သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 6, 2025

(ဦး) ဇင်ဝိုင်းပြောတဲ့ မင်းသားနဲ့ သရုပ်‌ဆောင် -Thalavara (2025)


 (ဦး) ဇင်ဝိုင်းပြောတဲ့ မင်းသားနဲ့ သရုပ်‌ဆောင် 

Thalavara (2025)

တနေ့ကတွေ့လိုက်တယ် 

Facebook စာစုအောက်မှာ ဒီရုပ်ကြီးနဲ့မင်းသားဘယ်လိုဖြစ်လာလဲလို့ negative အမြင်နဲ့ comment ကို (ဦး)ဇင်ဝိုင်းကြီးရဲ့ တုံ့ပြန်မှုလေးပါ


သဘောကျစရာလည်းကောင်းသလို ရင့်ကျက်မှုနဲ့ အမှန်တကယ်တတ်သိနားလည်တဲ့ ပညာရှင်တယောက်ရဲ့ ခွန်းတုံ့စကားလေးမို့ ‌အလေးထားစရာလည်းကောင်းတယ်


ကျွန်တော်က မင်းသားမဟုတ်ဘူး သရုပ်ဆောင်ဗျတဲ့


ဒီသဘောလေးကို Thalavara (2025) ဆိုတဲ့ 

မာလေယာလမ်ဇာတ်ကားမှာလည်းတွေ့ဖူးတယ် 


သရုပ်ဆောင်လုပ်ချင်ပေမယ့် 

ဒီရုပ်ကြီးနဲ့ဖြစ်ပမလားဆိုတော့ 


မင်းဘယ်နှစ်ရာစုမှာနေနေတာလဲ 

ငါတို့ရွေးချယ်ချင်တာ မင်းသားမဟုတ်ဘူး 

သရုပ်ဆောင်ကွတဲ့ 


မင်းရဲ့ခံစားသရုပ်ဆောင်ပီပြင်မှုကိုသာကြည့်မှာ 

မင်းမှာအဲ့ဒီအရည်အချင်းရှိဖို့ပဲလိုတာတဲ့


အများစုက အဲ့ဒါလေး မကွဲကြဘူးဖူးလို့ထင်တယ် 


ဒီလို အများနဲ့ထိ‌တွေ့ရတဲ့ ဖျော်ဖြေရေးလုပ်ငန်းခွင်ကသူတွေကိုဆိုရင် အရည်အသွေးထက် ရုပ်ရည်ကိုသာအဓိကထားကြည့်ကြတယ်


တချို့များဘက်လောက်တောင်လဲဆိုရင် ရုပ်ရည်သွင်ပြင်နဲ့ဘာမှမဆက်စပ်တဲ့ အားကစားမှာတောင် ဒီလိုကြီးဖြစ်နေကြတာကို


ဒါကြောင့်ပဲ နေရာတိုင်းလိုလိုမှာ အရည်အချင်းသမားကတိမ်မြှပ်လို့ အယောင်ဆောင်တွေလွှမ်းမိုးနေတာနေမှာရယ်

ဇာတ်ကား

https://t.me/kolayinde1/547?single

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...