ထူးဆန်းထွေလာကျွန်းသန္တာ = Narnia
.
ဆရာဆွေမင်း (ဓနုဖြူ) က ရိုးရိုးတောလိုက်မုဆိုးတဦးထက်ပိုလို့ သူ့ဇာတ်ကောင်ကိုနယ်ပယ်အစုံနဲ့ ထိတွေ့ဆက်ဆံစေတတ်တာ အားလုံးသိပါတယ်
တခါတခါလည်း နိုင်ငံရပ်ခြား ဟိမဝန္တာအရပ်ဆီမှာ
တခါတရံလည်း လူသူမနီးတဲ့ကျွန်းတကျွန်းမှာ
တခါတခါလည်း ဝိညာဉ်ကမ္ဘာမှာ
အမှန်တော့ဆရာ့ဇာတ်ကောင်တွေက ဇာတ်ရုပ်အသေတွေမို့ ကျင်လည်စရာနယ်ပယ်က အင်မတန်ကျဉ်းပါတယ် ဒါကိုနယ်ပယ်အစုံနဲ့ထိတွေ့နိုင်အောင်ဖန်တီးပေးနိုင်တဲ့ ဆရာ့ရဲ့စိတ်ကူးစေစားနိုင်မှုက သဘောကျစရာ
စိတ္တဇလူသတ်ဇာတ်လမ်းတွေခေတ်ထချိန်မှာလည်း ကာလရဲ့တောင်းဆိုမှုအတိုင်း စိတ္တဇလင်မယားဆိုတဲ့ စာအုပ်လေးရေးဖွဲ့ပြထားတာ တုန်လှုပ်စရာ ထိတ်လန့်စရာ
လူရိုင်းတွေခေတ်စားတော့ တာဇံကားတွေခေတ်စားပြန်တော့လည်း ရုက္ခရာဇာ ဆိုပြီးဇာတ်လမ်းဖွဲ့
ရတနာသိုက်ရှာတာတွေ ပင်လယ်တွင်းရှင်ဖို့ကြိုးစားရတာတွေ ရှေးခေတ်ကမ္ဘာဆီ အချိန်ခရီးသွားရောက်ရှိသွားတာတွေ စုံလို့ပါပဲ
Narnia ဆိုတဲ့ကားက လွန်ခဲ့တဲ့နှစ် ၂၀
၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေး
ထွက်စမှာဆန်းသစ်တဲ့အတွေးအမြင်တွေ ပြသချက်တွေကြောင့် အတော်ပေါက်ခဲ့တယ်လို့ဆိုရမယ်
လူတပိုင်းတိရစ္ဆာန်တပိုင်းပေါင်းစပ်ဖန်တီးထားတဲ့ သတ္တဝါဆန်းတွေကလည်း လှုပ်ရှားပုံအတော်သေသပ်တာ ညက်ညောတာမို့ ကြည့်သူပရိတ်သတ်တို့အဖို့ အတော့်ကို ပဋာသဖြစ်ခဲ့တာပါ
သူ့မူရင်းစာအုပ်ကတော့ ၁၉၅၀ ခုနှစ်လောက်ကတည်းကထွက်ခဲ့ပုံပဲ ကိုယ့်တွေနိုင်ငံလွတ်လပ်ရေးရပြီးစ ၂နှစ်ကာလပေါ့
ဆရာရေးဆွဲထားတဲ့ ထူးဆန်းထွေလာကျွန်းသန္တာ'ဆိုတဲ့စာအုပ်လေးမှာလည်း အဲ့သည်လို သတ္တဝါတွေပါတယ်
အဆိုပါကားကတော့ သဘာဝလွန်နယ်ပယ်ကို အမှတ်တမဲ့ရောက်ရှိသွားပုံမျိုးဖြစ်ပြီး ဆရာ့ဇာတ်လမ်းကတော့ သတ္တဝါဆန်းတွေနဲ့တွေ့ဆုံတာက တမျိုးပါ
ဆေးပညာစမ်းသပ်ဖော်ဆောင်သူ ဆရာဝန်တယောက်ရဲ့ ပညာရပ်ဆိုင်ရာစမ်းသပ်ရာက ဖြစ်ပေါ်လာတာကိုး
ဒီစာအုပ်ကို ၁၉၆၂ က ရေးသားခဲ့တဲ့ ဆရာကြီးဒဂုံရွှေမျှား'ရဲ့ H G wells ရဲ့ ဘာသာပြန်စာအုပ်နဲ့ သီခြားနောက်အုပ်ကို မှီငြမ်းပြုထားပါတယ်လို့ စာအုပ်အစမှာပဲ ဝန်ခံထားပါကြောင်းဗျာ
။
။
စာအုပ်နားထောင်ရန်
https://youtu.be/GPwwrY-OMho?si=UYTYwSaQC0ijtnIV
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment