သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, December 7, 2025

အေးချမ်းခြင်းနဲ့ ငြိမ်ဝပ်ပိပြားခြင်း

အေးချမ်းခြင်းနဲ့ ငြိမ်ဝပ်ပိပြားခြင်း

.

ဒီနှစ်ခုကတူသယောင်နဲ့အတော်ခြားနားတယ်


အကြောက်တရားနဲ့ဖိနှိပ်လို့ ငြိမ်ဝပ်နေရတာကို အေးချမ်းသာယာသယောင် လှည့်ဖျားတတ်တာ အာဏာရှင်တို့ရဲ့ စရိုက်သဘာဝ


နိုင်ငံနဲ့ချီတာကိုထားအုံး အသေးဆုံးလူမှုအဖွဲ့အစည်းဖြစ်တဲ့ မိသားစုမှာ လုပ်ငန်းခွင်မှာတောင် အဦးအစီးပြုသူက တချက်လွတ်အာဏာနဲ့ ခွန်းတုံ့ပြန်ခွင့်မပေးပဲ တင်းကြပ်ထားရာမှာ အဲ့ဒီအဖွဲ့အစည်းက ငြင်းသံခုန်သံတွေမရှိတော့ မကြားရတော့ ညီညွတ်သယောင် အေးချမ်းသယောင် ဖြစ်နေတတ်ပါတယ်


အမှန်တော့ ကျွန်တော်တို့ငယ်ငယ်က အတော်လှိုင်လှိုင်ကြားခဲ့ရတဲ့ အာဏာရှင်တို့ရဲ့ လက်သုံးစကား ငြိမ်ဝပ်ပိပြားရေးဆိုတာလိုပေါ့

 

ဖိထားလို့ ပိပြီးပြားပြီးငြိမ်နေရတာပါ


ဒီသဘောကို ဆရာအကြည်တော်က ရီတန်းအော့ဖ်ဘီလူး'ဆိုတဲ့စာအုပ်မှာ ဟာသအမြင်လေးရောယှက် ပါးပါးလေးပြထားတယ်


ဘယ်လိုလဲဆိုတော့ ရန်ဖြစ်ရင်ဒါဏ်ငွေငါးကျပ်လို့ စည်းကမ်းထုတ်အပြီး ရွာမှာအော်ကြီးဟစ်ကျယ်ရန်ဖြစ်တာတွေ သိသိသာသာကျဆင်းသွားတာမြင်တော့ သူ့ရဲ့ရွှေဉာဏ်တော်စူးရောက်မှုကြောင့်ရယ်လို့ သူကြီး‌တယောက် အကျေနပ်ကြီးကျေနပ်လို့ ဘဝင်ကျ ပီတိဖျာနေခိုက်


ရွာလမ်းမှာဖုံတထောင်းထောင်း ထအောင်ပြေးလာတဲ့ ထန်းသမကိုမြင်လို့ ဘာဖြစ်တာလဲမေးတော့ ဒါဏ်ကြေးငါးကျပ်အရင်လာဆောင်တာပါတဲ့ 


ဘာ့ကြောင့်လဲဆိုတော့ သူကြီးထုတ်ထားတဲ့ ဥပဒေကြောင့် ဒါဏ်ငွေဆောင်ရမှာကြောက်လို့ ရွာကလူတွေက ရန်မဖြစ်ရဲတာသိတော့ 


ဘီလူးလှဦးတို့အုပ်စုက ထန်းရည်သောက်ပြီးတမင်ပိုက်ဆံမပေးတာ မိန်းကလေးတွေကို ရိသဲ့သဲ့လုပ်တာ ဗူးသီးတွေ့ရင်ဗူးသီး ကြက်တွေ့ရင်ကြက် ပေါ်တင်ယူလို့ လူပေါ်လူဇော်လုပ် အနိုင်ကျင့်နေတာကိုမခံနိုင်လို့ ဒီကောင်တွေကိုဆော်ဖို့ ဒါဏ်ကြေးအရင်လာဆောင်တာတဲ့လေ


ပြောခဲ့ပါကော ဖိထားလို့ ငြိမ်ပြီးကြိတ်ခံနေရတာနဲ့ 

အေးချမ်းတာမတူပါဘူးလို့

အဆိုပါစာအုပ်ကို ဒို့ခေတ်ယူကျုချန်နယ်မှာ သောင်းရီ'ဖတ်ပြထားတာရှိတယ်ဗျ ‌အဲ့ဒီမှာသွားရောက်နားဆင်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ
 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...