သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 20, 2025

လူမျိုးရေးခွဲခြားခြင်းနှင့် အထူးတလည်ညွှန်းဆိုခြင်း


 လူမျိုးရေးခွဲခြားခြင်းနှင့် အထူးတလည်ညွှန်းဆိုခြင်း


ယနေ့ခေတ် သတင်းမီဒီယာကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုတဲ့စကား 


ကျား မ မဟူ ဘယ်အသားရောင် အသွင်သဏ္ဍာန်ရှိရှိ

လူလူချင်းအတူတူ 


ဒီသဘောတရားကိုလက်မခံနိုင်ရင် ခေတ်ဟောင်းကလူတယောက်လို အရိုင်းသတ္တဝါလို အမြင်သေးနုတ်သူလိုယူဆ


ခွဲခြားတယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ


ယနေ့ကမ္ဘာမှာ တိုက်ဖျက်နေတဲ့ ခွဲခြားတယ်ဆိုတာက အဆိုးမြင်စိတ်နဲ့ နှိမ်ချခြင်းကို ဆိုလိုဟန်ရှိပါတယ်


ကိုယ်တော့ဖြင့် အထူးတလည်ညွှန်းဆိုခြင်းတွေကကော ခွဲခြားခြင်းသဘောမသက်ရောက်ဘူးလားလို့ တွေးမိတယ်


ဥပမာဆိုပါတော့ တလောက ရခိုင်ပြည်က မြောက်ဦးဆေးရုံကို မအလအောက်ဆွဲတွေက ဖျက်အားပြင်းဗုံးကြဲချလို့ လက်နက်ကိုင်သူမဟုတ်တဲ့ ပြည်သူတွေမှန်းသိသိနဲ့ တမင်သတ်ဖြတ်ခဲ့တဲ့ကိစ္စ


ဒီမှာ သတင်းစာမျက်နှာတခုမှာ ဘယ်လိုတွေ့ရလဲဆိုတော့ မြောက်ဦးဆေးရုံဗုံးကြဲမှုကြောင့် မူဆလင်နှစ်ဦးအပါအဝင် ဘယ်လောက်သေဆုံးခဲ့ပါတယ်ပေါ့


သတင်းမီဒီယာတွေက ခွဲခြားမှုကိုလက်မခံပါဘူးဆိုပြီး ဘာကြောင့်အထူးတလည်ညွှန်း‌ဆိုနေရပြန်တာလဲ


အမှန်တကယ် ဘာသာရေးအရညီမျှချင်ရင် မူဆလင်ဘယ်နှစ်ဦး ခရစ်ရှန်ဘယ်နှစ်ဦး ဟိန္ဒူဘယ်နှစ်ဦး ဗုဒ္ဓဘာသာဘယ်နှစ်ဦး ဒီလိုညီညီမျှမျှ ဖော်ပြသင့်တာမဟုတ်ဘူးလား


လူမျိုးအရဆိုရင်လည်း ဘင်္ဂလီဘယ်နှစ်ဦး ရခိုင်ဘယ်နှစ်ဦး ဗမာဘယ်နှစ်ဦး စသည်ဖြင့် ဖြစ်သင့်တာမဟုတ်လား


ခုရေးထားတဲ့ပုံက မူဆလင်နှစ်ဦးကိုအထူးညွှန်းဆိုတင်ပြပြီး ကျန်တဲ့မြောက်များစွာသော သေကြေပျက်စီးခဲ့ရသူတွေကျ သာမန်မျှဖြစ်နေတဲ့သဘောမဟုတ်လား 


ဒီနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြသူတွေတူတူပဲမဟုတ်ဘူးလား ဘာကြောင့်သူတို့ကိုမှ ပိုအလေးပေးစေချင်ရတာလဲ


ဒါတွေကကော လူမျိုးရေးခွဲခြားမှုမမြောက်ဘူးလား


ပြီးတော့ စစ်ကိုင်းငလျင်တုန်းကလည်းတွေ့လိုက်တယ် ဗလီဘယ်နှစ်လုံး ပျက်စီးခဲ့ရပါတယ်ပေါ့


ခွဲခြားရှုမြင်တဲ့အမြင်မရှိဘူးဆိုရင် 


စစ်ကိုင်းငလျင်ကြီးကြောင့် ဘာသာရေးအဆောက်အဦ မည်မျှပျက်စီးခဲ့ပြီး ဟိန္ဒူကျောင်းဘယ်‌လောက် ဗုဒ္ဓဘာသာစေတီဘုရားဘယ်လောက် ခရစ်ရှန်ဘုရားကျောင်းဘယ်လောက် ဗလီပေါင်းဘယ်လောက် ဖြစ်သင့်တယ်မဟုတ်လား


ပြီးတော့ gender ကိစ္စ ဒီမှာလည်း ခွဲခြားမှုကိုလက်မခံပါဘူးလို့ မည်မျှပင်ဆိုစေ အထူးအရေးပေးစေချင်တဲ့စိတ်တွေ ရှိနေတုန်းပါပဲ


အဖွဲ့အစည်းတခုဖွဲ့တယ်ဆိုပါတော့ ကျား ဘယ်လောက် မဘယ်လောက် ပါကိုပါရမယ်ဆိုတာမျိုးပေါ့

အရည်အချင်းကိုသာတည်မယ်ဆိုရင် လိင်အင်္ဂါကွဲပြားမှုကို မကြည့်ရဘူးဆိုရင် အမှန်တကယ်ထိုက်သင့် သူတို့သာ ပါရမှာမဟုတ်ဘူးလား ဘယ်လောက်ဖြစ်ဖြစ်ပေါ့ 


LGBTQ တွေကို အထူးတလည်နေရာပေးတယ်ဆိုရင်လည်း လက်ခုတ်သံမစဲ သဘောထားအမြင်ကျယ်ပြန့်တဲ့အဖွဲ့ကြီးလိုလို


ထိုနေရာ ထိုရာထူးနဲ့ အမှန်တကယ်ထိုက်တန်တဲ့

အရည်အချင်းကြောင့်ရတာသာဖြစ်သင့်ပြီး အထူးစည်းကမ်းချက်တွေကြောင့် မဖြစ်မနေပေးလိုက်ရတာဆိုရင် အမှန်တကယ်ထိုက်တန်သူအတွက် နစ်နာမှုလို့မဆိုနိုင်ဘူးလား


အမှန်တော့ လူသားတိုင်း မည်သည့်အသားအရောင် မည်သည့်လိင်အင်္ဂါ မည်သာ့်လိင်စိတ်ရှိရှိ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် အားလုံးသာတူညီမျှဖြစ်ရမယ် ခွဲခြားခြင်းသဘောကို လက်မခံပါဘူးဆိုရင် 


အထူးတလည် ညွှန်းဆိုခြင်း

အထူးတလည် အလေးပေးခြင်း

အထူးတလည် စည်းကမ်းသတ်မှတ်ပေးခြင်းတွေကကော ခွဲခြားခြင်းမမြောက်ပေဘူးလားလို့ တွေးမိခြင်းပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...