Christy (2023)
https://t.me/kolayinde1/314
.
ပြောရရင်တော့ ' မ ' တဲ့
သိမ့်သိမ့်လေးနဲ့စွဲငြိသွားစေမယ့်ကားမျိုးပေါ့
ဒီကားကို ပုံဖော်ရိုက်ကူးခဲ့တာက
အယ်ဗင် ဟင်နရီ (Alvin Henry) ပါ
တောင့်မှဖြောင့်မှ
ရုပ်ရည်ပေါ် နာမည်ပေါ်မှီပြီးကြည့်မယ်ဆိုရင်တော့
မကြည့်နဲ့လို့ပဲ ကြိုပြောပါရစေ..
သရုပ်ဆောင်အရည်အသွေးနဲ့
ဇာတ်လမ်းအသားပေးကားမို့ပါ
ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့သဘာဝ
ဖွံ့ဖြိုးစအရွယ်မှာ ရင့်ကျက်တဲ့အလှကိုမြင်မိရင်း
အပြောကျယ်တဲ့ပင်လယ်လို
ပြည့်ကျော်ညရဲ့လမင်းကြီးလို
ဘယ်နေရာ ဘယ်ဒေသရောက်ရောက်
အတွေးစိတ်ကိုရစ်ဝဲ အေးမြတဲ့အလင်းနဲ့
တကိုယ်စာထိန်ထိန်သာလို့ စိုးမိုးနှောင်ဖွဲ့ နှစ်သက်မိသလို
မဖီးလိမ်းမချယ်သဘဲ
မာလဗီကာ မိုဟာနန် (Malavika Mohanan)
ရဲ့ ပကတိတည်ငြိမ်မှုကိုကြည့်နေရင်းက
မင်းသားနဲ့အတူ သင်လည်း တသိမ့်သိမ့်
ထပ်တူစီးမျောသွားပါလိမ့်မယ်
ပြန်ပြောပါရစေ.
'မ' တဲ့
ဂျိုတကားကားနဲ့ ကောင်လေးတွေအတွက် ကောင်းကင်ကြီးပေါ့
( စတာနော 😁)
..
သန်းထွန်းလေး ☆ အင်းတဲရွာ
Https://youtube.com/@thantunlayinde








































































































































































No comments:
Post a Comment