ဆရာလက်ပံရဲ့ အိပ်တန်း' ကိုခံစားကြည့်ခြင်း
။
ဇာတ်လမ်းလေးကဒီလိုဗျ ငယ်ဖြူရဟန်းတယောက်ရဲ့ မယ်တော်ကြီး
သားရဟန်း လူထွက်မိန်းမယူလို့ တရပ်တကျေးထွက်သွားချိန်မှာ ဖြစ်ပေါ်သမျှစိတ်ခံစားချက်တို့ကို ခံစားပြထားတာ
ပထမတော့ ဖြစ်ရလေခြင်း လုပ်ရက်လေခြင်းဆိုတဲ့ နှမျောတသစိတ်နဲ့ တစုံတရာကို အပြစ်ဆို
နောက် ပြင်နိုင်ခွင့်မရှိတာကိုလက်ခံလို့ မြတ်နိုးရာအတွက်နားစွင့် ပြန်လာနိုးနိုးမျှော်ကိုးနေတဲ့ ဇရာအိုတို့ရဲ့ဘဝတွေ
ဒီလိုနဲ့တနေ့မှာ အတောင်ညောင်းလို့ အိပ်တန်းဆီဦးလှည့်လာတဲ့ငှက်တွေကို အသိုက်ဟောင်းကြီးကကြိုဆိုမြဲပါဆိုတဲ့ မေတ္တာသဘောလေးနဲ့ အဆုံးသတ်ထားတယ်
ဒီစာအုပ်ကို ဒို့ခေတ် ၂ မှာ ဈရ်ကြီးဖတ်ထားတာနားထောင်စက ချက်ခြင်းပြေးမြင်မိတာက ရွာကအလားတူဖြစ်ရပ်
ကိုယ်တော့ဖြင့် ရဟန်းအရေခြုံလို့ ဟိုဘက်ကိုမဖယ်ခွာနိုင် ဒီဘက်ကိုလည်း တပ်မက်နေသူတွေနဲ့စာရင်
ရစ်တွယ်လာတဲ့ရာဂစိတ်ကို မလွန်ဆန်နိုင်ရကောင်းလားလို့ အများက လက်ညှိုးထိုးကြစေအုံး
လှောင်ပြောင်ကြစေအုံး ဒီလိုပြတ်သားသူတွေကို
ပိုသဘောကျတယ်
ပုထုဇဉ်တွေပဲလေ....
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment