သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, September 25, 2025

သတ္တိ

 

သတ္တိ

ဂရိဒဿနဆရာကြီး ဆိုကရေးတီး (sokrates) ကို လူတဦးကမေးတယ်

သတ္တိကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲတဲ့

မင်းကကောဘယ်လိုထင်လဲလို့ပြန်အမေးမှာ


ရန်သူကို မဆုတ်မနစ် အရိုးကြေကြေအရေခမ်းခမ်း နောက်လှည့်မပြေး ဦးလည်မသုန် ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်တတ်ခြင်းကို သတ္တိလို့ယူဆတယ်လို့ဖြေတယ 


ဒီအခါမှာ ဆရာကြီးက အဆမတန်အင်အားများလွန်းတဲ့ရန်သူကို ရင်ဆိုင်ရတယ်ဆိုပါစို့ 

ဆုတ်ရင်းခွာရင်း ပရိယာယ်ဆင်တိုက်ခိုက်သူကိုကြ သူရဲဘောကြောင်သူ သတ္တိမရှိသူလို့ဆိုရမှာလားတဲ့


ဆက်လက်ပြီး ကျွန်တော်တို့အများစုသိကြတဲ့ အင်းအားများပြားတဲ့ ပါရှန်စစ်သည်တွေကို ကြံ့ကြံ့ခံပြီး မဆုတ်တမ်းရင်ဆိုင်အနိုင်ယူခဲ့တာမဟုတ်ဘဲ 


ဆုတ်ရင်းခွာရင်း ပရိယာယ်ဆင်လို့အနိုင်ယူခဲ့တဲ့ စပါတာစစ်သည်တော်တွေအကြောင်းကိုပမာပြုလိုပြောတယ် သူတို့ကိုကော သတ္တိမရှိဘူးလို့ဆိုနိုင်မလားတဲ့


ဗုဒ္ဓစာပေတွေမှာတော့ သတ္တိဆိုတဲ့ဝေါဟာရကို ပြည့်စုံစွာအဓိပ္ပါယ်ဖွင့်နိုင်ဖို့ စကားလုံးနှစ်လုံးတွဲစပ်ဖို့လိုပါတယ်


ပညာနဲ့ဝီရိယပါ


ဝီရိယက သူ့ချည်းသက်သက်ဆိုရင် မျက်ကန်းတစ္ဆေမကြောက်ဆိုသလို မှန်သည်မှားသည်မစဉ်းစားပဲ ကိစ္စတိုင်းမှာ အရမ်းကာရော ထက်သန်‌နေတတ်တယ် 


မှန်သည် လုပ်သင့်သည်ဆိုစေအုံး ပြုနည်းမှာလို့ အကျိုးဆက်မကောင်းတာ အချီးအနှီးဖြစ်ရတာတွေရှိတယ်


ပညာမကပ်တဲ့ဝီရိယက ဆင်ကန်းတောတိုးသလိုပါပဲ ရမ်းသမ်းပြီး ကြံခင်းဆီရောက်ရင်ရောက်သွားမယ် ချောက်ထဲပြုတ်ကျရင်ကျမယ် အကျိုးရလဒ်ကမှန်ဆရခက်တယ်ပေါ့


ထိုအကြောင်းကို ပမာပြဖို့ ရှင်မဟာရဋ္ဌသာရ စပ်ဆိုထားတဲ့လင်္ကာလေးကလည်း သဘောကျစရာ 


“ယောက်ျားမီးရှာ၊ ညဉ့်အခါဝယ်၊ ရောင်ဝါထွန်းမြူး၊ ပိုးစုန်းကြူးကို မူးတူးမင်တင်၊ ကယ်ကောင်းထင်၍ တောက် ရှင်နိုးနိုး၊ မှိုက်ကောက်ရိုးဖြင့် မှုတ်ကြိုးသံပ လက်မချသို့...


“နွားမနို့ရည် ချို၌တည်ဟု၊ ကြိုးရှည်များလျား တိုင် ချည်ထား၍၊ သျှိသျှားပန်းလျ၊ ညှစ်လှည့်ထသို့... ”


သဘောက ပညာမပါတဲ့ ဝီရိယဟာ 

လူပမ်းစိတ်ပမ်းနဲ့အချည်းနှီးဖြစ်တတ်တယ်လို့ ဆိုလိုတာပါ


မြန်မာ့စာပေတွေမှာတော့ 

သတ္တိကို ရဲရင့်တယ်လို့ သုံးမယ်ထင်တယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အဖန် ၅၀၀ ငါးကမ္ဘာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၀)

 အဖန် ၅၀၀ ငါးကမ္ဘာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၀) . ဒီစကားလုံးလေးက ဘယ်လိုပေါ်လာလဲတော့မသိဘူး ဘာသာရေးအဆုံးအမတွေကနေ ဆင့်ကဲထုတ်ယူထားတာမျိုးလို့ယု...