သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, September 24, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း #နိုနို

 

သူမအတွက်ရေးမယ်ကြံတိုင်း စကားလုံးရှာရအင်မတန်ခက်ခဲနေတာနဲ့ လက်ရှောင်နေရင်း နေမိရင်းက ရှေ့လူတွေနဲ့အဆက်ပြတ်သွားတာရယ်


တလုံးစနှစ်လုံးစတွေးမိလိုက် နည်းနည်းရေးမှတ်လိုက် အသေအခြာကျကျနနရေးဖို့စေစားလိုက် ပြောက်သွားလိုက်ဖြစ်ရသည်က ခဏခဏ


ဒီလိုဆိုလိုက်လို့ သူမအသံက သိပ်ထူးခြားနေလို့လားဆိုတော့မဟုတ်ပြန်ပါဘူး ငယ်စဉ်ကတည်းက ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှာကြားဖူးတဲ့အသံမျိုးပါပဲ


ရိုးတယ်

သိပ်ကိုရိုးတယ် 

ဒါကြောင့်ပဲ စကားလုံးရှာမရဖြစ်နေတာနေမှာ


သူမရဲ့အသံကို ခြုံငုံမိစေမယ့် နီးနီးစပ်စပ်ပုံဖော်ပေးနိုင်မယ့် ဝေါဟာရကိုရှာဖွေနေရင်းမှ တမနက် လမ်းလျှောက်ထွက်လာစဉ် လတ်ဆတ်တဲ့ အရုဏ်ဦးလေထုနဲ့အတူ ရနံ့လေးတခု 


တိတိကျကျဆိုရရင် သင်းသင်းပျံ့ပျံ့ရနံ့လေးတခုကို ထိသိမိမှပဲ သူမရဲ့အသံကိုကိုယ်စားပြုနိုင်မယ့် ပုံပမာပြစရာ အဖြေတခုရသွားတယ်


ဒီလောက်နီးနီးစပ်စပ်ရှိရဲ့နဲ့ ဘာ့ကြောင့်မတွေ့ခဲ့ရတာလဲ

မတွေ့မိခဲ့တာလဲလို့လည်း ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်


စံပယ်ပန်း

ဟုတ်တယ် သူမအသံကမြန်မာနိုင်ငံသားတို့အဖို့ ထူးပြီးမခြားနားတဲ့ စံပယ်ပန်းလေးလိုပဲ


ရိုးရိုးလေးပဲ 

တကယ့်ကိုရိုးရိုးလေးပါပဲ

ဒါပေမယ့်သင်းသင်းလေးနဲ့ပျံ့နေတဲ့ရနံ့လေးတခုပေါ့


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အဖန် ၅၀၀ ငါးကမ္ဘာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၀)

 အဖန် ၅၀၀ ငါးကမ္ဘာ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၄၀) . ဒီစကားလုံးလေးက ဘယ်လိုပေါ်လာလဲတော့မသိဘူး ဘာသာရေးအဆုံးအမတွေကနေ ဆင့်ကဲထုတ်ယူထားတာမျိုးလို့ယု...