.
အရင်ကရွာရဲ့ဆောင်းညတွေ မနက်ခင်းတွေက ဆီးနှင်းတွေပိတ်သည်း
စာချိုးတောင်ရှိရဲ့ "နတ်တော်ပြာသို ချီးမတပ်ယို" တဲ့
အိမ်သာတွေရှားတော့ တောထိုင် (ပြင်ဖက်ထိုင်) တဲ့ဓလေ့ကြီးစိုးစဥ်ကပေါ့
ဒီအလေ့အထနဲ့စွဲနေတဲ့မျိုးဆက်တွေက ခုထိရှိနေကြတုန်း
ပြင်ဖက်မှမထိုက်ရရင် မထွက်မကျတဲ့
ကိုယ်တွေစီမှာတော့ အမျိုးသမီးအမျိုးသားကို ကာလလေးနေရာလေးနဲ့ခွဲထားတာရယ်
အမျိုးသမီးတွေက ကာလအားဖြင့် ညနေရဲ့အစောပိုင်း နေရာအားဖြင့်ရွာနဲ့မလှမ်းမကမ်းပေါ့
အမျိုးသားတွေက အစောပိုင်းအချိန်တွေဆိုရင် အတော်ဝေးဝေးထိသွားကြတာရယ်
မှောင်စပျိုးချိန်ဆိုရင်တော့ အမျိုးသမီးတွေလည်းမထွက်ကြတော့ ရွာနားတင်ပေါ့
လူသူကွဲချိန်အလင်းရှိသေးချိန်များဆိုရင် ရှက်လို့ဆိုပြီး
ပုဆိုးမလို့ ခေါင်းကိုခြုံမျက်လုံးလေးသာပေါ်တာရယ်
မင်းနှယ်ကွာ လူကွယ်မျက်ကွယ် ချောင်းကြိုမြောင်ကြားသွားပါရော့လားဆိုတော့
ထိမ်းမှမရပဲကိုယ့်လူတဲ့
ဒါကြောင့်ပဲ နေဝင်ရီရောဆိုရင် ပြင်ဖက်ထိုင်မှတပါး တောဘက်မထွက်ကြတော့ဘူး
ထွက်ရင်လည်း ပြင်ဖက်ထိုင်ထွက်လာသူနဲ့တွေ့လို့ အမျိုးသားခြင်းတူတူဆို
လိုက်ခဲ့စမ်းပါကွခေါ်ရင် ငါ (ချီး) မပါချင်သေးဘူးငြင်းလည်း
တယောက်တည်းမို့ပါဘာညာဆိုရင်ပါသွားရော
ပြီးတော့ တလက်စတည်းကိစ္စပြီးအောင်ပါခဲ့တာမျိုးလည်းရှိ
ဒါမှမဟုတ်လည်း သူ့နဲ့မလှမ်းမကမ်းကနေစကားပြောရင်းစောင့်ပေါ့
တယောက်တည်းမို့ဆိုတာက ကြောက်လို့ရယ်မဟုတ်
စောချိန်မို့ ပြန်ချိန်ကျ လမ်းဘေးဝဲယာက ပြင်ဘက်ထွက်ထိုင်ကြတဲ့အမျိုးသမီးတွေရှိရင်
ရှက်လို့
ကိုယ်တွေလည်းကြုံးဖူးပ ဒီအချိန်များ ပုဆိုးကိုခေါင်းပေါ်အထိ မျက်လုံးမြင်သာရုံသာချန်လို့
ခြုံရင်း သုတ်ခြေတင်ရတာရယ်
သူတို့က အုပ်လိုက်ကိုယ်ကတယောက်တည်းဖြစ်နေတာကိုး
ဒါကိုပဲ စာချိုးရှိတယ် "ယိုသူမရှက် မြင်သူရှက်" ဆိုတာလေ
နေလေးများညို့ရင် တုတ်ခညောင်းကိုယ်စီနဲ့ ကိုယ်စီတူရာတူရာစုလို့တောထိုင်ရင်း
စကားလေးတပြောပြော
စီးပွားရေးကြီးပွားရေး သာရေးနာရေးကစလို့ လူမှုရေးနိုင်ငံရေးအတွေးအမြင်စုံလို့
တခါတခါများ ဘာသာရေးအငြင်းပွားကြသေးတာ
နာရီဝက်တနာရီ ဘယ်လောက်ကြာအောင်ထိုင်မိပြောမိကြလေမသိ
ပြန်ချိန်ကျ လူလုံးမကွဲတော့
မနက်ပိုင်းဆိုရင်ကောလို့မေးစရာရှိလိမ့်မယ်ထင်တယ်
သိပ်စောလွန်းချိန်ကလွဲလို့ပြသနာမရှိပါဘူး
ဘာကြောင့်လဲဆိုတော့ အဲ့ဒီကာလ တောရွာတွေကမှာက အရှေ့ရပ်ကရောင်နီသန်းစ
အရုဏ်မတက်ခင်ကတည်းက လယ်ယာကိုင်းတောထွက်နှင့်နေကြပြီးမို့ ရောက်ရာတောမှာရှင်းကြပေါ့
ဦးသုခက ဆရာငြိမ်းကျော်ရဲ့ ဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့
စာအုပ်လေးကို ဇာတ်ကားရိုက်ရာမှာ အိမ်သာတွေဆောက်ပြတော့ ရွာခံတွေက
နောက်ထားတာလေးတောင်သတိရမိတယ်
"ချီးပဲ သိမ်းထားမနေချင်ပါဘူးဗျာ တောထဲထွက်ထိုင်လိုက်ပြီးရောတဲ့"
ကိုယ်တွေလည်းငယ်သေးပေသည့် အဲ့ခေတ်ကိုကောင်းကောင်းမှီလိုက်တယ်ရယ်
ဆောင်းတွင်းက တောထိုင်ဖို့ထွက်ရင်သိပ်မကောင်းလှဘူး
လမ်းဘေးအပင်တွေက နှင်းစလေးတွေခိုနေတာမို့ ပုဆိုးအောက်တပိုင်းလုံး စိုရွှဲနေတဲ့အထိ
အဲကောင်းတာတခုတော့ရှိတယ် အဲ့ကာလများထိုင်ရသိပ်ကောင်း
ပြီးတော့ တုတ်ခညောင်းရှာစရာမလိုဘူးလေ
မျက်ထူထူလေးနားသွား တရွတ်လျောပွတ်ချလိုက်ရင်ပဲ နှင်းဆစိုစိုနဲ့ အပြောင်အရှင်း
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment