အပြစ်ပေးခံရတိုင်း အပြစ်ရှိလို့လား
(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၆)
။
ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဟိမဝန္တာခြင်္သေ့'ဆိုတဲ့စာအုပ်မှာ ဒီသဘောတရားလေးကို ခွဲခြမ်းစိတ်ဖြာပြထားတာ သဘောကျစရာ
ဘယ်လိုလဲဆိုတော့ ရွာကမိန်းမပျိုလေးတယောက် သူငယ်ချင်းအိမ်ကအပြန်မှာ ပိုးထိတယ်
ထိတဲ့နေရာက သင်္ချိုင်းအနား
အချိန်ကာလက နေဝင်ရီရော
ဆုံးပါးပြီထင်မှတ်လို့ အလောင်းပြင်ဆင်ပြီးညမှာ အလောင်းကောင်ကထလာလို့ နာရေးစောင့်ရင်း စကားပြောနေသူတွေ ဖဲကစားနေသူတွေမှာ အထိတ်တလန့်ပေါ့
နောက် သေချာစစ်ဆေးကြည့်တော့မှ မြွေကိုက်တယ်ဆိုတဲ့အသိကြောင့် ထိတ်လန့်ပြီး သူမကမေ့မျောနေတာကိုး အမှန်က ဘာမှမဖြစ်ဘူး
ဒီလိုနဲ့ နေလာလိုက်တာ မသမာသူရဲ့ အဖျင်းစကားနဲ့ သူမဟာ ဖုတ်ဝင်နေသူတယောက်အဖြစ် တရွာလုံးသတင်းပျံ့
နူရာဝဲစွဲ လဲရာသူခိုးထောင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ရွာမှာ ဝမ်းရောဂါဖြစ်လို့ လူနှစ်ဦးဆုံးပါးသည့်အပြင် အတော်များများလည်း ဆေးရုံတက်ကုသလိုက်ရတာ အလူးအလဲ
ဒီမှာ ရွာထဲဖုတ်ဝင်နေမှတော့ ရွာကြေတာဘာအဆန်းလဲ
ဒီအတိုင်းဆက်ထားရင် ရွာပါပျက်လို့ အားလုံးဒုက္ခရောက်မုာမုချလို့ တဆင့်မြှင့်လိုက်တဲ့ တိုက်ကွက်ကိုနားယောင်လို့
တီးတိုးတီးတိုးဆိုကြရင်း ရွာ့လူကြီးတွေကို ဒီပြဿနာကိုဖြေရှင်းပေးပါ ဖုတ်ကိုရွာကမောင်းထုတ်ပေးပါလို့ ရွာသားတို့ ဆိုလာကြတယ်
မောင်းမထုတ်ရင် သူတို့ဖာသာဖြေရှင်းရပါလိမ့်မယ်လို့လည်း အကျပ်ကိုင်လာကြတယ်
သူကြီးဘစီ'တို့ ဦးတွတ်ပီ'တို့က ဒီသတင်းဘယ်ကစလဲသိတယ် ဘယ်လိုရည်ရွယ်ချက်နဲ့ထုတ်လဲဆိုတာလည်းသိတယ်
ဒါပေမယ့် သွေးဆူနေတဲ့ရွာသားတွေကို ဘယ်လိုမှရှင်းပြမရသည့်အဆုံး
တကယ်အပြစ်မရှိပေမယ့် မနှင်ပြန်ရင်လည်း သူမအသက်အပြင် မိသားစုအတွက်ပါအန္တရာယ်ရှိလာနိုင်တာမို့ ထိုမိန်းကလေးကို ရွာကနှင်ထုတ်လိုက်ရတယ်
ဒီလိုပဲပေါ့ ရံခါမှာ အပြစ်ပေးခံရသည်ဆိုတိုင်း အပြစ်ရှိလို့ရယ်မဟုတ်ဘဲ ဆရာတွတ်'ပြောသလို သံဃာ့အားဘုရားမလွန်ဆန်သာ'ဆိုသလို အချိန်အခါအရ လိုအပ်ချက်ကြောင့်ပါ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment