သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, January 18, 2026

Mili (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)



 Mili (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)

https://t.me/kolayinde1/55


ဟယ်လန် (Helen) ဆိုတဲ့ မာလေယာလမ်ကားကို

ပြန်ရိုက်ကားထားတဲ့ ဒီဇာတ်လမ်းမှာ ဂျန်ဗီ ကပူးရ် က

"မီလီ" အဖြစ်ပေါ့


သားအဖနှစ်ယောက်တည်းရှိတဲ့ သူတို့မိသားစုမှာ 

ငွေကမရှိမရှား ချောင်လည်လောင်ငှရုံလောက်သာ


စူပါမားကက်တခုက အစားအသောက်ဆိုင်တခုမှာလုပ်ကိုင်ရင်း

ဘဝနောင်ရေးခိုင်မာစေဖို့ နိုင်ငံခြားထွက်လို့ ငွေရှာစုဆောင်းလိုတာအမှန်


တဦးတည်းသောသမီးလေးမို့ မလွှတ်ရက်မလွှတ်ချင်တဲ့

ဖခင်ရဲ့ဆန္ဒ


ဘဝအရေးပေါ့ပေါ့တွေးလို့ အလုပ်အကိုင်မယ်မယ်ရရမရှိတဲ့

ရည်းစားကြောင့် ခိုင်မာတဲ့ရပ်တည်မှု သေချာတဲ့ရည်မှန်းချက်ရှိမှ

ဖခင်နဲ့မိတ်ဆက်ပေးလိုသူ 


Https://www.youtube.com/@thantunlayinde 


တနေ့တော့ ယာဥ်မောင်းစဥ် သောက်စားလာတဲ့ချစ်သူကြောင့်

ရဲအဖမ်းခံရတယ် 


လာရောက်ဖြေရှင်းပေးပေမယ့် သမီးဖြစ်သူရဲ့

အရွယ်ရောက်လာမှုကိုသတိမမူမိရင်း ဒီအတိုင်းပျော်ရွှင်စွာနေထိုင်လာရင်းက


ရုတ်တရက်နောက်ထပ်လူတယောက် ရောက်လာတယ်ဆိုတဲ့အသိ

သျှောင်နောက်ဆံထုံးပါမြဲထုံးဆိုသလို

သမီးက သူ့ကိုခွဲခွာသွားတော့လေမလားဆိုတဲ့အတွေးတွေက


စိတ်အစဥ်ကိုစိုးမိုးလို့ အပြစ်လည်းမဆို နှုတ်မြွက်လည်းမပြော

ပကတိအခြေအနေကို ရုတ်ချည်းလက္ခံဖို့ တုံ့ပြန်ဖို့ဆွံ့အနေမိတဲ့

ဖခင်တယောက်ရဲ့သောကနဲ့ ဝမ်းနည်းစိုးထိတ်နှုတ်ဆိတ်နေမှုတွေ


အမှားတခုလိုခံစားမိရင်း အရင်လိုနွေးထွေးတဲ့ဆက်ဆံမှုမျိုးမရတော့ဘဲ 

ဖခင်ကြီးနဲ့သူစိမ်းဆန်ဆန် ခပ်တန်းတန်းဖြစ်ရပ်ကို ရင်မဆိုင်ရဲသေးတဲ့သူမ


နောက်တနေ့ အိမ်ပြန်ဖို့စိုးရွံ့စိတ်နဲ့ဆိုင်မှာနောက်ကျသည်အထိနေမိရင်းက

အအေးခန်းအတွင် သူမပိတ်မိသွားတယ်


လူသားတွေရဲ့ အတ္တတွေ မာနတွေ ရဲရင့်ခြင်းတွေ ယုံကြည်ချင်းတွေနဲ့အတူ

ဘဝရဲ့ရှင်သန်ခြင်းကားမို့ 


အအေးခန်းအတွင်းပိတ်မိနေတဲ့ မင်းသမီးလေးနဲ့အတူ 

သင်ကိုယ်တိုင်ခိုက်ခိုက်တုန်လာစေနိုင်တာမို့

ဒီကားကြည့်ရင် ကော်ဖီတခွက်တော့လိုမယ်လို့ အကြံပြုပါရစေ...


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်



#janhvikapoor 

#mili

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

မော်ဒန်

  မော်ဒန် .......... ဒီကနေ့ခေတ်ကို မော်ဒန်ခေတ်လို့ ဆိုပါစို့ သရုပ်ခွဲရရင် ဘာဖြစ်မလဲ  သူ့ဘက်ကလူတွေကတော့ ယေဘူယျသဘောတရားတဲ့   သူငါသရုပ် ချစ်မုန...