__________________________________
စွန့်ကြဲတယ်
ဆိုတာကတော့ရှင်းပါတယ် စဏ္ဍာလ ဒါမှမဟုတ် နွမ်းပါးသူကိုမြင်ခိုက် သနားစိတ်ကြောင့်ဖြစ်ပေါ်လာတာကိုး
__________________________________
ပေးကမ်းတယ်
ဆိုတာကတော့ ကိုယ့်ထက်နိမ့်ကျနေတဲ့ ဆွေးမျိုးနီးစပ်တော်သူ ရင်းနှီးသူတိုအပေါ် မှာပေါ့
စတာတွေက ကရုဏာစိတ်ကို အခြေခံပြီးဖြစ်ပေါ်လာတာမျိုးပါ
__________________________________
ထောက်ပံ့တယ်
ဆိုရာမှာတော့နှစ်မျိုးပြားပါတယ်
တဖက်သားရဲ့လတ်တလော လိုအပ်မှု သို့မဟုတ် လိုချင်ဆန္ဒကိုဖြည့်စည်းခြင်းလို့ ယေဘုယအားဖြင့် သတ်မှတ်ရမယ်ထင်တယ်
ဒီမှာ တဖက်ကတောင်းဆိုလို့ဖြည့်စည်းပေးရတာနဲ့
တောင်းဆိုမှုမရှိဘဲ ကိုယ်ကအလိုက်တသိဖြည့်စည်းထောက်ပံ့ပေးတာဆိုပြီး နှစ်မျိုးပြားပြန်တယ်
ဥပမာ သားသမီး တူ တူမတွေက အဝတ်အစားပူစာတာမျိုး လက်ဝတ်လက်စား လူသုံးကုန်ပစ္စည်းတောင်းဆိုတာမျိုး
ကိုယ်ချစ်ခင်ရသူမို့ လိုအပ်မယ်ထင်တာကို အလိုက်တသိဖြည့်စည်းပေးတာမျိုး
စတာတွေက မေတ္တာကိုအခြေခံတယ်လို့ဆိုရမှာပေါ့ဗျာ
__________________________________
ကူညီတယ်
ဆိုတာကတော့ တဖက်သားရဲ့လမ်းခရီး ဖြောင့်မတ်မှုရှိအောင် ဘေးအန္တရာယ်နည်းပါးအောင် တိုးတက်လာအောင် ကူပေးတာမျိုးပေါ့
ဥပမာ မတ်တပ်လျှောက်ဖို့ မဝံ့ဖြစ်နေတဲ့ကလေးတယောက်ကို ဘေးကတွဲကူလျှောက်စေတာမျိုး စက်ဘီးစီးသင်တဲ့သူတယောက်ကို ကိုင်ပေးတာမျိုးပေါ့
ဒီနေရာမှာလွှတ်သင့်ချိန်မှာလွှတ်ပေးဖို့ ချိန်ဆမှုပညာလိုပါတယ် ဒါမှသူ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစွာ လျှောက်လှမ်းရဲသူဖြစ်လာမှာ
ဒီလိုမှမဟုတ်ဘဲ စိုးရိမ်စိတ်ကဲလို့ လဲကျမှာစိုးပြီး မလွှတ်ဘဲနေရင် သူက ကိုယ့်ကိုကူသူဆိုတာထက်ပိုလို့ မှီတွယ်စရာတခုလို မှတ်ယူပြီး အရာရာမှာကိုယ့်ရဲ့ဖြည့်စည်းလုပ်ဆောင်ပေးမှုကိုသာမျှော်လင့်တောင်းတနေတတ်လို့
သူ့အစွမ်း သူ့အရည်အချင်းတို့ထုတ်သုံးရမှန်းမသိသည်အထိ နုံနဲ့သွားတတ်ပါတယ်
မိတ်ဆွေ သူငယ်ချင်း ရင်းနှီးသူတွေကို ကူညီတယ်ဆိုရာမှာလည်း ဒီသဘောလေးက သတိချပ်သင့်တယ်
မှီတွယ်ရာအဖြစ် အားကိုးရဖြစ်မှတ်ယူလို့ ဝတ္တရားတခုလိုဖြစ်လာပြီး သူ့အရေးအရာမှန်သမျှ ကိုယ်နဲ့ဆက်ဆိုင်နေသလိုသတ်မှတ်ပြီး ဖြေရှင်းမပေးရင်ဘဲ အပြစ်မြင်လာနိုင်တာကိုး
ဒီလိုဖြစ်လာရင် ကိုယ်အတွက်အပြစ်တင်ခံရတယ်ဆိုတာ ယာယီသာဖြစ်တာမို့ ထူးထွေထိခိုက်နိုင်တာမရှိလို့ထားပါ
ကိုယ်ကူသူအတွက်က ကိုယ့်အားကိုယ်မကိုးတတ်ခြင်းက တဘဝလုံးစာအတွက် ယှဉ်တွဲဖြစ်တည်သွားမယ့် ကင်ဆာအလား လှိုက်စားသွားမယ့်ဝေဒနာတခုလို ဆုတ်ယုတ်သွားနိုင်စရာမို့ ကိုယ့်ရဲ့ကူညီမှုက ဆိုးရွားမှုဆီဦးတည်သွားတာကမှ တကယ့်ဝမ်းနည်းစရာ
__________________________________
အနှစ်ချုပ်ရရင် ကူညီတယ်ဆိုရာမှာ အနာဂါတ်ကိုမှန်းဆလို့ မေတ္တာမှာ ပညာယှဉ်စေချင်တာပါ
ပေးကမ်းတာဖြစ်ဖြစ်
ထောက်ပံ့တာဖြစ်ဖြစ်
ကူညီတာဖြစ်ဖြစ် ဒါတွေက တောင်းဆိုသည်ဖြစ်စေ မတောင်းဆိုသည်ဖြစ်စေ ဖြည့်စည်းပေးတာ ပေးရတာတွေက ကိုယ့်အတွက်ဝန်ထုတ်ဝန်ပိုအထူးမရှိတဲ့ ခြေနိုင်လက်နိုင်တွေသာဖြစ်တာမို့ ထူးထွေပြဿနာမရှိလှဘူးလို့ဆိုရမယ်
ဘယ်လိုလဲဆိုတော့ သနားလို့ ထမင်းကြွေးမယ်
အဝတ်ပေးတယ် ငွေစလေးပေးတယ်
တောင်းဆိုလို့ဝယ်ပေးတယ်
လိုအပ်မယ်ထင်လို့ဖြည့်စည်းပေးတယ်
ကိုယ်စွမ်းနိုင်လို့ ကာယဉာဏကူတယ် စတာတွေက တကယ့်တကယ့်တော့ ကိုယ့်အတွက်ကိုယ်ဘဝအတွက် ကြီးကြီးမားမားထိခိုက်သွားစေနိုင်တာမရှိတော့ မေတ္တာကရုဏာမှာ ပညာလေးအနည်းငယ်မျှစွက်ယုံလောက်နဲ့ပြီးပေမယ့် ရင်းနှီးမြှပ်နှံခြင်းဆိုတာကတော့ တဘာသာဖြစ်သွားတယ်
__________________________________
ဥပမာတခုလောက်ထုတ်ကြည့်ရအောင် ကိုယ့်သားကိုယ့်သမီးက ကိုယ့်ချစ်ခင်ရသူက လုပ်ငန်းတခုစတင်ချင်လို့ အရင်းအနှီးတောင်းဆိုသည်ဆိုပါစို့
ထိုပမာဏက ကိုယ့်ခြေနိုင်လက်နိုင်ထက်ပိုလွန်သည်ဆိုပါစို့
ပိုင်ဆိုင်ထားသမျှထုခွဲပေးရမယ်
ပေါင်နှံပေးရမယ်
ရောင်းချပေးရမယ်ဆိုရင် အဆိုပါကိစ္စက ကူတာထောက်ပံ့တာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံတဲ့သဘောဆိုတာ သတိချပ်ဖို့လို့ပါတယ်
ဒီမှာချစ်တဲ့စိတ်နဲ့ထောက်ပံ့လိုစိတ်
မေတ္တာနဲ့ဖြည့်စည်းပေးလိုစိတ်ကို
ခွဲခြမ်းစိတ်ဖြာကြည့်ချင်းဆိုတဲ့ ပညာရဲ့နောက်ကို ပို့ထားဖို့လိုပါတယ်
လုပ်ငန်းမှာအမှန်တကယ်ကျွမ်းကျင်မှုတဲ့အရည်အချင်းရှိရဲ့လား
လုပ်ငန်းရဲ့အလားအလာ
ခေတ်အခါအရအများလုပ်လို့ လိုက်လုပ်ချင်တာမျိုးလား စိတ်အားထက်သန်မှုအမှန်တကယ်ရဲ့လား စတဲ့အခြေခံအချက်တွေပေါ့
ဒီလိုပညာကိုဦးမစီးစေဘဲ
မေတ္တာရဲ့ဆောင်ရာကိုလိုက်မိရင်တော့
အခြေမဲ့အနေမဲ့ဘဝပျက်ခြင်းက
မဝေးသောလားရာအဖြစ် သင့်ကိုစောင့်ကြိုနေနိုင်တာမို့
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment