Https://www.youtube.com/@thantunlayinde
.
၄၄
Guest: Jang Hyuk
Site: Cheil advertising agency office; Itaewon District, Seoul
.
မိုးတရက်ကစတင်ခဲ့ရာက ခုမိုးစက်တွေကမ္ဘာမြေကိုပြန်ခုန်ဆင်းတဲ့ရာသီတောင် တကျော့ပြန်ရောက်လာပြီ
ကြော်ငြာများထုတ်လုပ်ဖြန့်ချီရာရုံးမှာကစားခဲ့တဲ့ဒီပွဲမှာ အပိုင်း ၃၇ အပြီး ဧည့်သည်ကိုတဖန်ရှာဖွေခြင်းကဏ္ဍကစားခဲ့
ထူးခြားတာကဝင်ပေါက်မှာပဲ ရုံးဝန်ထမ်းတို့အတွက် နိုင်မည့်အပြေးသမားကို ရွေးချယ်မဲပေးနိုင်မယ့်အစီအစဉ်
ဒီနေရာမှာ နာမည်ကိုတိုက်ရိုက်မခေါ်ဘဲ ဘန်းစကားတွေသုံးကြတယ်ဆိုပဲ ဥပမာ ဂွမ်ပရို ၊ ဂယ်ပရို ၊ ဂျီပရို တို့ပေါ့ 😁
ဧည့်သည်မရှာဘဲ ဂိမ်းဆော့နေတာကြောင့် စောစောထွက်လိုက်ရတဲ့ အူတူတူ
အမှန်က ရှေ့မှာအတွေ့အကြုံများစွာရှိခဲ့ပြီးမို့ အပြေးသမားတို့အဖို့ ဧည့်သည်ရှာဖို့ဖြုတ်ဖို့က ပြောပလောက်အောင်ဖိအားမရှိခဲ့တာပါ
ဒါကြောင့်ဘဲ အစောကြီးတွေ့ခဲ့ပြီးသားဧည့်သည်ကို စိတ်ဝင်စားဖွယ်ပြသချိန်ရဖို့ တမင်လွှတ်ပေး ဟပေးသွားကြပုံပဲ
ဒီလိုအနည်းငယ်ငြီးငွေ့ဖွယ်ဖြစ်နေတဲ့ ပြသချိန်အတွက် ကျားကြီး'က love line ချိတ်လို့ တနည်းဆွဲဆောင်ခဲ့
(အပိုင်း ၉ မှာတုန်းကထင်တယ် သူကိုယ်တိုင် ရှိုးမှာ Love line မလုပ်လိုလို့ ပြောခဲ့တာကို ပယ်ဖျက်လို့လုပ်ခဲ့တာပါ
ဒီမှာတုန်းက နှံကောင်ကြီး'ကတောင်နောက်လိုက်သေးတယ်
Love line မဟုတ်ဘူး couple line လို့ )
ထားပါတော့ ကြွက်သားတွေဖုံးအုပ်လို့ မာကျောနေတဲ့နှလုံးသားကို လူးလွန့်လှုပ်ရှားအောင်ပြုစားသွားတဲ့
အမည်တခု အာရီဆူ'တဲ့
တဆင့်တက်လို့ လူချင်းရင်းနှီးဖို့ စဖို့ ရှက်နေခက်နေတဲ့ လူပျိုသိုးသူငယ်ချင်းကြီးအတွက် ခရီးရောက်အောင် လှော်ပေးခဲ့တဲ့ ကိုနှံကောင်
(ဒါမျိုးဆိုလှော်ရပိုကျွမ်းတဲ့ ဟားရိုရို'ရှိမနေတော့လို့သာပေါ့ ဒါ့မဆိုရင် 😃)
နောက်ဆုံးပွဲမှာတော့ ကစားရာရုံးကဝန်ထမ်း အယောက်တရာနီးပါးအတွက် ညစာတည်ခင်းဧည့်ခံရမှာ အသင်းနှစ်သင်းခွဲထားတာမို့
ကိုယ့်အဖွဲ့စီစဉ်ထားရာနေရာကို လာရောက်စားသုံးကြဖို့ ဆိုင်းဘုတ်ထောင်ကာကြော်ငြာဆွဲဆောင်ရမှာဖြစ်ပြီး လူများများလာရောက်စားသုံးတဲ့အဖွဲ့ကနိုင်မှာပါ
ကြော်ငြာဖန်တီးလို့စီးပွားရှာနေတဲ့ပရိုတွေကို ဆွဲဆောင်ဖို့ ကြော်ငြာပြန်တီးခိုင်းတာတကယ့်မလွယ်ကြောရယ်
ရှုံးတဲ့အသင်းကတော့ ပြစ်ဒဏ်အဖြစ် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရှင်းရမှာ ဒါမျိုးဆိုကံထူးသူတယောက်က သပ်သပ်ကိုရှိတယ်
ဟိုလူပျိုကြီးလေ အပိုင်း ၂၆၂ မှာကော
သူပဲရှင်းလိုက်ရတာ 😁
.
🌹အထူးအချက်
ကျားကြီးရင်ခုန်သွားစေတဲ့မိန်းကလေး
တကျော့ပြန်ရောက်ရှိလာတဲ့မိုးရက်များ
ဘေရှင်းလိုက်ရတဲ့ ကံထူးသူမောင်ကျား 😃
ပြီးတော့ ဂျွန်ကီ'ထွက်သွားပြီး အဖော်မဲ့သွားသလိုအနည်းငယ်ကြောင်စီစီဖြစ်နေတဲ့ ဂွမ်ဆူ'ကို ရှေ့အပိုင်းရဲ့နှောင်းပိုင်းအချိန်တွေမှာ ဟားဟား နဲ့ ဂျီဟျို'က သေသေချာချာလေးကိုတွဲခေါ်ခဲ့ကြသလို
ဒီအပိုင်းမှာလည်း အကြီးတွေက သက်သောင့်သက်သာဖြစ်အောင် ပြောရဲဆိုရဲဖြစ်အောင် တလှည့်စီပွဲထုတ်ပေးခဲ့ကြတယ်
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
Photo album
https://t.me/rmkolayinde/1052
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်






























































































No comments:
Post a Comment