ချစ်ခြင်းမေတ္တာအကြောင်းဖွဲ့သီရာမှာ ဆရာမောင်ကြည်ငွေ ရေးပြီး တွံတေးကြီးဆိုထားတဲ့ ရှေးသီချင်းလေးတပုဒ်က စိတ်ထဲစွဲနေတယ်
နာမည်က "စောင်းသံတိတ်မှအိပ်ပါကွယ်"တဲ့
🎵မေတ္တာကန်သာအေးမြမြဝယ်
ငွေလရောင်ထွန်းတော့ အမှောင်စွန်းမှာနေချင်တယ်လို့
ငွေလကိုတိမ်ကြားရောက်အောင် လေနဲ့မှုတ်လို့ဖုံးကွယ်ရမလားကွယ် 🎼
နုလိုက်လှလိုက်တာဗျာ
_______________________
အတိတ်တချိန်က ချစ်သူရည်းစားတွေက နေ့လည်နေ့ခင်းများချိန်းတွေ့ရင် ပတ်ဝန်းကျင်ကမြင်သွားသိသွားမှာစိုးတာရယ် အကြောင်းမရှိဘဲအိမ်ကထွက်လမ်းသလားတဲ့အကျင့်မရှိတာမို့ ထွက်ဖို့ခက်တာရယ်ကြောင့် ညဖက် အိမ်လာဖို့ချိန်းတယ်
ကောက်ရိုးပုံအနားဆိုတာမျိုးပေါ့
ဒါ့ကြောင့်ပဲ ဆိတ်ကွယ်ရာကလည်းဖြစ်ပြန် အကာလညအခါမှာ ဆန့်ကျင်ဖက်လိင်နှစ်ဦးသား အနီးကပ်တွေစုံရတာလည်းဖြစ်ပြန်ဆိုတော့ စိတ်တိမ်းတာနဲ့ ယိမ်းသွားစရာအဖြစ်သနစ်တွေကြုံကြရတာ
ထားတော့
_______________________
ခုသီချင်းက စောင်းလေးတီးလို့ ထားချန်ခံခဲ့ရတဲ့တယောက်က အတိတ်တချိန်ချိန်းတွေ့ကြစဉ်က ကြည်နူးခဲ့တာလေးကို ကြေကြေမြေ့မြေ့လွမ်းလွမ်းဆွေးဆွေးတမ်းတမ်းတတနဲ့ စိတ်အစဉ်မှာပြန်လည်ပုံဖော်မြင်ယောင်ကာ ကျူးရင့်နေတဲ့သဘော
ဪ ညအခါလူခြေတိတ်ချိန်ဖြစ်လင့်ကစား လရောင်ကြောင့် မတော်တဆ တစုံတယောက်မြင်တွေ့မှာကိုစိုးထိတ်စိတ်ဖြစ်လိုရေရွတ်နေတာကို ထိုလကိုတိမ်တစုပ်အမြန်ဖုံးအုပ်သွားအောင် လေနဲ့မှုတ်ပြီးဖုံးကွယ်ပေးရမလားလို့ ချစ်သူတို့ဘာသာဘာဝ ကြည်နူးဖွယ်စကားဆိုခဲ့တာကို
လတိမ်ကွယ်သွားတော့ ဟိုသကောင့်သားကဘာလုပ်လိုက်လဲမသိ 🤔
နှောင်းကန်အရိပ်က ထိတ်စရာများနှယ် တို့
သက်သေတည်ထားစရာအဖြေလည်းကင်းပြီမို့ကွယ်တို့ ဖျက်မလွယ်အမျက်ရယ်ထား နယ်ခြားမြေဝေးစွန့်ခွာပြေးသူထံတို့ သီချင်းထဲမှာ ပါတာကို 😁
ခုများစောင်းလေးတီးလို့စေလိုက်တယ် ကြားပါစေတော့ နားစဉ်ဖြစ်ရင် စောင်းသံတိတ်မှပဲ အိပ်ပါလေတော့ ဆိုတဲ့သဘောနဲ့ ကြည်နူးခဲ့တာလေးကိုထောက်ချင့်လို့ အယူခံတင်လိုက်တဲ့သဘောပေါ့ဗျာ
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment