သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, June 22, 2025

Running man ep 46

 

Running man episode 49
Https://www.youtube.com/@thantunlayinde 
.
၄၉
Guest : Goo Hara [KARA], Noh Sa Yeon

Site : Ehwa University, Sungshin University, Dongduk Women's University, Seoul's Dream Forest
.
အဖွင့်မိတ်ဆက်ချိန်မှာ တဦးတည်းသောမိန်းကလေးအဖွဲ့သား ဆုန်းဂျီဟျို'က အဖွဲ့သားများနဲ့အတူတူရှိမနေဘဲ ဧည့်သည်များနည်းတူ ပုန်းအောင်းနေခဲ့တဲ့ ပထမဆုံးအပိုင်း

အိမ်မက်တောတန်းမှာစတင်ခဲ့တဲ့ဒီပွဲမှာ 
ပြိုင်ပွဲပုံစံက ဘုရင်မကိုကာကွယ်ပါတဲ့

ပထမဆုံး ဧည့်သည်ရှာဖို့အထူးမစ်ရှင်မရှိဘဲ သာမန်ရှာရုံသာရှာခြင်းဖြစ်ပေမယ့် ထူးခြားတဲ့ဧည့်သည်ကြောင့် ဆုပေး‌ဒါဏ်ပေးပုံစံ ကြီးကြီးမားမားသက်ရောက်စေခဲ့ 😁

အရင်ဆုံးကိုယ်ရံတော်များက ဘုရင်မကိုရှာဖွေပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ ကိုယ့်ဘုရင်မကို အလုပ်အကျွေးပြုရင်း အကာအကွယ်ပေးသွားရမှာ

ပထမဆုံးကတော့ တက္ကသိုလ်အနီးကလမ်းမထက်မှာ အစားအစာသုံးမျိုးကို ဘုရင်မကိုမြေမှာခြေတော်တာမကျစေဘဲ ဆက်သကြရမှာ 

ပိန်တဲ့ဘုရင်မရဲ့ ကျေးကျွန်တွေအတွက်တော့ မပြောပလောက်‌ပေမယ့် အခြားသူများမှာတော့မစားသာ ဥပမာ 🥱 🐵 တို့ပေါ့ 😃

👃 ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် 😺 လေးကို တယောက်တည်းဒိုင်ခံထမ်းပိုးခဲ့ရတဲ့ 🦒

ဒီမှာမစ်ရှင်အောင်သူတို့အတွက် မြင့်၊လတ်၊နိမ့် လို့တံဆိပ်ကပ်ထားတဲ့ ဆုလက်ဆောင်သေတ္တာသုံးခုကိုထဲက တခုကိုရွေးချယ်စေခဲ့ပါတယ် 

ဒီရွေးချယ်မှုကပဲမစ်ရှင်မြန်မြန်ပြီးသည့်တိုင် မုချအသာရတာမျိုးမဟုတ်ဘဲ ကံတရားကိုပါစမ်းသပ်တဲ့သဘောပါ
ဒီပုံစံအသုံးပြုတာ ပထမဆုံးပါပဲ

နောက်တနေရာမှာတော့ ကိုယ်စီမစ်ရှင်တွေနဲ့ တသင်းစီက ခြားနားတဲ့ပြိုင်ပွဲကစားခဲ့ကြ

ဟားဟား'ရဲ့ထက် လက်ကြီးတဲ့မိန်းကလေး
ဂွမ်ဆူ'ရဲ့ မေးစေ့အထိအရပ်ရှိသူများ
ဂယ်ရီ'ထက် လက်ဖဝါးပြင်ထက် သေးသွယ်တဲ့မျက်နှာရှိသူ

နောက်တပွဲမှာတော့ သောက်ပြီးသားဗူးခွံတွေကို အမှိုက်ပှုံးအတွင်းလှန်းပစ်ထည့်ရမှာ

ဒီမှာတော့ အပိုင်း ၄၃ (IU) တုန်းက တလွဲဖြစ်ခဲ့တဲ့သူ့လက်ဆကိုသဘောပေါက်လို့ လက်မှန်းတည့်တဲ့ 🐧 ကိုသာ ပစ်ခိုင်းခဲ့တဲ့ 🐯

နောက်ဆုံးပွဲကိုတော့ မစ်ရှင်အစပြုခဲ့ရာ အိမ်မက်တောတန်းကလေးဆီ ပြန်လည်ကစားခဲ့

ဒီမှာရှေ့တုန်းကရရှိခဲ့တဲ့ သေတ္တာသုံးခုကအက္ခရာကျသွား
နာမည်ကပ်အကြီးအသေး
ကပ်ကိုကာကွယ်ပေးမယ့် အကာပစ္စည်းဆိုဒ်
ပြီးတော့ ရေသေနတ်ကောင်းမကောင်းပေါ့

နောက်ဆုံးပွဲဖြစ်တာနဲ့အညီ တန်ပိုအတွက်အကျများစွာနဲ့ စိတ်ဝင်စားစရာအဖုံဖုံပေးစွမ်းနိုင်ခဲ့ပြီး 
နာမည်ကပ်ရေစိုရင်ထွက်ရမယ့်ပွဲမှာ တကိုယ်လုံးရေထဲပစ်ကျလို့ ပွဲကျခဲ့ရတဲ့ 🦒 ရဲ့အဖြစ် 😆

.
🌹အထူးအချက် 
ပထမဆုံးအနေနဲ့ အဖွင့်မိတ်ဆက်ချိန်အဖွဲ့သားတို့နဲ့အတူတူရှိမနေခဲ့ဘဲ မစ်ရှင်အတွက် ပုန်းလျှိုးနေရတဲ့ ဆုန်းဂျီဟျို

၃ ပိုင်းမြောက်နဲ့ ဒုတိယအကြိမ်လာရောက်ခဲ့တဲ့
ဂိုဟာရာ

ပထမဆုံး ဧည့်သည်ရှာဖို့အထူးမစ်ရှင်မရှိဘဲ 
သာမန်ရှာရုံသာရှာခြင်း

အမျိုးသမီးအသင်းခေါင်းဆောင်များ

ကစားနေရင်း ရေထဲပြုတ်ကျသွားတဲ့ 🦒

အပိုင်း ၃၈ ပြီးနောက် ရေသေနတ်ပြန်လည်အသုံးပြုခြင်း
ကြည့်ရန်
Https://t.me/rmkolayinde 
.
Photo album 
https://t.me/rmkolayinde/1292
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်



























































































No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကြက်နပေါင်းနွယ်

ကြက်နပေါင်းနွယ် . နာမည်လေးက အချို့ဒေသကလူတွေအတွက် စိမ်းနေ ဆန်းနေမယ်ထင်တယ်  ကိုယ်တွေစီမှာတော့ ယာတောစည်းရိုးစပ်တွေမှာ သိပ်ပေါတာရယ် သူက မြေကပ်နွ...