ကိုယ့်ရဲ့ ဘဝဖြစ်စဉ်တလျှောက်လုံးမှာစိုးမိုးခဲ့တာက လွှမ်းမိုးခဲ့တာက ဆားပုလင်းနှင်းမောင်'ပဲ
အရိုးစွဲနေတဲ့ သူရဲကောင်းမျှော်ဝါဒကြောင့်လား လေးစားအားကျရာကို အမွှန်းတင်ချဲ့ကားတတ်တဲ့ လူမှုစရိုက်ကြောင့်များလားတော့မပြောတတ်ဘူး သေချာတော့ သိပ်ကြိုက်ခဲ့တယ် ကြိုက်တယ်ဆိုတာပဲ
ဘယ်လောက်တောင်လဲဆိုရင် အခြားဘယ်စုံထောက်ဝတ္ထုဖတ်ဖတ်ကိုမတိုးတော့တာရယ် နှင်းမောင်'သာဆိုရင်ဆိုတဲ့ နှိုင်းယှဉ်စိတ်နဲ့ စည်းခြားသွားသည်ချည်း ခံစားလို့မရသည်ချည်း
ဒီအစွဲတွေ ဒီစာအုပ်နားထောင်ပြီးမှပဲကျွတ်သွားတယ်
Edit လုပ်ပေးသူကိုလည်း သိပ်သဘောကျတာပဲ ထည့်ထားတဲ့တီးလုံးလေးက ဇာတ်လမ်းလေးနဲ့စိတ်ကိုသွေဖီမသွားအောင်စွဲဆောင်သွားတာ
ဒါကြောင့်အခန်းပြောင်းတီးလုံးတွေရဲ့ အရေးပါပုံနဲ့ အသံပါရုံသက်သက်ထည့်တာလားဆိုတာ သေသေချာချာခံစားကြည့်ဖို့ ဂီတစာဆိုမောင်ကြေမုံက ဆိုခဲ့တာနေမှာ
စာဖတ်သူသိပ်တော်တာပဲ
(ဒီလိုပြောရတော့ ဦးဖိုးလှိုင်ကို ငယ်ကျွန်တယောက်က ချီးကျူးစကားဆိုသလို ဖြစ်သွားမှာလည်းစိုးတယ်)
သူ့ကိုသေသေချာချာသိတာက ခံစားမှုကဲတဲ့စာတွေမှာပါ
ဇာတ်အလျဉ်ကိုဖတ်နေရင်းက ဇာတ်ကောင်နဲ့တသားတည်းဖြစ်လို့ သူ့ဘဝဖြစ်စဉ်လို ငိုရင်းရှိုက်ရင်း လှိုက်ဖိုရင်း ပျော်ရင်း ရွှင်ရင်း တသိမ့်သိမ့်ကြည်နူးရင်း နားထောင်သူတို့ကို သူ့ဘဝ သူ့ဖြစ်စဉ်ကို ပြောပြနေသည့်အလား
ဒီလိုလူက စုံထောက်စာဖတ်မယ်ဆိုတော့ ဘယ်လိုများဖြစ်လေမလဲပေါ့
ဒီစာအုပ်ကိုကိုယ် အရင်ကတည်းကဖတ်ဖူးပါတယ်
သိပ်ကြိုက်လှမဟုတ်ဘူးရယ်
စာဖတ်သူရဲ့သက်ဝင်နိုင်စွမ်းကိုဘယ်လိုရှိမလဲ ဘယ်လိုတင်ဆက်မလဲဆိုတာကိုခံစားချင်လို့နားထောင်တာပါ
မှန်တဲ့အတိုင်းဆိုရရင် ပုဂ္ဂိုလ်စွဲနဲ့ နားထောင်ဖြစ်တယ်ပေါ့ဗျာ
ဆိုခဲ့သလို နှင်းမောင်နဲ့ပိတ်မိနေတဲ့ ကိုယ့်မနောအဆီးအတားကိုဖြိုချပေးလို့
အပြောကျယ်တဲ့ ပင်လယ်ကြီးကို
ပြာလဲ့နေတဲ့ကောင်းကင်ကြီးကိုမြင်သိစေခဲ့တာမို့
ဖတ်ပြသူကို ကြိုက်တယ်ဆိုတာထက်ပိုလို့ သဘောကျတာ ကျေးဇူးတင်စိတ်နဲ့ မြတ်နိုးသွားတာ
ဒီလိုဆိုလိုက်လို့ ဆရာမင်းသိင်္ခ'ကို မကြိုက်တော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော် ခြားနားတဲ့အမြင်နဲ့ နောက်ထပ်စုံထောက်ဇာတ်လမ်းတွေရှိတာကိုလည်း လက်ခံသွားနိုင်တဲ့သဘောပါ
ဆရာမြသန်းတင့်'ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက လက်တွေ့ရုံးဌာနလုပ်ရိုးလုပ်စဉ်တွေနဲ့ ပိုနီးစပ်သလို
မှုခင်းရေးရာစုံစမ်းပုံတွေက ပကတိအနေအထားဖြစ်ရပ်တို့ကိုတည်လို့ ကွင်းစက်ကလေးတွေကနေ တဆင့်ပြီးတဆင့်ချည်းကပ်သွားတာတွေက သိပ်လူသားဆန်သလိုယုတ္တိယုတ္တာကျလှတယ်လို့ ဆိုချင်တာပါ
။
။
အဆိုပါစာအုပ်ကို နွေဦးနရသိန်'ရဲ့ ယူကျုချန်နယ်မှာသွားရောက်နားစဉ်လို့ သံတိုင်နောက်ကရဲဘော်တွေအတွက် ခွန်အားဝေမျှကြရအောင်ဗျ
လူကြီးမင်းတို့ရဲ့ အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်းမမေ့နဲ့အုံးဗျနော
စာဖတ်သူ ဈရ်ကြီး'ရဲ့ ခင်မျ'ဆိုတဲ့ စကားလေးကို စွဲလမ်းမိသွားရင်တော့ စာအုပ်သွားထပ်နိုင်ဖို့ အပေါ်မှာ Tag တွဲပေးထားတယ်ဗျ
သူမကိုယ်တိုင်ထပ်ထားတဲ့ နှစ်အုပ်ရှိထားပြီးမို့ ကံကောင်းရင် တတိယဖြစ်နိုင်တယ် ကိုယ့်လူတို့ 😄
https://youtube.com/playlist?list=PLIFuoBvQac8TRMePvr5U7E7FM_AgAv8TE&si=AfAjJkYEYoe-Etzv
။
။
#အရေးတော်ပုံအောင်တော့မည်
#စ
စ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment