သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, September 30, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း #ဘုန်းမြတ်ထင်

 


ဒို့အညာယူကျုချန်နယ်ကိုဖွင့်ကြည့်လိုက်ရင် ထူးခြားတဲ့စာဖတ်ဟန်နဲ့ 

အသံခန့်ခန့်ကြီးတခုကို ကြားမိပါလိမ့်မယ် 

ဝဲပုံအရ ရခိုင်သားကြီးလေများလားလို့လည်းထင်မိတယ်


စနားထောင်မိစက ဘုန်းကြီးများကမ္မဝါဖတ်သလို ပုဒ်ပါဒ်စီရင်ကျနစွာဖတ်သွားတာမို့ စောင့်ကြောင့်ကြီးများထိုင်ဖတ်နေသလားရယ်လို့ မြင်ယောင်မိသည်အထိ 😁


မိန်းကလေးအသံနဲ့များဆိုရင် အစောင်းအချိတ် အမဲ့အရွဲ့ အညုအခရာလေတွေကလည်အပီအပြင်ရယ်


ဟာသစာလေးတွေများဖတ်ရင်လည်း မန္တလေးကလူရွှင်တော်ကြီးများ ပျက်လုံးပျက်သလိုရွှတ်နောက်နောက်လေသံနဲ့မဟုတ် တည်တည်ခန့်ခန့်ကြီးမို့ တစိမ့်စိမ့်တွေးရင်းပြုံးရသည်ကခဏခဏ


ပြောရရင်တော့ သူ့အသံသူ့ဟန်က နားထောင်စမှာထူးဆန်းကောင်းထူးဆန်းနေမယ် တမျိုးဖြစ်ကောင်းဖြစ်နေမယ် နားထောင်ရမချောဘူးရယ်လို့လည်း မှတ်ချက်ပြုကောင်းပြုမိပါလိမ့်မယ်


ဒါပေမယ့်သေသေချာချာနားထောင်မိသွားရင်တော့

သူ့ရဲ့ရိုးသားမူကိုမြင်သွားပါလိမ့်မယ်

သူ့ရဲ့အားထုတ်မှုကို သဘောကျသွားပါလိမ့်မယ်

သူ့ရဲ့အသံကိုနှစ်သက်သွားပါလိမ့်မယ်လို့ အာမခံပါတယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆရာမြကေတု ၊ နန်းဓလေ့မှတ်တမ်းများ

စာအုပ် https://t.me/kolone1/1363 YouTube မှာ နားစဉ်ရန်နှိုပ်ပါ https://youtube.com/playlist?list=PLxmy23otcxOwQzkk_INPkj1kg9DOA1263&si=j...