သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, December 21, 2025

ကမ္ဘာကြီးကို ကော့ပြနေသူ


 ကမ္ဘာကြီးကို ကော့ပြနေသူ

ယနေ့ကမ္ဘာကြီးမှာ တွင်တွင်ကျယ်ကျယ်ပြောဆိုနေကြတာက လူ့အခွင့်အရေး


ကျား ဖြစ်စေ မ ဖြစ်စေ ကွဲပြားတဲ့လိင်စိတ်ရှိသူဖြစ်စေ ဘယ်အသားအရောင် ဘယ်အသွင်သဏ္ဍာန်ရှိသူဖြစ်ပါစေ လူသားတယောက်ပဲဖြစ်သည့်အလျှောက် လူသားတယောက်ရဲ့ အခြေခံရပိုင်ခွင့်အားလုံး သာတူညီမျှဖြစ်ကြဖို့ပါ

ထိုမှတဆင့်တက်လို့ အပြစ်သားတယောက်မှာတောင် အပြစ်ရှိလို့ ပြစ်ဒါဏ်ပေးတာကတဖက် လူသားအားလျှော်စွာ အခြေခံအခွင့်အရေးတွေ သတ်မှတ်ပေးထားရမယ်တဲ့


ဘယ်လိုလဲဆိုတော့ အပြစ်ရှိသည်သတ်မှတ်လို့ အာဏာပိုင်အဖွဲ့အစည်းက ထောင်သွင်းအကျဉ်းချထားမယ်ဆိုရင်တောင် တလတခါ နှစ်လတခါ အခါအားလျှော်စွာ သူ့မိသားစုအသိုင်းအဝိုင်းနဲ့ သာကြောင်းမာကြောင်းသိစေဖို့ ထောင်ဝင်စာတွေ့တာမျိုး ဥပဒေမှာ မဖြစ်မနေ ပြဒါန်းဖန်တီးပေးရတာကိုး


မဒိန်းသမားဖြစ်နေပါစေ

သေစားသေစေပြစ်ဒါဏ်ကျခံရသူ ဖြစ်နေပါစေပေါ့


‌ဒါကအကျဉ်းသားတယောက်ရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးပါ

ခု မအလရဲ့လုပ်ရပ်ကိုကြည့် 


အယူအဆမတူသူတွေကို အိမ်အထိဇွတ်အတင်းဝင်ရောက်မတရားဖမ်းစီး အတင်းအဓမ္မနှိုပ်ဆက်လို့ နောက်နေ့မှာအလောင်းလာထုတ်ခိုင်းမျိုးတာတွေ


နိုင်ငံ့ခေါင်းဆောင်တွေကို မဲမသမာမှု ငွေကြေးမသမာမှုပါဆိုပြီး သက်သေမပြနိုင်တဲ့အပြစ်တွေနဲ့ လူသတ်မှု မဒိန်းမှုတို့ထက်တောင် အဆများစွာသာလွန်တဲ့ နှစ်ရှည်ထောင်ဒါဏ်တွေ ထင်သလိုချ

ထားပါတော့ 

တုတ်ကသူ့လက်ထဲမှာဆိုတော့ ပတ်ရမ်းခွင့်ရှိနေတာပဲ 

ပြီးတော့ အာဏာရှင်မို့ ဒီလိုလုပ်တာဘာဆန်းလို့လဲ

အမှန်တကယ်အပြစ်ကျူးလွန်သူဆိုရင်တောင်မှ 

ဆိုခဲ့သလို အကျဉ်းသားတယောက်ရဲ့ အခြေခံရပိုင်ခွင့်တွေ ရှိနေရပါမယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းကြီး


လက်နက်အားကိုးနဲ့ မတရားဖမ်းစီးလို့ ၅နှစ်နီးပါးကြာလာချိန်အထိ ရှေ့နေအဖွဲ့ကလွဲလို့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ ခုနောက်ပိုင်း ဘယ်မှာ ချုပ်နှောင်ထားလို့ထားမှန်း သေသည်ရှင်သည်မသိအောင်ကိုခြေရာဖျောက်ထားတာ


ဒါက အပြစ်ရှိလို့ဖမ်းစီးတာမျိုးမှမဟုတ်တာဘဲဗျာ

လက်နက်ပြပြီးအကျပ်ကိုင်တဲ့သဘော


ငါ့သဘောအတိုင်းမလိုက်နာရင် မင်းတို့လူဘာဖြစ်သွားမယ်ညာဖြစ်သွားဆိုပြီး အရပ်ထဲက ဇာတ်ထဲက လူမိုက်အထာနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ ပြန်ပေးသမားသဏ္ဍာန်လုပ်နေပုံတွေက


လူ့အခွင့်အရေးလို့ တစာစာအော်နေတဲ့ ကမ္ဘာကြီးကို နိုင်ငံငယ်လေးက အာဏာရှင်ကလေးက ကော့ကော့ပြနေပုံများပြောပါတယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...