ရေစီးကြောင်းသံယောဇဉ်
Https://www.youtube.com/@thantunlayinde
........................
ဆောင်းတွင်းဆိုပေမယ့် နေ့ခင်းနေ့လယ်အချိန်တွေမှာတော့
အပူချိန်ကကြောက်စရာပဲ
ဘေးဝိုင်းက လူတစုရဲ့ ဆွေးနွေးမှုကို ကြားမိရင်း အမှတ်မထင်တွေးဖြစ်တယ်
ဆိုင်ကဖွင့်ထားတဲ့ ကိုငှက်ရဲ့ ရေစီးကြောင်းသံယောဇဉ်ဆိုတဲ့ သီချင်းအပေါ်ကနေ
ဆင့်ပွားတွေးခေါ်ပြီး သူတို့အသိ သူတို့အတွေ့အကြုံနဲ့ယှဉ်ပြီး
ဆွေးနွေးဖလှယ်ကြဟန်တူတယ်
ချစ်ခြင်းမေတ္တာကအစပြုလို့ သံယောဇဉ်တွေအကြောင်းပြောကြရင်း
ခိုင်မြဲမှုတွေကို ညွှန်းဆိုကြတယ်
မေတ္တာအခြေခံတဲ့ သံယောဇဉ်တွေဟာ အမှန်တကယ်ခိုင်မြဲကြောင်းကို
အမိနဲ့သား ပုံပမာထားပြီး ကိုယ်ရပ်တည်ချက်ခိုင်မာကြောင်း သက်သေထူကြတယ်
မှာထားတဲ့ လီမွန်တီးသောက်ရင်း သူတို့ရဲ့ဆွေးနွေးမှုမှာ မနောအသိနဲ့ ဝိုင်းဖွဲ့မိတယ်
တကယ်ပဲ သံယောဇဉ်တွေက ဖြတ်ဖို့ခက်လား
ခွက်ထဲကနောက်ဆုံးကျန်တဲ့ ရေခဲတုံးလေးကို တကျွတ်ကျွတ်ဝါးမိမှပဲ
အသိတချို့ ခံစားမိလာတယ်
မှန်ပါတယ် ရေဆိုတဲ့အရာကို
ပတ္တမြားကျောက်စီဓါးသာမက ဘယ်အရာနဲ့ဖြတ်ဖြတ် မပြတ်နိုင်ပေမယ့်
အဲ့ဒီရေကို အေးခဲအောင်လုပ်ပြီး ရေခဲဖြစ်သွားရင်တော့
စွမ်းအားပြင်း လက်နက်ကိရိယာတွေတောင် မလိုတော့ပါဘူး
ထိုင်နေရင်း သွားလေးနဲ့ ကျိတ်မယ်ဆိုရင်တောင်
အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားနိုင်တယ်မဟုတ်လား
ကျွန်တော်တို့လို သာမန်လူသားတွေရဲ့
သံယောဇဉ် ချစ်ခြင်းမေတ္တာတွေဟာ အကန့်အသတ်ရှိပါတယ်
ရေလို ဘယ်လိုဖြတ်ဖြတ်မပြတ်နိုင်ဘူး ထင်ခဲ့ကြပေမယ့်
အကြောင်းကြောင်းကြောင့် အေးခဲသွားခဲ့ရင် အလွယ်တကူပဲ ပြတ်သွားနိုင်တာမို့........
https://youtu.be/_nanMR1WC6E?si=AHaDajvddgxrUqgR
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#htarhtethtet
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment