ဆရာနိုင်မြန်မာပြောဖူးတယ်
ကဗျာဆိုတာ နှလုံးသားကလာတာမို့
နှလုံးသားရှိရာမှာသာ နားခိုတယ်
နှလုံးသားရှိမှ ခံစားနားလည်နိုင်တယ်တဲ့
ထပ်ထူဝမ်းမြောက်ပျော်ရွှင်မှု
ထပ်တူညီမျှ နာနာကျင်ကျင် ဝမ်းနည်းကြေကွဲရမှုဆိုတာတွေကလည်း ထိုနည်း၎င်းပေါ့
နှလုံးသားချင်းနီးပါမှ ခံစားနားလည်နိုင်တာမျိုး
တမြေထဲ တရေထဲ လူမျိုးတခုတည်ဖြစ်လင့်ကစား နှလုံးသားခြင်းထပ်တူမကျရင်
အောင်မြင်တာတွေအတွက် မဲ့ရွဲ့စကားတင်းဆိုဖို့ဝန်မလေးသလို
မတရားအနိုင်ကျင့်စော်ကားခံနေရတာမျိုးကို မျက်မြင်ဒိဋ္ဌမြင်တွေ့နေရရင်တောင် ဖာသိဖာသာပြုနေနိုင်တာမျိုး
ကျောခိုင်းပြုံးရယ်နေနိုင်တာမျိုးမို့
ခံစားနားလည် စာနာနိုင်စွမ်းကလည်း
နှလုံးသားတူသူရဲ့ သဏ္ဌာန်မှာသာ ပေါက်ဖွားဖြစ်တည်နိုင်တာမျိုးလို့ဆိုချင်တာပါ
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ


No comments:
Post a Comment