ကြော်ငြာရှိုးလျှောက်ပြသမှုများ
ဂျင်း'ကို အဓိပ္ပါယ်ဖွင့်ကြတော့
မစ္စတာ 🦗 က လွတ်လပ်ခြင်းတဲ့
😺+🐵 စုံတွဲကတော့ ဆွဲဆောင်မှုဆိုပဲ
ဘယ်သူတွေဘယ်လိုဆိုဆို 🦒 ကတော့ ယုံကြည်ခြင်းပါတဲ့ဗျာ 😆
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
Photo album
https://t.me/rmkolayinde/1154
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့
မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
No comments:
Post a Comment