သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, December 1, 2025

ပညတ်များကိုကျော်လွန်၍

ပညတ်များကိုကျော်လွန်၍
.
ပညတ်ဆိုတာက အများကတညီတည်းသတ်မှတ်ခေါ်ဆိုကြတဲ့ အမည်နာမတွေပေါ့

ဥပမာ မြန်မာလူမျိုးတယောက်ကို နွားလို့ပြောလိုက်ရင် ထိုအသံကြားရင်ပဲ ခြေလေးချောင်းနဲ့မျက်စားတဲ့ လူတို့စိုက်ပျိုးရေးအတွက် အထောက်အကူပြုတဲ့သတ္တဝါအဖြစ် ချက်ခြင်းပြေးမြင်မိပါလိမ့်မယ်

ဒါပေမယ့် ဗြိတိသျှတယောက်ကို နွားလို့သွားပြောရင် ဘာပါလိမ့် ဘာပြောပါလိမ့်လို့ နဝေတိမ်တောင်ဖြစ်နေပါလိမ့်မယ် သူတို့လူမှုအသိုင်းအဝိုင်းမှာ ဒီသတ္တဝါကို ကောင်း လို့ခေါ်တာမဟုတ်လား ရေးရာမှာတော့ cow 

ထားပါတော့

ခုပြောလိုတာက ကမ္ဘာမှာတော့ဘယ်လိုရှိမလဲမသိပေမယ့် ကိုယ်တွေဆီမှာတော့ ပညတ်တွေရဲ့အားကို အလေးထားကြတယ်ဆိုတာပါ

အထူးသဖြင့် ဗေဒင်ယတြာတွေမှာပေါ့
ပညတ်ထားတဲ့ ခေါ်ဝေါ်သုံးဆွဲတဲ့အမည်ရဲ့အဓိပ္ပါယ်အလိုက် စွမ်းအားရှိမယ်လို့လည်း ထိုဆရာတို့နဲ့ သက်ဝင်ယုံကြည်သူတို့ယူဆရကြပုံပဲ

ဥပမာ 
ဘေးဘယာတွေကျော်လွှားနိုင်အောင် ဘယာကျော်စားတာမျိုး ပေးကမ်းတာမျိုး

ကြံတိုင်းအောင်အောင် ကြံ'ဆောင်ခိုင်းတာမျိုး
ပြန်လည်ပေါင်းဖက်နိုင်အောင် မုန့်ပြန်ပေါင်းစားရတာမျိုး

ရည်မှန်းရာကိုရရှိဖို့ မပင်မပန်းအချိန်မကြာစေဖို့ ဘုရားကိုပန်းကပ်လှူရာမှာ ကြာပန်းရှောင်ဆိုတာမျိုး

ဒါမျိုးတွေမေးလျှောက်တော့ ပါမောက္ခချုပ်ဆရာတော် ‌ပြန်ပြောတာလေးတောင်သတိရမိတယ် 

အဲ့ဒါဆိုရင် lotus လို့အမည်မှတ်ပြီးတင်ပေါ့တဲ့

ဒီအမည်ပညတ်နဲ့ပတ်သက်လို့ ဇာတ်တော်ထဲမှာလည်းတွေ့ဖူးတယ် ကိုယ့်အမည်ကိုသဘောမကျဖြစ်နေသူတယောက် နာမည်ပြောင်းဖို့ရည်ရွယ်လို့ နာမည်ရှာခရီးထွက်ခဲ့တယ်ပေါ့ 

ဒီမှာ မောင်သက်ရှည်ဆိုတဲ့ ငယ်ငယ်ရွယ်နဲ့သေသူ 
မဖြူဆိုပေမယ့် မဲသူ
မောင်ချမ်းသာဆိုပြီး ဆင်းရဲနေသူ
မောင်ပုဆိုပေမယ့် ကလန့်ကလားဖြစ်နေသူတွေကိုမြင်ပြီး အမည်နာမဆိုတာ ပညတ်သက်သက်သာဖြစ်ပြီး အရည်အသွေးကို ပြဒါန်းသတ်မှတ်မပေးနိုင်ကြောင်းသိသွားသတဲ့

ဒီလို အမည်ပညတ်အတိုင်း ဓါတ်သက်ရောက်စေတယ်ဆိုတဲ့ ယုံကြည်ခြင်းအယူဆတွေ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အရိုးစွဲနေတာမို့ ဆရာမင်းလူက ဇာတ်လမ်းလေးတခုမှာ ဆင်ခြင်တွေးတောကြည့်နိုင်ဖို့ ပါးပါးလေးလှပ်လို့ ပြထားတယ်

ဍရပ်ကွက်သားဖြစ်တဲ့ အလွန်တရာအားနာတတ်တဲ့ ဉာဏ်စိန်နဲ့မလုံးတို့လင်မယား
သူတို့အိမ်စည်းရိုးမှာပေါက်နေတဲ့ ဩဇာပင်လေးရဲ့ဖြစ်အင်ပေါ့

ဗေဒင်ဆရာက လာမေးသူတို့အတွက် ယတြာအလို့ငှာ ဩဇာတက်အောင် ဩဇာခက်ချည်းညွှန်းနေတော့ ထိုဩဇာပင်လေးခဗျာ အမည်ကြောင့် သူကိုယ်တိုင်က အခြားအရာတွေကိုလွှမ်းမိုးနိုင်ဖို့ဝေးစွ အရိုးပြိုင်းပြိုင်းကျလို့ ရှင်သန်ဖို့တောင် ခက်ခက်ခဲခဲရှိ‌နေပုံလေးပါ

ပြီးတော့ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ကြွက်ကဲ့အယောင်ကြောင်ရဲ့အလားဆိုတဲ့ စာအုပ်မှာလည်း အမည်ပညတ်နဲ့ပုဂ္ဂိုလ်ကိုဆုံးဖြတ်ဖို့ သတိပေးထားပါတယ်
အဆိုပါစာအုပ်ကို နွေဦးနရသိံ နဲ့ ဒို့ခေတ်ဆိုတဲ့ ယူကျုချန်နယ်မှာ အမောင်နွားကျောင်းသားဖတ်ပြထားတာရှိတယ်ဗျ 

အဲ့သည်မှာ သွားရောက်နားဆင်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်

လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...